စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, September 27, 2012

iPhone 5 လား တရားစွဲပစ်လိုက်မယ်


                 ပန်းသီးနဲ့ ဆမ်းဆောင်း တရားစွဲ၊ ဟိုဘက်ကစွဲလိုက် ဒီဘက်က စွဲလိုက်နဲ့ မရိုးနိုင်တဲ့ ဇာတ်လမ်းပေါ့။  ဒါပေမယ့် ထူးထူးခြားခြား ဒီနေ့ သတင်းလေးဖတ်လိုက်ရတော့ တော်တော်လေး ရယ်ချင်သွားတယ်။   ဟောင်ကောင် အခြေစိုက် Goophone ဆိုတဲ့ ဖုန်းကုမ္ပဏီတစ်ခုဟာ apple က အသစ်ထွက်မယ့် iPhone 5 နမူနာကို apple က တရားဝင် မဖြန့်ချီခင်မှာ ရရှိသွားပြီး၊ iPhone 5 အခွံအတိုင်း ပုံတူပွားပြီးတော့ Android os သွင်းပြီး ဈေးကွက်ကို ဖြန့်ချီပြီးနေပါပြီတဲ့။  ဒါ့ကြောင့် apple ကသာ iPhone 5 ကိုဈေးကွက်ထဲကို ဖြန့်မယ်ဆိုရင် သူတို့ ဖုန်းဟာ ဈေးကွက်ထဲကို အရင်ရောက်ပြီးသားဖြစ်တဲ့ အတွက် ပန်းသီးကို ပုံစံတူ ကူးမှု့နဲ့ ပြန်ပြီးတော့ တရားစွဲမယ်လို့ ဆိုပါသတဲ့။  သြော်…. သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒါမျိုးမှ အဟုတ်။  ဘာ… ဘာ… ဘာမှ မပြောလိုတော့ပါဘူး။


Source : (Link)

10 comments:

  1. ဒီကနေ့အချိန်လေးရတုန်း ဘလော့လည်ပါတယ် လည်ရင်လည်သလို လုပ်နေတာတွေ သူစွဲကိုယ်စွဲနဲ့ ခေါင်းနောက်သွားတယ် မောင်အောင်ထွဋ်ရေး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. :)... ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲကဲတွေဖြစ်နေတယ် ကိုအောင်ထွဋ်ရေ..... :)

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  3. တို့ကတော့ ဆမ်ဆောင်းမှ ဆမ်ဆောင်း

    ဘာပန်းသီးမှ မကြိုက်ဘူး :)

    ReplyDelete
  4. စွဲချင်တဲ့သူတွေစွဲပါစေ
    ဈေးကျရင်ဝယ်ဖို့စိတ်ကူးရှိလို့
    သတင်းလေးတွေအတွက်ကျေးဇူးပါရှင်
    ချမ်းမြေ့ပါစေ

    ReplyDelete
  5. တို့ကတော့ Android မှ Android. Apple copy a lot from android. for example notification(copy at ios5), the way of share photo and item(copy at IOS6) and many many.......

    ReplyDelete
  6. Samsung Galaxy Note တခုရလာလို့ ၊
    ကလိနေတာ ဆန်ပြုတ်အိုးတူးသွားတယ်..။
    အဲဒါကြောင့် မနက်စာငတ်သွားလို့ 
    Samaung ကိုတရားစွဲရရင်ကောင်းမလား...
    :P

    ReplyDelete
  7. ကိုအားတောင်ရေ
    ခုခေတ်လူတွေက စီးပွားရေးကိုသမားအာဇီဝနဲ့
    မလုပ်တတ်ကြတော့ဘူးထင်ပါရဲ့လေ

    ReplyDelete
  8. သောက်ကျိုးနည်းး)း) အကြံကောင်းချက်

    ReplyDelete
  9. i phone 6ဘဲစောင့်မယ်

    ReplyDelete
  10. ကိုအောင်ထွဋ်ဘလော.မှာတင်တဲ.ဟာသအကုန်ကြိုက်တယ်

    ReplyDelete