စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, June 25, 2012

ဘောပွဲကိုက်လို့ သေသွားသတဲ့


                ယူရို ၂၀၁၂ ဘောလုံးပွဲဆိုတာက ၄ နှစ်မှ တစ်ကြိမ် ကြုံရတာကလား....  လူ့သက်တမ်းကို အနှစ် ၇၀ လောက်နဲ့တွက်လိုက်ဦး။  အသက် ၁၅ နှစ်လောက်အထိက ဘောလုံးပွဲဆိုတာ သေသေချာချာ သိတာမဟုတ်။  ဟော.. အသက် ၆၀ ကျော်သွားပြန်ရင်လည်း ဘောလုံးပွဲက ကြည့်ရတာ မျက်စိက မှုန်မှုန်နဲ့ဆိုတော့ ကြည့်လို့ကောင်းမယ်မထင်။  ဒီတော့ လူ့သက်တမ်း ၇၀ ဆိုရင် ၄၅ နှစ်လောက်ပဲ ဘောလုံးပွဲကို ကောင်းကောင်းအားပေးလို့ရသကိုး။  ဒီကြားထဲ ယူရိုပွဲက ၄ နှစ်တစ်ကြိမ်ဆိုတော့ သက်တမ်းတစ်လျှောက်လုံးမှာ ၁၁ ကြိမ်လောက်သာ ကြည့်ခွင့်ရှိလေတော့ ဘောလုံးဝါသနာရှင်တွေကတော့ ဘောကိုခုံမင်တယ်... ဘောကို ရူးသွပ်တယ်၊ ဘောကို အားပေးကြတယ်။  ခက်တာက ယူရိုပွဲဆိုတာကလည်း ဥရောပအချိန်နဲ့ ကျင်းပလေတော့ အာရှက ဘောလုံးချစ်သူတွေကတော့ သန်းခေါင်ကျော်လည်း ထအားပေးရတာပဲလေ..
               ဟူနန်ပြည်နယ်၊ ချန်ရှားမြို့က ကိုရွှေတရုတ်ဆိုရင် ယူရိုလာသမျှပွဲတွေ မလွတ်တမ်းအား ၁၁ ညတိုင်တိုင် အားပေးရင်းနဲ့ သူ့အိမ်ကလေးမှာ သေဆုံးသွားပါသတဲ့။  အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ ထိုဘောချစ်သူဟာ အင်္ဂလန်နဲ့ ပြင်သစ်အသင်းကို ခုံမင်စွာအားပေးသူဖြစ်ပါသတဲ့။  ခမျာမှာတော့ အီတလီနဲ့ အိုင်ယာလန်ပွဲကို ဘားမှာ အရက်တွေ တော်တော်သောက်ပြီး ကြည့်ခဲ့တယ်လို့ဆိုပါတယ်။ ကြည့်အပြီးနောက်တစ်နေ့မှာပဲ သူ့အိမ်မှာ သေဆုံးသွားပါသတဲ့။ ဟူနန်ပြည်နယ်ဆေးရုံက ဆရာဝန်ကတော့ ဒီလိုသေဆုံးရတဲ့ အကြောင်းတရားကတော့ အိပ်ရေးပျက်တာများလွန်းပြီးတော့ ကိုယ်ခံစွမ်းအား မရှိတော့လို့ဖြစ်တယ်လို့ ဆိုပါတယ်။  နောက်တစ်ချက်ကတော့ အရက်တွေသောက်ပြီးပြီးချင်း ရေကို အလျှင်အမြန်ချိုးတတ်လို့ပါတဲ့။  ဒီအတွက် သူ့ခန္ဓာကိုယ်ထဲက သကြားဓာတ်တွေဟာ အလျှင်အမြန် ကျဆင်းသွားပြီးတော့ ဦးနှောက်ထဲကို သွေးမရောက်တော့လို့လို့ ဆိုပါတယ်။  
              ပြီးခဲ့တဲ့ ၆ နှစ်တုန်းကလည်း ကမ္ဘာ့ဖလားကို အားပေးရင်းနဲ့ အသက် ၂၄ နှစ်ရှိတဲ့ကောင်လေးတစ်ယောက်ဟာ ဘား မှာတင် သေသွားဖူးပါသတဲ့။  ကဲ... ဘောလုံးကို ရူးသွပ်သူများ ကြည့်လည်းကြည့်၊ သောက်လည်းသောက်၊ ၀၀ လေးလည်းအိပ်၊ မအိပ်ခင် ရေမချိုးကြနဲ့ပေါ့ဗျာ။  ကဲ... ယူရိုပွဲလေး ဆက်ကြည့်လိုက်ကြစို့လားဗျာ။

Source: (Link)

5 comments:

  1. လွယ်အိတ်June 25, 2012 at 8:54 AM

    အင်း.. ညက ဘီယာလေးနည်းနည်းသောက်၊ ဘောပွဲမလာခင် ရေချိုးပြီး၊ ဘောပွဲထိုင်ကြည့်လိုက်သေးတယ်။ သတိထားမှ။ တော်ကြာ အောင်ထွဋ် Post မှာ ငါ့အကြောင်းပါလာနေဦးမယ်။ :P

    ReplyDelete
  2. ထူးဆန်းပါပေ့ကိုယ်တော်တို့ရယ်း)

    ReplyDelete
  3. တခြားမပြောနဲ့ တစ်နေ့က U22ပွဲ ကြည့်တာ
    ဗမာက ဖိလစ်ပိုင်ကို ၅း၁နဲ့နိုင်တော့
    အအော်ကောင်းလိုက်တာ လည်ချောင်းတာနာတယ်။
    အသက်ဘေးနဲ့အဝေးကြီးဆိုပေမယ့် နောင်ဆို သတိထားမှ..:D

    ReplyDelete
  4. ဘောလုံးဆိုလို့ ကမ္ဘာ့ဖလားပဲ စိတ်ဝင်စားတယ် ။မှတ်မှတ်ရရရှိနေတာ ဒီကမ္ဘာ့ဖလားပွဲပြီးတဲ့နေ့မှာ
    ကိုယ့်အဖွားဆုံးသွားတာကိုပဲ ။ လူကြီးရောဂါနဲ့ပါ ။တခြားနေ့ဆိုရင်မှတ်မိမှာ မဟုတ်ဘူး ။အဲသည်နေ့ မို့လို့ မှတ်မိနေတာ :-)

    ReplyDelete
  5. ဘောပွဲတော့မကြည့်ဘူးဗျို့။

    ReplyDelete