စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, April 5, 2012

Jade Buddha Temple သို့ တစ်ခေါက်


           ပြီးခဲ့တဲ့ တင်္နလာနေ့က ရှန်ဟိုင်း Jade Buddha Temple ကို သွားဖြစ်သည်။  အလုပ်က တစ်ပတ်လုံး မနားရသည်မှာ ဘယ်နှစ်ပတ်ရှိနေပြီမသိ။  ဒီရက်ပိုင်း ဘလော့ဂ်ဖက်ကို သိပ်မလှည့်ဖြစ်။  အလုပ် တော်တော်ရှုပ်နေသည်။ ပရောဂျက် အစပိုင်းဆိုတော့ ဖိဖိစီးစီ လုပ်နိုင်မှ နောက်ပိုင်းတွင် ပြသနာနည်းနိုင်သည်။  မဟုတ်လျှင် နောက်ပိုင်း လိုက်ရှင်းရသည်က ပိုပင်ပန်းသည်။  သင်္ဘောကျင်းကလည်း ကြီးသောကြောင့် block တွေကို အခု ၂၀ လောက် တစ်ပြိုင်ထဲ စနေသည်။   ဒီဇိုင်းပုံတွေက အချောသေချာ မသပ်သေး။  အောက်က ဆောက်တဲ့လူတွေက ဆောက်နေကြသည်။  ပြင်စရာတွေ တစ်ထွေးကြီး။  တင်္နလာနေ့ကတော့ မသွားလျှင် မရောက်ဖြစ်တော့မှာဖြစ်သောကြောင့် သွားဖြစ်သည်။
          Jade Buddha Temple မှာ အထင်ကရ ကျောက်စိမ်း ဗုဒ္ဓဆင်းတုတော် ၂ ဆူရှိသည်။  မြန်မာနိုင်ငံမှ တင်သွင်းထားခြင်းဖြစ်သောကြောင့် မြန်မာ့လက်ရာ ဖူးတွေ့ရသည်။  တစ်ဆူမှာ တင်ပြင်ခွေ ဆင်းတုဖြစ်ပြီး ကျောက်စိမ်းအသားကို ဆင်းတုတော်ထုလုပ်ပူဇော်ထားခြင်းဖြစ်ပြီး ၁၈၈၂ သီပေါမင်း ပါတော်မမူခင်ကထဲက ရှန်ဟိုင်းသို့ တင်ပို့ထားခြင်းဖြစ်သည်။  ၁.၉၅ မီတာမြင့်ပြီး ၃ တန်လေးသည်။  ထူးထူးခြားခြား ထိုဆင်းတုတော်ကို ဓာတ်ပုံ ရိုက်ခွင့်မပေးခြေ။ ထို့ကြောင့် ဓာတ်ပုံသာ ၀ယ်ယူပူဇော်ရသည်။  ကျန်သော နေရာတွေကိုတော့ လွတ်လွတ်လပ်လပ် ဓာတ်ပုံရိုက်လို့ရသည်။  နောက်ထပ် ကျောက်စိမ်းဆင်းတုတော် တစ်ဆူမှာ လျှောင်းတော်မူ ဖြစ်ပြီး မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပုံကို သရုပ်ဖော်ထားသည်။  ကျန်သော ဆင်းတုများမှာ မဟာရာဃဟန်များ ပြည့်နှက်နေသောကြောင့် သိပ်နားမလည်လှချေ။  ၀င်ကြေး တစ်ယောက် ယွမ် ၃၀ ဖြစ်သည်။



ဓာတ်ပုံ ရိုက်ခွင့်မပေးသောကြောင့် ဓာတ်ပုံကို ဓာတ်ပုံထပ်ရိုက်လိုက်သည်.... မြန်မာ့မှု့လက်ရာ စစ်စစ်ကို ဖူးတွေ့ရသည်။  ထို ဆင်းတုတော်ကို ဖူးလိုလျှင် ယွမ် ၁၀ ပေးပြီး လက်မှတ် တစ်စောင် ထပ်ဝယ်ရသည်။

အောက်ထပ်မှတော့ မြတ်စွာဘုရား ပရိတ်နိဗ္ဗာန် စံဝင်ပုံ လျှောင်းတော်မူ ဆင်းတုတော်ကို ဖူးတွေ့ရသည်။

           Jade Buddha Temple မှာက မဟာရာဃ ဘုရားကျောင်းဖြစ်သောကြောင့် အခြားသော ကွမ်ရင်မယ်တော်၊ အန်းကုန်းဘိုးဘိုးကြီ၊ ကွမ်းရီ၊ ကျိကုန်း၊ နှင့် အခြားသော အရိမေတ္တေယ ဖြစ်တော်မူမည့် ဘုရားလောင်း ဆင်းတုတော်များရှိသည်။  သိပ်တော့ နားမလည်လှ
ကွမ်ရင်မယ်တော်.... ရုပ်ထုဖြစ်သည်။  အဆ်ုပါ ရုပ်ထုမှာ ကျောင်းဆောင်သပ်သပ်ဖြင့် တည်ဆောက်ထားသည်။

ရုပ်ထုဘေးတစ်ဖက် တစ်ချက်တွင် အခြားသော ရုပ်ထုများလည်း ရှိသည် ဘာမှန်းတော့ မသိ

ဒီရုပ်ထုတွေကတော့ အရိမေတ္တေယ ဘုရားလောင်းတော်များ ဖြစ်သည်ဟု ယူဆရသည် 




အန်းကုန်းဘိုးဘိုးကြီး ရုပ်ထုဖြစ်သည်... ရောင်းသည်. ဈေးကတော့ မမှတ်မိတော့ ယွမ် တစ်သောင်းကျော်ကျော်ဖြစ်မည်ထင်သည်။

တစ်ခြား ၀ယ်ချင်တာရှိရင် ကျောင်းဝန်းထဲမှာ အမှတ်တရ လက်ဆောင်ရောင်းသည်။
ကျောင်းခေါင်မိုးပေါ်မှာ ၀ူခုန်း၊ ပါဂျဲတို့ရဲ့ အနောက်အရပ်သို့ ခရီးသွားခြင်း သရုပ်ဖော် တွေ့လို့ အနီးကပ်ဆွဲရိုက်လာခြင်းဖြစ်သည်။

တော်တော် လက်ရာမြောက်သည်

ဘုရားကျောင်းထဲမှာ ငါးစာကျွေးလို့ရသည်

မီပုံးလေးတွေ ချိတ်ထားသည်မှာ အတော့်ကို လှသည်

သူတို့ ဆုတောင်းလျှင် မီးရှို့ကြသည်..


ဒါက တရုတ်နှစ်ကူးမှာ ရွှေစက္ကူ၊ ငွေစက္ကူများ မီးရှို့သလို ဒီဘုရားကျောင်းထဲမှာတော့ ငွေရောင် စက္ကူတွေကို ရှေးခေတ်သုံး ငွေတုံးပုံစံလေးတွေဖြစ်အောင် ကိုယ်တိုင်ခေါက်ပြီးတော့မှ မီးရှို့ကြသည်။

ဒီ သစ်သားပန်းပုမှာလည်း အတော်လက်ရာမြောက်လှသည်

ခေါင်းလောင်းပေါ်မှ နဂါးရုပ်ဖြစ်သည်... 

ဒါကတော့ ကျောင်းဝန်းထဲက လက်ရန်းတစ်ခုဖြစ်သည်... ကျောင်းဝန်းလေးမှာ အတော့်ကို နေချင့်စဖွယ်ပင်ဖြစ်သည်.

မီးဆွဲကလည်း အတော်လေး လှသောကြောင့် တစ်ပုံတော့ ရိုက်လိုက်ဖြစ်သည်

ဘုရားကျောင်း အပြင်ဖက်မှာတော့ ဟောဒီလို ဆိုင်လေးတွေရှိသည်.. လိုချင်တာ ၀ယ်သွားရုံပင်







                      ဘုရားဖူးပြီးတော့ People Square ဖက် နန်ကျင်းလမ်းပေါ်က People's Park ကို ခဏသွားဖြစ်သည်... နွေဦးမို့လို့ထင်သည် အပင်တွေမှာလည်း ပန်းလေးတွေဝေလို့.... ဘာမှန်းမသိ လွမ်းလှသည်...


ဒါက နန်ကျင်းလမ်းတစ်လျှောက် ဟိုဟိုဒီဒီ လျှောက်ရိုက်ထားခြင်းသာ ဖြစ်သည်... People's Park ကိုမူကား မရောက်သေး









ဒါကတော့ ပန်းခြံထဲက ရုပ်ထုဖြစ်သည်။  ကွန်မြူနစ် လူငယ် ကိုယ်စားပြုသည် ထင်၏

ဘိုးဘိုး၊ ဘွားဘွားတွေကတော့ အေးရာအေးကြောင်း ပန်းခြံထဲမှာ ဖဲရိုက်နေကြသည်။  

           ပန်းခြံထဲဝင်ရုံသာ ခဏ၀င်ဖြစ်သည်။  မဟေသီက သူ့ကို နွေဦးအတွက် ရှော့ပင်၊ ရှော့ပင် ဆိုသောကြောင့် လိုက် ရှော့ပင်ရသည်။  ထိုနေ့အတွက် ထိုမျှသာ ဖြစ်သည်။

6 comments:

  1. ကိုအောင်ထွဋ်နဲ့အတူတူ အလည်လိုက်ခဲ့တယ်... :D

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  2. မိုက်တယ်
    ရောက်ဖူးချင်လိုက်တာ..
    ဓာတ်ပုံတွေလည်း ကောင်းတယ်
    တတိုင်းမွှေး ပန်းလေးတွေ လှလိုက်တာ
    အပင်အောက်ရောက်တော့ အနံ့မရဘူးလား..
    အဲဒီပန်းကို အနံ့မွှေး မမွှေး သိချင်နေတား)

    ReplyDelete
  3. ကိုယ်တိုင်အလည်လိုက်ခဲ့ရသလို ရောက်ခဲ့သလိုပါလား
    ကျေးဇူးပါ
    ပို့စ်တပုဒ်ရေးထားတယ် ရယ်စရာအဖြစ်

    ReplyDelete
  4. မြန်မာပြည်ကဘုရားကို မြန်မာပြည်သားက ပိုက်ဆံပေးပြီးဖူးရတာတော့ 
    ရင်ထဲမကောင်းဘူး...
    ပြီးတော့ ဘုရားရှိခိုးရတာလည်း လွတ်လွတ်လပ်လပ်မရှိဘူး...
    ကျွန်တော်သွားဖူးခဲ့ တုံးက...
    တရုတ်မဟာယာနတွေဝတ်ပြုတဲ့ သစ်သားခုံ (ဖုံ) ကလေးချထားတယ်ဗျာ...
    နောက်ဘူတာနာမည်မမှတ်မိတော့ တဲ့ မြေအောက်ဘူတာထွက်ပေါက်ရှေ့ 
    တည့် တည့် ကတရုတ်ဘုံကျောင်းထဲမှာမြန်မာပြည်ကကျောက်ဆင်းတု
    တော်ကြီးတစ်ဆူလည်းဖူးခဲ့ ရတယ်...
    ဆင်းတုအောက်ခြေမှာရေးထားတာတော့ ဦးတော်တော် ( ကျောက်ထုဆရာ ) တဲ့ ဗျာ...

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. ဘုရားတွေ အစုံလိုက်ဖူးပြီးသွားရင်တော့..
    အေးရာအေးကြောင်း ပန်ခြံထဲမှာ ဖဲသွားရိုက်လိုက်
    ချင်သေးတယ်ဗျာ..း)



    (ဒုတိယ)

    ReplyDelete