စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, July 12, 2012

ကျွန်တော်နှင့် အရှုပ်ထုတ်


          ဘေးကပုံက ဘာမှ မဟုတ်ဘူး… ကွကိုယ်ဟန်းဖုန်းနဲ့ ရိုက်ထားတဲ့ပုံကို သဘောကျလို့ ပြန်တင်ထားတာ။  ဒီပိုစ့်နဲ့ လားလားမျှ မသက်ဆိုင်။  “ရှင်းနေတာတွေကို ရှုပ်အောင်လုပ်။ အဲ.. ပြီးရင် ရှုပ်နေတာတွေကို ပြန်ရှင်း။  အဲ့ဒီလို ပြန်ရှင်းတဲ့ဟာက အရင်ရှင်းတာထက် ပိုရှင်းတယ်” ဆိုတာ ပုတီးကုန်းမောင်စိန်ဝင်း ၀တ္တုထဲမှာလား မသိဘူး ဖတ်ဖူးတယ်။  အခု အတော့်ကို စဉ်းစားရခက်နေတဲ့ ပြဿနာကြီးကို အောင်မြင်စွာဖြေရှင်းလိုက်နိုင်ပြီ။  ရှု့မငြီး  ဒီကိုပြန်လာရင် နှာခေါင်းပိတ်စရာကို မလိုတော့ဘူး။  ဘာပြဿနာလည်းဆိုတော့ ခြေအိတ် ပြဿနာ။  ဒီ ခြေအိတ်ကိစ္စက လူကို တော်တော် ဦးနှောက်စားစေတာ ကလား။  ယုံချင်ယုံ မယုံချင်နေ စီလုတ်ပြည်ကြီးမှာ ခြေအိတ် ၈ စုံကို စင်ကျားပေါ ဒေါ်လာ ၂ ကျပ် (တရုတ်ငွေ ၁၀ ယွမ်)သာ ကျသဗျား။  ဟိုတယ်မှာ ခြေအိတ် တစ်စုံကို လျှောရင် ၄ ယွမ် ယူသဗျား။  အဲ့ဒီတော့ ဒိုဘီပေးပြီး လျှော်မလား၊ ၀ယ်မလား ဆိုတဲ့ ကိစ္စက တော်တော့်ကို စဉ်းစားစရာ ပြဿနာဖြစ်နေသပေါ့။
          ခြေအိတ်ကို လျှော်ဖို့ ဒိုဘီ ပေးလိုက်ရင် တစ်စုံကို ၄ယွမ်လောက် ငါ့ကုမ္ပဏီကြီး နစ်နာသွားမှာပေါ့လေ။  ငါ့ရဲ့ တောင်လိုယာလိုပုံနေတဲ့ ခြေအိတ်ပုံကြီးသာ ဒိုဘီ အပ်လိုက်မယ်ဆိုရင် ယွမ် ၄၀၀ လောက် ငါ့ကုမ္ပဏီကြီး အလဟသ နစ်နာသွားပေမပေါ့လို့ စိတ်ကောင်းလေးက ၀င်ပြန်ရော။  ၈ စုံကို ၀ယ်လိုက်ရင်တော့ ၁၀ ယွမ်သာ ကျပေလိမ့်မယ်ဆိုတဲ့ ခံယူချက်နဲ့ တစ်ပတ်ကို ၁၀ယွမ်ဖိုး ၀ယ်ဝယ်ပြီး ခြေအိတ်တွေ သုံးနေတာ အခုတော့ တဖြည်းဖြည်းနဲ့များလာလေတော့ လေသင့်ရင်ဖြင့် နှာခေါင်းပိတ်ထားရတဲ့ အဖြစ်ကို ရောက်ရော။  

            အဲ့.. လွှတ်ပစ်ဖို့ကျတော့လည်း အကောင်းကြီးဆိုတော့ နှမျောတယ်။  ပြီးတော့ ခြေအိတ်ဖိုးတွေကိုလည်း ကုမ္ပဏီကို ပြန်ပြီး claim ဖို့ကျတော့ ကိုယ့်လိပ်ပြာ ကိုယ်မလုံပြန်။  မကောင်းပါဘူးလေ… သြော်.. ငါ့ ရှုမငြီး ဒီကို ခေါက်တုတ်ခေါက်ပြန်လာဖို့ သူတို့ခမျာ တစ်နှစ်စာ လေယာဉ်လက်မှတ် စင်ကျားပေါ ၁ သောင်းကျော်လောက် အလကားပေးထားတာ ငါသာ ဒီခြေအိတ်ဖိုး စင်ကျားပေါ ၂ ကျပ်၊ ၂ ကျပ် အမြဲတမ်း ပေါင်းထည့်လိုက်ရင် ငါ့ ကုမ္ပဏီကြီး တော်တော့်ကို နစ်နာသွားမယ်။ ငါဒီလို လုပ်လို့မဖြစ်ချေဘူး။ သို့ပေမယ့် လေသင့်တိုင်း ချဉ်စုပ်စုပ်နံက လှိုင်လှိုင်ပြီး ထနေလေတော့ လွှတ်ပစ်ဖို့ကလည်း ခက်ပြန်။ 


          ဒီလိုနဲ့ နောက်ဆုံးမှာ ဆုံးဖြတ်ချက် ချလိုက်တယ်။  ဒီခြေအိတ်တွေကို ကိုယ်တိုင်ပြန်လျှော်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ။  အဲ.. လျှော်ဖို့ကျတော့ လျှော်စရာနေရာက မရှိပြန်ဘူး။  ရေချိုးခန်းထဲမှာ ရှိတာက ဘေစင်ရယ်၊ ရေစိမ်စိမ်ချိုးတဲ့ ရေဇလုံသာရှိသကိုး။  ဘေစင်ကျတော့ မနက်ည၊ မျက်နှာသစ် သွားတိုက်တဲ့ ဘေစင်ကို ခြေအိပ်ထည့်လျှော်လို့တော့ အဆင်မပြေ။  အဲ့ဒီတော့ ရေချိုးဇလုံထဲကို ခြေအိတ် ပထမအသုတ် ပစ်ထည့်လိုက်တယ်။  

အို.. မွှေပျံလှချည့် ရနံလေးတွေကို လှိုင်လှိုင်ထနေတာ။  ဆပ်ပြာများများနဲ့ ပွတ်လိုက်တော့လည်း ပြောင်သွားတာပဲ။ 


ပြီးတော့ ဈေးကနေ ယွမ်၂ ကျပ်တန် ချိတ်တစ်ချိတ်ဝယ်ထားတယ်။  ဟန်းမိတ်၊ ၀ါးနဲ့ လုပ်ထားတာ။  အတော်ကို လက်ရာသေသပ်သဗျား။  အဲ့ဒါနဲ့ ခြေအိတ်ပထမ အသုတ်ကို လျှော်လှန်းထားတယ်။  လှမ်းလိုက်တော့ အတော်လေး နေသာထိုင်သာရှိသွားတယ်။  ခင်ပွန်းကြီး ၁၀ ပါးထဲက နံပါတ် ၉ ခုမြောက်ထဲမှာ ဟိတကရဆိုတာပါသကိုး။  မိမိအပေါ် ကိုယ်၊နှုတ်၊ နှလုံး ဖြင့် ကူညီဖူးသူကို မပြစ်မှားရဘူးဆိုတာလေ.. အဲ့အခု ခြေအိတ်တွေ လျှော်လိုက်တော့ ငါသာ ငရဲပြည်ရောက်ရင် ယမမင်းကြီးစစ်လို့ကတော့ ငါ့ခြေအိတ်တွေ ကိုယ်တိုင်လျှော်ပြီး အလုပ်ရှင်ကို မပြစ်မှားဘူးလို့ ပြောရင် ငရဲမင်းကြီးလည်း တော်တော်သဘောကျမယ်ထင်ပ့ါ။ 

          အဲ့ပြီးတော့ ပြီးခဲ့တဲ့ ဆောင်းထဲက မရှင်းရသေးတဲ့ ဘီဒို။  ရှု့မငြီး ရန်ကုန်ပြန်ဒိုးသွားကထည်းက မရှင်းရသေးတဲ့ဘီဒို။  အထဲမှာ ဆောင်းတွင်းဝတ် အ၀တ်တွေချည်းပဲ။  သူ့အ၀တ်တွေရော၊ ကျွန်တော့်အ၀တ်တွေရော၊ သူ့စာအုပ်တွေရော ပွစာကိုတက်လို့။  အဲ့ဒါတွေ အကုန်လုံး အိတ်ခပ်ကြီးကြီး တစ်လုံးထဲ ထိုးထည့်ရဦးမယ်။  ဒါမှ နွေရာသီအတွက် အ၀တ်တန်းရမှာ။  အလုပ်က မနက် ၆ နာရီထ ည ၇ နာရီလောက်ပြန်ရောက်၊ ရေချိုး၊ ၇ နာရီခွဲလောက် ညစာစား၊ လေပေး ၉ နာရီလောက်မှ အခန်းထဲဝင်၊ ကွန်ပျူတာဖွင့် ကချောက်၊ ကချောက်လုပ်နဲ့ ၁၁ နာရီလောက်လို အိပ်။  စနေရော၊ တနင်္ဂနွေပါ မနားပဲလုပ်နေလိုက်တာ… အခန်းလည်း မရှင်းဖြစ်တာကြာပေါ့။  

ဟိုတယ်ကလူတွေကတော့ သစ္စာရှိပါ့.. ပြန့်ကျဲနေတဲ့ ပစ္စည်းတွေကို မ၊ ဖုန်သုတ်၊ ပြီးရင် ပြန့်ကျဲနေတဲ့အတိုင်း ခြေရာ လက်ရာမပျက် ပြန်စီပြီးတော့ကို ထားခဲ့တာ။  ခုတင်တစ်ခုတော့ သူတို့ အကုန်လုံး ရှင်းပေးတယ်။  
ဘာမှ မရှိတဲ့ ကြွပ်ကြွပ်အိတ်တောင်မှ လွှတ်မပစ်ဘူး၊ အကျအန ဖုန်သုတ်ပြီး အဲ့ဒီ ဘာမှ မရှိတဲ့ ကြွပ်ကြွပ်အိတ်ကို အဲ့ဒီအတိုင်း နေရာမယွင်း ပြန်ထားခဲ့တယ်။ ကောင်းရော....

တရုတ်စာသင်မလို့ ၀ယ်ထားတဲ့စာအုပ်... အကောင်းတစ်လုံးမှမပါဘူး.. ဆဲနည်းပေါင်းစုံပါတယ်.. ဟဲ ဟဲ


          ပြီးခဲ့တဲ့ နှစ်ရက်လောက်က ကျွန်တော့်တို့ အထက်တန်းတုန်းထဲက တူတူတက်ခဲ့တဲ့ ကျွန်တော့် သူငယ်ချင်းမ တစ်ယောက် စောစောစီးစီး ခွဲခွာသွားတယ်။  နှမျောမိတယ်… သူ့မှ ကိုယ့်အား၊ ကိုယ်ကိုး၊ ကိုယ့်ဒူး၊ ကိုယ်ချွန်နဲ့ မိဘကို လုပ်ကျွေးတဲ့ သမီလိမ္မာလေး အစစ်။  သူ လူ့လောကကို ခွဲခွာသွားတော့ အသက် ၃၀ တောင် မပြည်သေးဘူး။  ကျောက်ကပ်က ဒုက္ခပေးသွားတာတဲ့။  အတော်လေး စိတ်မကောင်းဖြစ်မိတယ်။  တစ်ခါတစ်လေကျတော့ လောကကြီးကို မတရားဘူးလို့ တွေးမိတယ်။  ဒီလိုမျိုး လိမ္မာတဲ့လူတွေကျတော့ အကြွေစောလို့။  ဒါပေမယ့် လောကကြီးက သူ့ဟာသူ လည်ပတ်နေတာပဲလေ။  ကိုယ်တွေက အဲ့ဒီ လည်နေတဲ့ အထဲက မုန်ညှင်းစေ့။  အဲ့ဒီတော့ လောကကြီးကို မတရားဘူး သွားပြောလို့ ဘယ်ရမလဲနော့...။  သူဟာသူ လည်နေတာကလည်ပေါ့၊  ကိုယ်တွေလည်း ဇီးဖြူသီး ဇကောထဲထည့်လှမ့်သလို သူလှည့်ရာ ကျွမ်းထိုးမှောက်ခုံ ပါပေါ့…။ ကိုယ်တွေ အလှည့်လဲ ဘယ်တော့မှန်းမသိ။  ဆန့်သောလက် မကွေးခင်၊ ကွေးသောလက် မဆန့်ခင် အချိန်မရွေးသေသွားနိုင်တာပဲ… အဲ.. ဒါပေမယ့် မသေခင် အဲ့ဒီ ချဉ်စုပ်စုပ် ခြေအိတ်တွေတော့ ပြီးအောင် လျှော်သွားဖို့ အရေးကြီးသည်။  မနက်ဖြန် သေ၊ မသေ မသေချာတော့ မနက်ဖြန် မသေခဲ့ရင် မနက်မိုးလင်းလို့ ထလိုက်ရင် ဒီချဉ်စုပ်စုပ် အနံက ထွက်နေဦးမည်။  အဲ့ဒီတော့ မသေခင်လေး ခြေအိတ်တွေ လျှော်လိုက်ဦးမည်။

8 comments:

  1. အို
    ရွံ ထှာ
    နာ့ တိုင်း ပဲ
    အဲ့ ရေချိုးကန်ထဲမှာ
    ခေါင်းနစ်ပြီး အကြာကြီး စိမ်
    မနေနဲ့အုံး တော်ကြာ ခြေဆီ နံတွေ
    စွဲကုန် လိမ့်မယ် အဟတ် အဟတ် :PP

    ReplyDelete
  2. ပေါထှာဗျာ....ဒီမှာတော့ ဆားပုလင်းသိတဲ့အတိုင်းပဲဗျိုး...ခြေအိပ်တစ်စုံ ၅ကျပ်လောက်ပေးဝယ်နေရတာကလား....၊ကျွန်တော်တော့ ဘေစင်ထဲ ထည့်လျှော်
    တာပဲဗျိုး....ဟီး....။ဝါးနဲ့လုပ်ထားတဲ့ချိတ်ကလေးက ချစ်စရာလေးပဲဗျနော်...။ဟိုတယ်ကလူတွေသစ္စာရှိချက်ကတော့ အံပါရောလား..ကြုံဖူးပေါင်ဗျာ....:)))
    ဟိုစာအုပ်ကတော့သိပ်မလိုပါဘူး...၊ဒီမှာက တရုတ်ပေါင်းစုံနဲ့ပေါင်းပြီး ဆဲနည်းပေါင်းစုံတော့တတ်ပါ့ဗျာ....:))))။အိမ်း...သေခြင်းတရားအကြောင်းတော့
    သိပ်မပြောချင်ဘူး...၊တော်ရင်၊လိမ္မာရင်စောစောသေတတ်လို့ သိပ်လည်းမကျိုးစားဘူး၊လိမ်လိမ်မာမာလည်းမနေဘူးဗျ......:P

    ReplyDelete
  3. ကိုကိုမောင်(ပန်းရနံ့)July 12, 2012 at 11:45 PM

    င့ါနှယ်နော်။ မောင်အွတ်ထောင်တို့ လုပ်လိုက်ရင်တော့...
    သူများတကာတွေ ဟင်းချက်နည်းတွေ ခရီးသွားမှတ်တမ်းတွေကို ဓါတ်ပုံနှင့်တကွ ဝေေ၀ဆာဆာ တင်နေချိန်မှာ
    ခြေအိတ်ချက်နည်း.. အဲလေ.. ခြေအိတ်လျှော်နည်းတွေ တင်ပေးရတယ်လို့။း))

    ဒါနဲ့.. မဒမ်အွတ်ထောင် လျှော်ခိုင်းကြည့်ပါလား။ မိန်းမကောင်းမှန်ရင် ယောက်ျားခြေအိတ် လျှော်ပေးတတ်၏ ဆိုလားဘဲ။
    ဒါပေမဲ့ ကြည့်လို့လဲ လုပ်ဦး။ တော်ကြာ ဒီအရင်ပို့စ်ထဲက လူလို ခေါင်းပိန့်ဝင်သွားဦးမယ်။ ဟာ ဟ။

    ReplyDelete
  4. ကောင်းတာပေါ့ ကိုယ်တိုင်လျှော်လိုက်တော့လဲ
    ဟုကြောငြာထဲကလို
    အားလုံး သန့်ပြီးတောက်ပြောင်သွားတာပဲတဲ့

    ReplyDelete
  5. ညစ်ပတ်ထှာ... >.<

    ReplyDelete
  6. ဟိုစာအုပ်ကလေးပို့ ပေးစမ်းပါဗျာ...ဟဲဟဲ...
    ဒါမှမဟုတ်စကန်ဖတ်ပြီးတင်ပေး...

    ReplyDelete