စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Saturday, January 7, 2012
တနေ့တာ
မပစ်ပစ်က ၂၀၁၂ အတွက် တစ်နေ့တာဆိုပြီး တက်ဂ် ချလိုက်တော့ ကျွန်တော့် တစ်နေ့တာလေးကို
 သူ့ပုံစံလေးအတိုင်း ပြန်ရေးလိုက်ပါတယ်။  ၂၀၁၂ ကတော့ ကျွန်တော့်အတွက် လောလောဆယ် 
ပျင်းစရာ အတော်ကောင်းသော နှစ် အစပိုင်းဖြစ်နေပါတယ်။  ဒီကြားထဲ ခုဒီနှစ်မှာ သင်္ဘောအသစ် 
၂စီးဆောက်နေတဲ့ သင်္ဘောကျင်းကလည်း Heavy Industry ဆိုတဲ့ဟာကြီးဖြစ်နေတော့ တစ်နေရာနဲ့ 
တစ်နေရာကို အနည်းဆုံး ၁၅ မိနစ်လောက် လျှောက်သွားနေရပါတယ်။  အလုပ်ကတော့
 ပြောပလောက်အောင် မများပေမယ့် ခြေတိုတာရယ်၊ ဟိုတယ်ထဲမှာ ပိတ်မိနေတာရယ်ကြောင့် 
ပရုတ်လုံးလို လုံးပါးပါးနိုင်တဲ့ နှစ်ဖြစ်နေပါတယ်။
အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
    Alarm မည်နေတဲ့ ဖုန်းကို ဂြိုလ်ကြည့်ကြည့်ပြီး ပိတ်ပါတယ်။  မိန်းမကို နှိုးပါတယ်။
မနက်စာကို  ဘယ်လိုအစားအစာ  စားရတာကြိုက်ပါသလဲ
     လက်ဖက်ရည် ပုံမှန် လေးတစ်ခွက်ရယ်၊ ပဲနံလေးတစ်ပွဲလောက်စားပြီး သူငယ်ချင်းတွေနဲ့
 လေပန်းရတာကို ကြိုက်ပ။
လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့   မနက်စာ...
    ခုတော့ မနက်တိုင်း  ၆နာရီခွဲမှာ ဟိုတယ်က စားသောက်ဆိုင်ဖွင့်တော့ အဲဒီအချိန်သွား ၁၅ 
မိနစ်လောက်စောင့်ရတဲ့ ဂျုံနဲ့ပြောင်းဖူးဆံ ကျိုထားတဲ့ခွက်တစ်ခွက်ရယ် ကော်ဖီတစ်ခွက်ရယ်ကို ၂ 
မိနစ်အတွင်းအအေးခံ ၃မိနစ်အတွင်းပြီးအောင်သောက် ၆နာရီ ၅၀ လာကြိုတဲ့ ကားဆီကို 
ဒရောသောပါးပြေးပြီး အလုပ်တက်နေရပါ၏။
နေ့လည်စာကို   ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
       အိမ်မှာ ငပိဖျော်ကောင်းကောင်းလေးနဲ့ တို့စရာ အစုံလေးနဲ့ အရည်သောက်လေးနဲ့ စားချင်သပေါ့။
အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
အလုပ်မှာကော်ဖီ  ဘယ်နှစ်ခွက်  သောက်ပါသလဲ
   မသောက်ပါ
ညနေစာကိုဘယ်မှာစားတတ်ပါလဲ
    ညစာကတော့ အမြဲတမ်း ဟိုတယ်က စားသောက်ဆိုင်မှာ ပါရမီထူးချွန်သော ဘာချက်ချက်ဘယ်လိုမှ 
စားမကောင်းသော စားဖိုမှုး၏ လက်ရာကို သည်းခံကာ မြိုချ စားသောက်နေရပါကြောင်း။
ညနေစာစားရင်းနဲ့  အများဆုံးစဉ်းစားဖြစ်တတ်တဲ့  အကြောင်းအရာ
    ဟင်း…… ဘာအရသာကြီးမှန်းမသိဘူးကို တလုပ်စားပြီးတိုင်း တစ်ခါစဉ်းစားမိပါတယ်။
အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
   အေးဒယ်… အေးလိုက်ဒါ…. ဂတ်… ဂတ်… ဂတ်……  သြော်.. ဘ၀ ဘ၀ ဘ၀….
အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
   ဟိုတယ်ပြန်ရောက်ရင်တော့ ချစ်သော မိန်းမရဲ့ နဖူးလေးကို ဖွဖွလေး အနမ်းလက်ဆောင်ပေးပါတယ်။
ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
   မသောက်ပါ….
ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
   အရင်ဆုံး Alarm ပြန်စစ်ပါတယ်။  နောက်တော့ ဘုရားရှိခိုး… ပြီးရင် အိပ်…
အိပ်မပျော်တဲ့ညတွေမှာ  ဘာလုပ်သလဲ
  ခေါင်းအုံးနဲ့ ခေါင်းနဲ့ထိတာနဲ့ Alarm ပြန်မြည်မှ နိုးတော့တယ်။
တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး     စိတ်အားငယ်တဲ့အခါမျိုးတွေမှာ  ဘာလုပ်တတ်သလဲ
   အဲ့ဒီလိုကြီးတော့ မဖြစ်ဖူးဘူး။  စိတ်ညစ်လာရင် လုပ်နေကျ အလုပ်ထဲကို ပိုပြီး အာရုံစိုက်လိုက်တယ်…
အပြင်သွားတဲ့အခါ  အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
   ဟိုတယ် ကဒ်၊  ပိုက်ဆံအိတ်၊ ပက်စပို့၊ ဖုန်း၊ လက်အိတ်၊ ခေါင်းစွပ်။
မိသားစုဝင်တွေထဲမှာ   အချစ်ရဆုံးသောလူ
  အမေ
သူစိမ်းတွေအထဲမှာ   မိမိအယုံကြည်ရဆုံးသူ
   ရှု့မငြီးသော ချစ်ဇနီး
အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
   အွမ်… လောလောဆယ်တော့ အလုပ်တူတူလုပ်နေတဲ့ တရုတ်တစ်ယောက်ပဲရှိတယ်။  သူ့ပဲ 
ခင်ရဦးမှာပေါ့။
ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
    ဘာကြိုက်လို့ကြိုက်မှန်း မသိပါ။
လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
   အဲ့ဒါလည်း ဘာကြိုက်လို့ကြိုက်မှန်းကို မသိ။ 
ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို   နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
  ရှု့မငြီးသော ချစ်ဇနီး။
အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
   တရုတ်နှစ်သစ်ကူး မြန်မြန်ရောက်ပါစေ…. ဒါမှ အလုပ်နားပြီး ဟို ဟို ဒီ ဒီ ခြေ သရမ်းလို့ရမှာ…..
9 comments:
  1. ပျော်ရွှင်စရာဘ၀လေးပါပဲ နှစ်ကူးမြန်မြန်ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် လွင်ပြင်လဲ မြန်မြန်ရောက်စေချင်တယ် ဒါမှ အန်ဖတ်လေး ဘာလေးရမှာလေ ဟိ
    ReplyDelete
  2. များမှာ တရုတ်ရည်စား တော်မိလို့ တရုတ်တူလေးကို အန်ပေါင်းပေးရတာ နှစ်တိုင်း နှစ်တိုင်း .....(ချစ်ဖို့တော့ ကောင်းသား ဒေါ်လေး ဘာမှ မပူနဲ့ ဒီဦးလေးမကြိုက်ရင် နောက်ထပ်ဦးလေးတွေ အများကြီးရှိသေးတယ်တဲ့ :D :D ) တရုတ်နှစ်ကူးမှာ အန်ပေါင်းတွေ များကြီးရပြီ ခွင့်ရက်ရှည်ရပါစေ
    ReplyDelete
  3. ဝက်ပုံးတဲ့..တူတူပဲ..တားလည်းစားချင်တယ်. တူများလို မွမွပေးစရာမရှိတော့ ဖက်ခေါင်းအုံးကိုပဲ မွမွရတော့ပေါ့။
    ReplyDelete
  4. ဘာကြိုက်လို့ ကြိုက်မှန်းမသိတဲ့ ကောင်းလိုက်တာ
    ReplyDelete
  5. ဝက်ပုံး.....ဟုတ်လား.....ဝက်သားကိုပုံးလိုက်များဝယ်စားချင်တာလား..ကိုအား
    ထောင်ရဲ့....:P စတာ...။ဒီတနင်္ဂနွေတောင် ဝက်ပုန်းချက်စားမလား စဉ်းစားနေ
    တာဗျ....လာစားလှည့်ဗျာ....:D
    ReplyDelete
  6. ရိုးရိုးလေးနဲ့ရေးထားတဲ့အကိုရဲ့တနေ့တာလေးလာဖတ်နေတာပါခင်ဗျ
    ReplyDelete
  7. စားမကောင်းတာကို စားမကောင်းဘူးတွေးမှတော့ ပိုဆိုးတော့မှာပေါ့ ကိုAH ရယ် :P
    ReplyDelete
  8. တဂ်ပို့စ်လေးကို ရိုးစင်းစွာနဲ့ ပုံဖော်ထားတယ်ပေါ့...
    ReplyDelete
  9. သြော်ဝက်သားကိုတောင်ပုံးစားချင်တယ်ဆိုတော့ ဂျီလဲပုံးချင်ပုံးနေမှာလေ
    ဂျီမေးကိုပြောပါတယ် ကိုအားထောင်ရယ်
    ဘာကိစ္စ ဘဲလိုအော်ရတာဒုန်း ဂတ် ဂတ် ဂတ်လို့
    ခင်မင်လျှက်
    မဒိုးကန်
    ReplyDelete