စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, August 6, 2012

Oscar Pistorius သို့ ခြေထောက်မရှိတဲ့ အမြန်ဆုံး အပြေးသမား


            ကျွန်တော်တို့ဘ၀မှာ ခြေထောက်နှစ်ဖက် မရှိတော့ဘူးဆိုရင် ဘယ်လိုခံစားရမလဲ?  ခြေထောက်နှစ်ဖက်မရှိတာနဲ့ အရာရာ ဆုံးရှုံးသွားပြီလား?  ၂၀၁၂ လန်ဒန် အိုလံပစ်မှာတော့ ထူးထူးခြားခြား အပြေးသမားတစ်ယောက်ဟာ တောင်အာဖရိကနိုင်ငံကို ကိုယ်စားပြုပြီးတော့ ၀င်ရောက်လာတယ်။  သူ့မှာ ခြေထောက်နှစ်ဖက်မရှိဘူး။  သူဟာ အထူးတီထွင်ထားတဲ့ သတ္တုစပ် ခြေတုကို အသုံးပြုပြီးတော့ သာမန်ခြေထောက်ပါရှိတဲ့ လူတွေနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။  ၂၀၀၈ ဘေဂျင်းအိုလံပစ်မှာတုန်းကတော့ သူဟာ တောင်အာဖရိကနိုင်ငံကိုယ်စား အိုလံပစ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။  ဒါပေမယ့် သူ့ရဲ့ မဆုတ်မနစ် ဇွဲလုံလတွေကြောင့် ခုတော့ လန်ဒန် ၂၀၁၂မှာ သူ့အိပ်မက်ဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံး အပြေးသမားတွေထဲက တစ်ယောက်အဖြစ် ပြသခွင့်ရဖို့ အကောင်အထည်ပေါ်ခဲ့ပါပြီ။  ပြီးခဲ့တဲ့ သြဂုတ်လေးရက်နေ့တုန်းက ပြိုင်ပွဲဝင်ငါးယောက်နဲ့အတူ မီတာ ၄၀၀ ပြေးပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ဒုတိယနေရာကနေ ပန်းဝင်သွားလို့ ခုဆိုရင် ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရသွားပါပြီ။  သူကတော့ Oscar Pistorius လို့ခေါ်တဲ့ “Blade Runner” ပါပဲ။


          အော်စကာ့ကို ၁၉၈၆ နိုဝင်ဘာ ၂၂ မှာ တောင်အာဖရိကနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။  မွေးရာပါ Fibular hemimelia ရောဂါလို့ခေါ်တဲ့ ခြေဖျံရိုးပါဝင်မလာခဲ့ပါဘူး။  အသက် ၁၁ နှစ်မှာ သူ့ဒူးဆစ်ကနေ ခြေချင်းဝတ်ကြားကို ဖြတ်တောက်ခဲ့ရပါတယ်။  ဒါပေမယ့် ဇွဲမလျှော့တဲ့ အော်စကာဟာ ဘ၀ပေးအခြေကို မမှု့ပဲ ရက်ဘ၊ီ water polo၊ တန်းနစ်စတဲ့ အားကစားတွေကို ကစားခဲ့ပါတယ်။  ၂၀၀၃ခုနှစ်မှာ ရက်ဘီကစားရင်း သူ့ရဲ့ဒူးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့တာကြောင့် ရက်ဘီအားကစားကို စွန့်လွှတ်ခဲ့ရပါတယ်။  ၂၀၀၄ ခုနှစ်မှာတော့ သူဟာ အပြေးတစ်ခုထဲကိုပဲ တစ်စိုက်မတ်မတ် လုပ်ဆောင်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ၂၀၁၂ အိုလံပစ်ကြီးမှာတော့ သူဟာ တောင်အာဖရိက နိုင်ငံကို ကိုယ်စားပြုတဲ့ နိုင်ငံဂုဏ်ဆောင် အပြေးသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။  ကျွန်တော်တို့တွေလည်း ဘ၀မှာ မကြာခဏ ဆုံးရှုံးမှု့တွေနဲ့ ကြုံရပါတယ်။  တစ်ချို့က မွေးရာပါ၊ တစ်ချို့ကတော့ ဘ၀လမ်းကို လျှောက်လှမ်းရင်းနဲ့ပေါ့။  ဒါပေမယ့် ဒီဆုံးရှုံးမှု့ဆိုတဲ့ ဥခွံလေးထဲမှာပဲ ကျွန်တော်တို့ ၀မ်းနည်းနေမယ်၊ ကြေကွဲနေမယ်၊ ဒီဥခွံလေးကို ဖောက်ထွက်ဖို့ မကြိုးစားဘူးဆိုရင် အောင်မြင်မှု့ဆိုတဲ့ အသီးအပွင့်ကို ဘယ်တော့မှ ရရှိမှာမဟုတ်ပါဘူး။  အောက်မှာတော့ အော်စကာရဲ့ သူ့ ဘ၀အစိတ်အပိုင်းလေးကို အင်တာဗျူးထားတဲ့ YoutTube ဗီဒီယိုလေးပါ။





Source : (Wikipedia, Link 1)

4 comments:

  1. ခြေထောက်မရှိပေမဲ့ ဘဝမှာ အကောင်းဆုံးဖြစ်အောင် ကြိုစားအားထုတ်ခဲ့တဲ့ အော်စကာရဲ့ စိတ်ဓာတ်ကို ချီးကျူးပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဒီလူရဲ့ စိတ်ကိုတော့ ချီးကျုးသင့်တဲ့သူတွေထဲထိပ်ဆုံးကထားပေးလိုက်တယ်

    ReplyDelete
  3. တကယ်ကိုဂုဏ်ယူထိုက်တဲ့သူပဲနော်
    ခြေထောက်မရှိတော့လဲဘ၀ကိုအရှုံးမပေးဘူး
    အောင်မြင်စွာရပ်တည်နိုင်တယ်

    ReplyDelete
  4. စိတ်ဓါတ်ကိုတော.လေးစားသွားပြီဗျာ

    ReplyDelete