စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, April 25, 2012

ကိုယ့်ရည်းစားကို တောဝက်နဲ့ မှားပြီး သေနတ်နဲ့ ပစ်လိုက်တဲ့ ငနဲ

          ဟိုရက်ကပဲ Punk စတိုင်လ် ဆံပင်ထောင် အနီဆိုးလို့ငှက်နဲ့မှားပြီး သေနတ်ပစ်ခံလိုက်ရတဲ့ မမ အကြောင်း တင်ခဲ့သေးတယ်။  ဒီနေ့ ကိုယ့်ရည်းစားကို တောဝက်နဲ့မှားပြီး သေနတ်နဲ့ ပစ်လိုက်တဲ့ ငနဲအကြောင်း ဖတ်မိပြန်တယ်။
          စတီဗန် အီဂန်ဆိုတဲ့ အသက် ၅၂ နှစ်ရှိတဲ့ လူက အမဲလိုက်နေတုန်းမှာ သူ့ရည်းစားဖြစ်သူ အသက် ၅၂ နှစ်ရှိတဲ့ လီဆာ ဆင်မွန်ကို တောဝက်နဲ့မှားပြီး ဒသမ ၃၀ ကယ်လီဘရာ ရိုင်ဖယ်နဲ့ ပစ်လိုက်တာပါ။  ဖြစ်ပုံက အီဂန်တစ်ယောက် သူ့ရည်းစား အမဲလိုက်တဲထဲကနေထွက်သွားတာကို သတိမထားမိပဲ တောထဲမှာ အသံကြားလို့ လှမ်းပစ်လိုက်ပြီးတော့မှ အသံကြားလို့ သွားကြည့်တော့ သူ့ရည်းစားဖြစ်နေတာပါတဲ့။  သေနတ်ဒဏ်ရာ ခြေထောက်မှ ရသွားတဲ့ ရည်းစားဖြစ်သူကို အီဂန်က Halifax Medical Centre ကိုပို့ဆောင်ခဲ့ပါသတဲ့။  သြော်… ရည်းစားဖြစ်သူကိုမှ တောဝက်နဲ့ မှားတယ်လို့ ဆိုလေတော့ ဒါ အကြံအစည် တစ်ခုခုတော့ ရှိရမယ်..

Source : (Link)

9 comments:

  1. တော်ပါသေးရဲ့ ခြေထောက်လောက်ထိသွားတာ။ ဖြစ်မှဖြစ်ရလေနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. လုပ်လိုက်မှဖြင့်...မသေကောင်းမပျောက်ကောင်း

    ReplyDelete
  3. ဒါမျိုးသတင်းတွေ ဆက်တိုက်တင်နေပုံထောက်တော့.. ကိုအောင်ထွဋ်လည်း အကြံအစည် တစ်ခုခုရှိရမယ်.. :D

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  4. အဲတာကြောင့်ပြောတာပေါ့ယုံလို့မရပါဘူးဆိုတာ
    ကြည့်မှာပြီးလုပ်တာလားတစ်ကယ်လုပ်တာလား???????

    ReplyDelete
  5. မယုံဘူး မယုံဘူး မယုံဘူး ချစ်ဦးပျိုသက်လှယ်း))

    ReplyDelete
  6. အင်း....ကျွန်တော်စဉ်းစားကြည့်မိတယ်....ဒီမိန်းမ သေနပ်နဲ့အပစ်ခံရတာကို ဒီလောက်နာကျည်းမယ်မထင်ဘူး...၊
    ဝက်နဲ့မှားတာကိုပဲ တော်တော်နာကျည်းမှာအသေအချာပဲဗျ..........:P ကြည့်ရတာ မဒိုးကန်နဲ့ ကိုရင်များလား
    မသိပါဘူးဗျာ......:))))))

    ReplyDelete
  7. အခု ရိုင်ဖယ် ဘယ်နားဝယ်ရလဲ ကြည့်နေတ်ာလေ.... ပြီးရင် သေနတ်ပစ် သင်တန်းတက်မယ်......

    ReplyDelete
  8. တော်သေးတာပေါ့
    ခြေထောက်ပဲ မှန်သွားလို့

    (ဒုတိယ)

    ReplyDelete
  9. ဟဟ ကညိမ်းပြောမှပဲ ကိုရင်နဲ့ဒိုးကန်ကိုမြင်ယောင်ပြီး
    ဖြစ်နိုင်တယ်လို့တွေးမိတယ်း)း)

    ReplyDelete