တူဒေးမြန်မာဆိုတာ ဟိုဟာ.. ဒီဟာ သတင်းတွေမဟုတ်။ ဖုန်းကဒ်သာဖြစ်သည်။ ပူသည်... ထုံးစံအတိုင်း စင်ကျားပေါရောက်လျှင် အတော်ပူသည်။ ပူသော်လည်း....စားချင်တာတွေ နှစ်ယောက်သား လျှောက်စားကြရာ ဖက်တီးဘုတ်ဖြစ်လာတော့မည်။ မဒမ်ထွဋ်က ပိုစားသည်၊ ၂ ရက်အတွင်း 2 kg တက်လာသည်ဟုဆိုသည်။ စားလိုက် လေ့ကျင့်ခန်းလုပ်မည်ဟုဆိုကာ လေပန်းလိုက် စားလိုက်နှင့် နှစ်ယောက်လုံး ငါးပူတင်းဖြစ်တော့မည်။ သို့သော်.. စင်ကျားပေါ အစားအစာ စာငတ်သောကြောင့် ရောက်တုန်းလေး အတိုးချစားသည်။ စီလုတ်မှာနေတုန်းကတော့ မြန်မာ အစားအစာတွေလွမ်းလှသည်၊ နာဇီအရမ်းပန်းညက်လွမ်းသည် (ကြက်ကြော်နှင့် ထမင်း)၊ လာဆာ လွမ်းသည်... လွမ်းလွမ်းနှင့် လျှောက်စားသည်။ ခဏလောက်နေလျှင် စီလုတ်အစားအစာတွေ လွမ်းဦးမည်... ပြန်ရောက်လျှင် အတိုးချစားဖြစ်လိမ့်မည်... ပိန်နိုင်ဖွယ်မမြင်။
ပြန်ရောက်တော့ ရွှေပြည်တော်ကို ဖုန်းဆက်ရန် ထုံးစံအတိုင်း ၁၈၁၈ ၀ယ်သည်။ ဆိုင်ကညွှန်းလိုက်သောကြောင့် တူဒေး မြန်မာဆိုသော ဖုန်းကဒ်ကို ၁၀ ပေးပြီး ၀ယ်လိုက်သည်။ ၆၅ မိနစ်ခေါ်လို့ရသည်။ အသံကြည်သည်။ ထွက်စမို့လို့ဖြစ်မည်။ ထို့ကြောင့် တန်သည်။ တန်သောကြောင့် စင်ကျားပေါမှ လူများ စမ်းကြည့်စေလိုသည်။ သို့သော် ခေါ်ပြီးတိုင်း ဖုန်းနံပါတ်တစ်ခုပြန်နှိပ်ကာ လိုင်းပြန်ဖြုတ်ရသည်.. မဟုတ်လျှင် ပိုက်ဆံတွေ ပါသွားမည်။ မည်သို့ပင်ဆိုစေ လောလောဆယ်တော့ အတော် တန်သလို၊ အသုံးတည့်သည်။ ထို့ကြောင့် ဖုန်းကဒ်ကို ဓာတ်ပုံရိုက်ကာ တင်ပေးလိုက်ပါသည်။ နောက် နည်းနည်းကြာလျှင်တော့ ပိန်မသာ လိမ်မသာ အခြား ဖုန်းကဒ်တွေလို ပြန်ဖြစ်ချင် ဖြစ်သွားနိုင်သည်။