စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, September 17, 2012

ဂူဂဲလ်ရဲ့ ဂူဂဲလ် မျက်မှန်


             သိပ္ပံကားတွေထဲမှာ မျက်မှန်တစ်လက်ထဲမှာ မက်ဆေ့ခ်ျရိုက်၊ သတင်းအချက်အလက်တွေ ပြ၊ ဖုန်းခေါ် ဒါတွေကို တွေ့ဖူးမှာပေါ့။  ခုတော့ အပြင်မှာ နောက်နှစ်လောက်ဆိုရင် မြင်ရနိုင်ဖွယ်ရှိလာပါပြီ။  Google ကတော့ သူ့ရဲ့ proto type ဂူဂဲလ်မျက်မှန်ကို အိုင်ဖုန်း ၅ မထုတ်ခင် တစ်ရက်က ဖက်ရှင်ရှိုးတစ်ခုမှာ ထုတ်ပြသွားပါတယ်။  ဒီ မျက်မှန်မှာ ဘာပါမလဲ?  မျက်မှန်ကိုင်းထဲမှာ memory, processor, camera, speaker and micro phone, bluetooth and wi-fi antenna စတာတွေ ပါဝင်ပါမတဲ့။  မျက်မှန်ရဲ့ ညာဘက်ထောင့်အပေါ်နားလေးမှာ screen သေးသေးလေးပါဝင်ပါတယ်။ ဒီမျက်မှန် တပ်ထားလိုက်ရင် cellular radio ကနေတစ်ဆင့် အွန်လိုင်းချိတ်ပြီးရင် wireless နဲ့ ကိုယ့်ရဲ့ဖုန်းကိုချိတ်၊ ဒီလိုဆိုရင် ဟန်းဖုန်းတွေလိုပဲ ဖုန်းဆက်လို့ရမယ်၊ မက်ဆေ့ခ်ျပို့လို့ရမယ်၊ GPS နဲ့သွားချင်တဲ့ နေရာကို ရှာလို့ရမယ်၊ ဓာတ်ပုံရိုက်ပြီးတော့ ချက်ချင်း Google+ မှာ ရှဲလို့ရမယ်၊ face to face video call ပါမယ်။  ဒီတော့ မျက်မှန်တစ်လက်တပ်လိုက်ရင် ကွန်ပျူတာ အသေးလေးတစ်လုံး ကိုယ့်ရှေ့ရောက်နေသလိုပဲ…. ဘာခလုပ်မှ နှိပ်စရာမလို၊ voice command အသံနဲ့ ထိန်း။  ဟုတ်တော့ ဟုတ်နေတာပဲ။  ဟောဒီက YouTube Video မှာ ဒီမျက်မှန် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ကြည့်နိုင်ပါတယ်။


          အဲ ဒါပေမယ့် ကိုယ်တွေလို ငပိသံနဲ့ဆိုရင်တော့ သိပ်မဟန်ဘူးထင်တင်ဘဲ။  နောက်တစ်ခု ဒီမျက်မှန်ကြီး တပ်၊  ဖုန်းလာတော့ ဖုန်းကို ခပ်တည်တည်နဲ့ဖြေ၊  video call မှာ သူငယ်ချင်းနဲ့ ရယ်စရာတွေ့တော့ ရယ်၊  ခေါ်ချင်တဲ့ နံပါတ်ကို ပါးစပ်ကနေပြော၊ ဟိုမျက်မှန်က ခေါ်ပေး။  အဲ့ဒီလူနဲ့ စကားတွေပြော။  ကိုယ်ဟာကိုယ်တော့ ဟုတ်နေပေမယ့် ဘေးက ကြည့်နေတဲ့ လူအတွက်ကတော့ အာ… ဒီ ပြား ၉၀ ကောင်ကတော့ ဂေါက်တောက်တောက်နဲ့ တစ်ယောက်ထဲ စကားတွေပြောလိုက်၊ ရယ်လိုက်နဲ့ ဆိုပြီး ထင်ကြမှာ။  ပြီးတော့ ကိုယ့်ဟာကိုယ် ဘက်စ်စကားစီးရင်း ရယ်စရာတွေ့လို့ရယ်တာကို ရှေ့မှာထိုင်နေတဲ့ ကောင်မလေးက သူ့ကို ပြောင်ပြပါတယ်ဆိုပြီး ရဲတိုင်တာတို့၊  ပါးရိုက်သွားတာတို့ လုပ်လိုက်ရင်လဲ ဒုက္ခ။
          နောက်ပြီးတော့ ကင်မရာက မျက်မှန်မှာ တပ်ပြီးသားဆိုတော့ ကိုယ်တွေ့သမျှ ရိုက်ချင်သမျှကို ပါးစပ်ကနေ အမိန့်ပေးပြီး ရိုက်ချင်တိုင်း ရိုက်လို့ရလာတော့ အရင်ဖုန်းတွေလိုမျိုး လက်ကကိုင်ပြီး ဓာတ်ပုံရိုက်စရာမလိုတော့ဘူး။  Privacy အတွက်ကတော့ တော်တော်လေး ကသိကအောက်ရောက်မယ့်ကိစ္စ။  ဒီမျက်မှန်တပ်ထားတဲ့ ကောင်ကြီး ကိုယ့်ရှေ့လာထိုင်နေရင် ကိုယ့်ပုဆိုး အောက်စလွတ်မလွတ်ကို သေသေချာချာလိုက်ကြည့်ရမလိုဖြစ်နေပြီ။  ဈေးကတော့ မသေးဘူး၊ ဒေါ်လာ ၁၅၀၀ ၀န်းကျင်လောက်ရှိမယ်လို့ မှန်းထားပါသတဲ့။  မည်သို့ပင်ဆိုစေကာမူ….  Project glass ဘယ်တော့ တစ်ကယ်ထွက်လာမလဲဆိုတာကို စောင့်ကြည့်ကြပါစို့ရယ်။

Source : (Link 1, Link 2, Link 3)

3 comments:

  1. ကောင်းလိုက်တာ။
    ဈေးတော့ကြီးတယ်နော်။

    ReplyDelete
  2. အဲဒီမျက်မှန် လိုချင်တယ်ဗျို့

    ReplyDelete
  3. ဈေးကိုဖတ်လိုက်တာနဲ့တင် လုံလောက်သွားပြီ မောင်အောင်ထွဋ်ရေ ဟိဟိ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete