စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, June 27, 2012

သြော်.. ဆိုင်းဘုတ် ဆိုင်းဘုတ်

ဂူဂဲလ်မှာ တွေ့သမျှ ဆိုင်းဘုတ်လေးတွေ တင်ပေးလိုက်ပါတယ်။  ရယ်မော ပျော်ရွှင်နိုင်ကြပါစေသောဝ်...    မူရင်း ဓာတ်ပုံ ရိုက်သူတွေကိုတော့ ဒီနေရာကနေပဲ ခရက်ဒစ်ပေးပါရစေခင်ဗျာ။  ဘယ်သူတွေရိုက်လို့ ဘယ်သူတွေက တင်ပြီး ဘယ်လိုများ ပြန့်ပွားသွားလည်းဆိုတာ မသိတဲ့အတွက်.. မူရင်း ဓာတ်ပုံပိုင်ရှင်တွေကို အထူးပဲ ကျေးဇူးတင်ကြောင်းပါ။


ဒါကိုကြည့်လို့ ဒါကိုမြင်... ဒါသာလျှင် ဖြစ်ရော့သတည်း

အင်း... လွဲလွဲလေးလည်းကောင်းတာပဲလေ.. တစ်ခါတစ်လေတော့


အရှင်းဆုံးနဲ့ အထိရောက်ဆုံး.. "အတ္တာဟိ အတ္တနောနာထော".. လို့ ဘုရားရှင်က ဟောတော်မူခဲ့တဲ့ အတိုင်း ဘေးတွေ့ရင်တော့ ကိုယ်အားကိုယ်ကိုး ကိုလွတ်ရာကိုပြေးပေတော့

အသံကြောင့် ဖားသေ... စကားလုံးကြောင့် ဒုက္ခရောက်ရတယ်... ရှေ့နေတွေကတော့ စကားလှလှပြောရင် အမှု့နိုင်သကိုး။  အမှန်တရားဟာ တစ်ခါတစ်လေတော့ စကားလုံးလှလှတွေအောက်မှာ အနိုင်ကျင့်ခံရလေရဲ့....

ပြည့်ကျိုးဆောင်မယ့် ပြည့်ဝန်ထမ်းတွေ ရှေ့နားမှာ ရှိသတဲ့... 

ဒါမျိုးကတော့ ကျွန်တော့်အကြိုက်၊ အခါ ၂၀ လောက်ကို ဖြတ်ကူးလိုက်ဦးမှာ....

ဒီလိုဆိုင်းဘုတ်မျိုးမြင်လို့ကတော့ ဓာတ်ပုံရိုက်ပြီး မန်နေဂျာကို နေ့လည်မှ ပြတယ်.. အဟုတ်...

အီးသူခိုးတို့ သတိထားကြကုန်လော့...  အသံထွက်ထွက် မထွက်ထွက်.. နံတာက နံတာဘဲ...

ဘယ်လို ဘာသာပြန်ရမှန်းတောင် မသိတော့ဘူး... ကွကိုယ်ပဲ ဘာသာပြန်ကြပါကုန်လော့.. ကိုရွှေတရုတ်တို့ ရဲ့ ဘာသာပြန်ချက်ကတော့ အံမခန်းပါဗျာ

4 comments:

  1. ဖြစ်တတ်ပါတယ် မောင်အောင်ထွဋ်ရေး)))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဟက်ဟက်အီးသခိုးတဲ့း))

    ReplyDelete
  3. ဟီး.. ရီရတယ်

    ReplyDelete