ချက်နိုင်ငံသား အနုပညာရှင် ဒေးဗစ် ဆန်နီ (David
Cerny) ကတော့ ၂၀၁၂ ခုနှစ် လန်ဒန်မှာ ကျင်းပမယ့် အိုလံပစ်အတွက် ထူးထူးခြားခြား ဖန်တီးလိုက်တာကတော့
ဒိုက်ထိုးမယ့် ဘက်စ်ကားပါတဲ့။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့
အဆိုပါကားကို စတင်စမ်းသပ်နိုင်ခဲ့ပါတယ်။
ဆန်နီဟာ
ဟော်လန်ကနေ အဆိုပါ ဘက်စ်ကားကို ၀ယ်ယူခဲ့ပြီးတော့ ကြီးမားတဲ့ လူသား လက်မောင်းပုံစံ စက်လက်တံကြီးကို
တပ်ဆင်ခဲ့တာပါ။ ဒီ လျှပ်စစ်စွမ်းအားသုံး လက်ကြီးတွေဟာ
အဆိုပါ ဘက်စ်ကားကို မတင်ပြီးတော့ ဘက်စ်ကားဟာ ဒိုက်ထိုးနိုင်မှာဖြစ်ပါတယ်။ ဘက်စ်ကားကြီး ဒိုက်ထိုးတဲ့အချိန်တိုင်းမှလည်း အားတင်ပြီး
ဒိုက်ထိုးတဲ့ အသံထွက်ပေါ်လာမှာဖြစ်ပြီးတော့ ဘက်စ်ကားရဲ့ ပြုတင်းပေါက်တွေမှာလည်း အရုပ်တွေ
ထွက်ပေါ်လာမှာဖြစ်ပါတယ်။
“အားကစားသမားတိုင်းရဲ့
လေ့ကျင့်ခန်းတွေထဲမှာ မပါမဖြစ်ကလည်း ဒိုက်ထိုးခြင်းပဲလေ” လို ဆန်နီက ပြောသွားပါသေးတယ်။
ဆန်နီကတော့ သူ့ရဲ့ ဒိုက်ထိုးတဲ့ ကားကြီးကို London Booster လို့ နာမည်ပေးထားပါတယ်။ သူ့ရဲ့ ဒိုက်ထိုးတဲ့ ကားကြီးကို လောလောဆယ် လန်ဒန်က
Czech Olympic House တည်ရှိရာ Islington မှာ ထားရှိပါတယ်။
အောက်မှာတော့ ဒေးဗစ် ဆန်နီရဲ့ ဘက်စ်ကားကြီး ဘယ်လို ဒိုက်ထိုးလဲဆိုတာကို YouTube ဗီဒီယိုလေးက တစ်ဆင့် ကြည့်နိုင်ပါတယ်။
Picture : (Reuters/Petr Josek)
Picture : (Reuters/Marika Kochiashvili)
Source : (Link)
စီးရဲပါဘူးကြည့်ပြီးကြောက်နေလို့
ReplyDeleteဒိုက်မထိုးဘဲ ဂျွန်းထိုးပြရင် ပို စိတ်ဝင်စားဖို့ကောင်းမယ်။း))
ReplyDeleteမစီးတော့မစီးရဲဘူးစီးရဲတဲ့သူတွေကိုပြောပြဖို့လာစပ်စပ်သွားတယ်နော်
ReplyDeleteဒိုက်ထိုးသလိုသာမောင်းနေရင် ကားထဲကလူတွေ
ReplyDeleteသက်သာမယ်မထင်ဘူး မောင်အောင်ထွဋ်ရေ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
လန်းတယ် အစ်ကိုရေ
ReplyDeleteအမယ်မင်း..ဒင်းက ဒိုက်ထိုးတာ အသံတွေ ဘာတွေ ထွက်လို့ ..စီးရဲဘူး..
ReplyDeleteထူးဆန်းတယ်ရော ဘယ်လို နည်းပညာတွေ သုံးပါလိမ့် တွေးကြည့်တာတောင် လိုက်မမှီဘူး ...
ReplyDeleteကားရဲ့ နောက်မှာ ဟိုက်ဒေါလစ် တစ်ခု ရှိအုံးမယ်ထင်တယ်နော် ... ။ စိတ်ဝင်စားစရာပဲ သွားကြည့်ချင်လိုက်တာ ... ။