စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, November 24, 2011

Death of ‘thank you’


          ဗြိတိန် The Telegraph ကတော့ အင်္ဂလန်က လူတွေဟာ “ကျေးဇူးတင်ပါတယ်” လို့ ပြောတဲ့ အရေအတွက် နည်းလာပါတယ်တဲ့။  ဒီအစား တစ်ခြားစကားလုံးတွေဖြစ်တဲ့ “ta” တို့ “cool” တို့ သုံးသလို ပြင်သစ်စကားလုံးဖြစ်တဲ့ “merci” ကိုလည်း အစားထိုး သုံးစွဲလာပါသတဲ့။
          တစ်နှစ်ကို လူတစ်ယောက်ဟာ “Thank You” ဆိုတဲ့ စကားလုံးကို အကြိမ် ၅၀၀၀ လောက်ပြောကြပါတယ်၊ ဒါဟာ တစ်ရက်ကို ပျမ်းမျှ ၁၃ ကြိမ် ၁၄ ကြိမ်လောက်တော့ “Thank You” ဆိုတဲ့ စကားကို သုံးသေးတယ်ဆိုတဲ့ သဘောပေါ့လေ။  ဒါဟာ လူမှု့ဆက်ဆံရေးစကားတွေ တိုးတက်လာတဲ့ ရလဒ်လို့လည်း ဆိုပါတယ်။  ၄၀%ကတော့ သူတို့ဟာ သူ့တို့အရင် မျိုးဆက်တွေထက်စာရင်တော့ “Thank You” လို့ ပြောတာ ပိုနည်းသွားတယ်လို့ ယုံကြည်ကြပါတယ်။
          ဗြိတိန်က အစားအသောက် ကွန်ရက် ရုပ်သံလိုင်းက “ကျေးဇူးတင်ပါတယ် နေ့” ဆိုပြီး အစီအစဉ်လုပ်တာတောင်မှာ အယောက် ၂၀ မှာ ၁ ယောက်က “nice one” လို့ ပြောသွားပါသေးတယ်တဲ့။  ဒါပေမယ့် ၉၅% ကတော့ ယဉ်ကျေးသိမ်မွေ့မှု့ဟာ အရေးကြီးတယ်လို့ ယုံကြည်ကြပြီး ၁၀% သော ဗြိတိန်လူမျိုးများကတော့ သူတို့ကို သူတို့ ယဉ်ကျေးတယ်လို့ ယုံကြည့်ကြပါတယ်တဲ့။

          ဒီရုပ်သံအစီအစဉ်ရဲ့ စီမံရေးဒါရိုက်တာ Nick Thorogood ကတော့ “ဒီအစီအစဉ်လေးဟာ လူတွေကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလုံးလေးကို ပြောစေဖို့ ရည်ရွယ်တာပါ။  ဒါဟာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်။  လူတွေကတော့ သူတို့အတွက် အကောင်းဆုံးထင်တဲ့လမ်းကို ရွေးချယ်တာပဲလေ။  ဒီတော့ အစီအစဉ်လေးကို လူတွေကို ဘာအကျိုးသက်ရောက်မှု့ဖြစ်စေလည်းဆိုတာကို စောင့်ကြည့်ဖို့ကတော့ အတော်လေးစိတ်ဝင်စားစရာ ကောင်းပါတယ်” လို့ ဆိုသွားပါတယ်။
          အင်း… ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ “ကျေးဇူးတင်ပါတယ် ခင်ဗျာ/ရှင်” ဆိုတဲ့ စကားလုံးကို နေရာတစ်ကာမှာ ကြားနေရတုန်းလို့ ထင်ပါတယ်။  “ရှဲ့ရှဲ့ နီ” လို့ပြောင်းမပြောသေးတာတော့ ၀မ်းသာစရာတယ်ကောင်းလှတယ်ခင်ဗျ။


Source : (Link)

5 comments:

  1. ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ခြင်းဟာ မင်္ဂလာတစ်ပါးမဟုတ်လားး)

    ReplyDelete
  2. thank youနဲ့ကျေးဇူးတင်ပါတယ်ဆိုတာတောင်
    ကျေးဇူးတင်ပါတယ်လို့ ပြောရတာကော နားထောင်ရတာကော အရမ်းနှစ်သက်ပါတယ်

    ReplyDelete
  3. ခေတ်ရေစီးကြောင်းပြောင်းလဲလာမှုကတော့ Thank You နေရာမှာတောင် အစားထိုး စကားလုံးတွေပေါ်လာတယ်နော်။ ဗဟုသုတလေးအဖြစ်ရသွားတယ် မောင်အောင်ထွဋ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ရှဲရှဲ့နီ...
    အဲလေ အဆုံးသတ်ဖတ်ပြီး ယောင်သွားလို့း)
    ကျေးဇူးစကားက ဘာဘဲဖြစ်ဖြစ် ကြားရသူအတွက် စိတ်ချမ်းသာစေတာပါဘဲလေ.နော်
    တစ်ချို့များကျတော့ ကျေးဇူးတင်ရကောင်းမှန်း မသိတတ်တာထက်စာရင် စိတ်ထဲက မပါဘဲ ကျေးဇူးစကားဆိုတာဟာလည်း ကောင်းတာပါဘဲ

    ReplyDelete
  5. “ရှဲ့ရှဲ့ နီ” ကိုလဲ တော်တော်များများသုံးနေကြတယ်
    ကြာရင်တော့ တောကလူတွေပဲ ကျေးဇူးတင်တယ်ဆိုတဲ့စကားကိုပြောကြမယ်ထင်တယ်
    ခင်ခင်မင်မင် jasmine

    ReplyDelete