တစ်ခါတစ်လေကျတော့ တွေးမိတယ်.. ငါ ဘာတွေလုပ်နေတာလဲ
ဆိုပြီးတော့ပေါ့။ တစ်နေ့ အလုပ်ဘယ်လောက်ပြီးခဲ့သလဲ? ရှေ့ဆက်လုပ်ဖို့ ဘယ်လောက်ကျန်သေးလဲ။ ဒီအခါကတော့ Work Smarter, Not Harder ဆိုတဲ့ ဟာလေးကို
ပြေးပြေးမြင်မိတယ်။ ရုံးဝန်ထမ်းတစ်ယောက်ဆိုပါတော့
ကွန်ပျူတာဖွင့်လိုက်လို့ Desktop ပေါ်မှာတင်ထားတဲ့ ဖိုင်တွေမှာ ဒီနေ့ အပြီးလုပ်ရမယ့်
အလုပ်တွေအတွက် ဘယ်နှစ်ဖိုင်ရှိလဲ? ဒီတစ်ပတ် အပြီးလုပ်ရမယ့် ဖိုင်တွေ ဘယ်နှစ်ဖိုင်ရှိလဲ?
ဒါမှမဟုတ် အသုံးမ၀င်တဲ့ ဖိုင်တွေ များနေပြီးတော့ တွေ့ကရာကို ပြီးအောင် လျှောက်လုပ်နေလား?
လူဝင်ဆန့်နိုင်မှု့
ခက်တာက ကျွန်တော်တို့ရဲ့ ကြက်တူရွေးပညာရေးစနစ်။ ကျောင်းမှာသင်တော့လည်း သင်ရိုးကုန်ကို အလွတ်ကျက်
အလွတ်ဖြေခဲ့တယ်။ တက္ကသိုလ်မှာလည်း သင်ရိုးတွေ
တော်တော်များများကို အလွတ်ကျက်ရအောင်ကျက်ပြီးတော့ ဖြေခဲ့တယ်။ ဒါပေမယ့် ဒီလိုဖြတ်သန်းခဲ့တဲ့ သူငယ်တန်းကနေ တက္ကသိုလ်ပြီးတဲ့
၁၅ နှစ်လောက်ကာလမှာ လူမှု့ရေးအသိုင်းအ၀ိုင်းနဲ့ အတော့်ကို ကင်းကွာနေအောင် တက္ကသိုလ်တွေထဲမှာ
တက္ကသိုလ်ကျောင်းသားဘ၀က ပျောက်ဆုံးနေတယ်။ ဆိုလိုတာက
ကျွန်တော်တို့ လူငယ်တော်တော်များများဟာ လူမှု့ရေးပိုင်းမှာ တော်တော့်ကို အားနည်းနေတယ်လို့
မြင်မိတယ်။ ကျွန်တော်ပြောချင်တာက သူငယ်ချင်းတွေနဲ့
လက်ဖက်ရည်ဆိုင်ထိုင်တဲ့ ယဉ်ကျေးမှု့မျိုးကို ဆိုလိုတာမဟုတ်ဘူး။ လူကြီးတွေနဲ့ စကားပြောတဲ့အခါမှာ ပိုင်ပိုင်နိုင်နိုင်နဲ့
ချက်ကျ လက်ကျ ပြောနိုင်တဲ့ လူမှု့ရေးစွမ်းရည် ကျွန်တော်တို့မှာ တော်တော့်ကို အားနည်းတယ်။ ကျွန်တော်တို့ မန်နေဂျာတွေနဲ့ စကားပြောတဲ့အခါမှာ
Yes, No နှစ်လုံးလောက်သာ ပါးစပ်က ထွက်နိုင်လောက်အောင် အာစေးမိနေသလိုဖြစ်နေတတ်တယ်။ တက္ကသိုလ်ကျောင်းသာဘ၀မှာ စာအုပ်ထဲတွေမှာ မရနိုင်တဲ့
အပေါင်းအသင်း ၀င်ဆန့်တဲ့ အသိုက်အ၀န်းမျိုးကို ကျွန်တော်တို့ မရခဲ့ကြဘူး။ တစ်နည်းအားဖြင့် Social ကျတယ်လို့ တစ်ချို့တွေ ခေါ်တဲ့ဟာပေါ့။ ဆိုရှယ်ကျတယ်ဆိုတာက ဘီယာဆိုင်သွား၊ ဘီယာသောက်၊ မိန်းကလေးတွေနဲ့
အီစီကလီလုပ်၊ ဆေးချ ဒါမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ အပေါင်းအသင်း ၀င်ဆန့်နိုင်အောင် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်သွေး
ထက်မြက်လာအောင် ပြောနိုင်တဲ့ စွမ်းရည်ကို ဆိုလိုတာပါ။ ဒါမျိုးတွေဟာ ကျောင်းသင်ခန်းစာတွေထဲမှာ ရှာလို့မတွေ့နိုင်တဲ့
အရာတွေပါ။ ဒါပေမယ့် ဒီအရည်အသွေးဟာ ကိုယ့်ရည်မှန်းချက်အောင်မြင်ရေးအတွက်
အရမ်းကို အထောက်အကူဖြစ်စေမယ့် ကိုယ်ရည်ကိုယ်သွေးပါပဲ။ ဟားဗတ်၊ ပရင်စတန်၊ အောက်စ်စဖိုဒ့်နဲ့ ပါတ်သတ်တဲ့
ဝတ္တုတွေဖတ်လိုက်တိုင်း သူတို့ တက္ကသိုလ်တွေဟာ တက္ကသိုလ်ကျောင်းသားတွေကို မိတ္တဗလ စွမ်းရည်ထက်မြက်လာအောင်၊
လူဝင်ဆန့်လာအောင် တော်တော့်ကို ပြုစုပျိုးထောင်ပေးကြတာပဲလို့ စိတ်ထဲမှာတွေးမိတယ်။