စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, August 3, 2012

အိုလံပစ်ကြည့်ဖို့ တရုတ်ကနေ လန်ဒန်ကို စက်ဘီးစီးသွားတဲ့ အဖိုး

               အိုလံပစ်ပွဲကြီးကျင်းပတော့ တကမ္ဘာလုံးကလူတွေ ရုပ်မြင်သံကြားကနေ ကြည့်ကြသပေါ့။  ဒါပေမယ့် အိုလံပစ်ပွဲတော်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ချင်တဲ့ ငွေကြေးတတ်နိုင်တဲ့ လူများကျတော့လည်း လန်ဒန်ကို သွားကြည့်ကြတာပေါ့လေ။  တရုတ်နိုင်ငံက လယ်သမား အဖိုးအိုက ချန်ကွမ်းမင် တော့ အင်္ဂလိပ်စကားလည်း မပြောတတ်၊ ငွေကလည်း မတတ်နိုင်၊ သူ့မှာ ရှိတာဆိုလို့ ဘီးသုံးဘီးပါတဲ့ စက်ဘီးလေး တစ်ခုသာပိုင်ပါသတဲ့။ 
          ဒီတော့ အိုလံပစ်ပွဲကို ကြည့်ချင်လှတဲ့ အဖိုးအိုဟာ သူ့ရဲ့ သုံးဘီးစက်ဘီးလေးနဲ့ပဲ လန်ဒန်ကို အရောက်သွားဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။  ဒီလိုနဲ့ ၂၀၁၀ မေလ ၂၃ ရက်နေ့မှာ အဖိုးအိုဟာ သူ့အိမ်ကနေ စတင်ပြီးတော့ ထွက်ခွာခဲ့တာ ဇူလိုင် ၉ ရက်နေ့မှာတော့ လန်ဒန်မြို့ကြီးကို ရောက်ခဲ့ပါသတဲ့။  အဖိုးအိုဟာ ကီလိုမီတာပေါင်း ၆ သောင်းကျော်ကို နိုင်ငံပေါင်း ၁၆ နိုင်ငံကို ကျော်ဖြတ်ပြီးတော့ လန်ဒန်ကို အရောက်လာခဲ့တာပါ။  ခရီးတလျှောက်လုံးမှာ ရေလွှမ်းမှု့တွေ၊ စစ်ပွဲတွေ၊ တောင်တွေ၊ -၃၀ အောက်အထိ အေးနေတဲ့ ရာသီဥတုတွေကို ကြံကြံခံပြီးတော့ ခရီးနှင်ခဲ့ပါသတဲ့။ 
          သူလန်ဒန်ကိုရောက်သာရောက်လာတာ အင်္ဂလိပ်လို တစ်လုံးမှ မပြောတတ်ပါဘူးတဲ့။  တရုတ်လို တစ်လုံးစ နှစ်လုံးစပြောတတ်တဲ့ မစ္စတာ ဘီစတင်နဲ့ တွေ့တော့မှသာ သူကို တရုတ်ပြည်ကမှန်းသိလို့ တရုတ်တန်းကို ခေါ်သွားကာ ဖြစ်ကြောင်းရယ်မှ ကုန်စင် ပြောပြခိုင်းပြီး အဖိုးအိုရဲ့ အဖြစ်အပျက်ကို သိရပါသတဲ့။  အဖိုးအိုကတော့ ပြောပါတယ် “လန်ဒန်မြို့ဟာ လှပတဲ့ မြို့တစ်မြို့ပါပဲတဲ့”

          သူ့ခရီးစဉ်အစကတော့ မလေးရှားနဲ့ ထိုင်းနိုင်ငံဖြစ်ပါသတဲ့။  အဲ့ဒီမှာ အပူချိန်က ၃၈ စဲစီအက်စ်လောက်ရှိတော့ သူဟာ အပူဒဏ်ကို ခံစားရပါတယ်။  ထိုင်းနိုင်ငံရောက်တော့ ရေကြီးမှု့တွေထဲ အဖိုးအိုဟာ ရောယောင်ပါသွားပြန်ပါတယ်။  နောက် အရှေ့တောင်အာရှကနေထွက်ဖို့ မြန်မာနိုင်ငံကို ဗီဇာဝင်ခွင့်လျှောက်တာ ငြင်းပယ်ခံရပါသတဲ့။  ဒါနဲ့ပဲ သူဟာ တိဗက်ကို စက်ဘီးနင်းပြီး ပြန်ခဲ့ပါတယ်။  တိဘက်ရဲ့ မြင့်မားလှတဲ့ မီတာ ၇၀၀၀ ကျော်တဲ့ တောင်တန်းကြီးတွေကို စက်ဘီးနင်းပြီးကျော်ဖြတ်ပြီးတော့ သူဟာ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ပြီးတော့ တူရကီနိုင်ငံကို ရောက်ပါတယ်။  တူရကီကိုရောက်တော့ - ၃၀ လောက်အထိ အေးလှတဲ့ ရာသီဥတုနဲ့ ကြုံရပြန်ပါတယ်။  အဖိုးအိုကတော့ သူဟာ နှင်းတွေထဲမှာ ၄ရက်လောက်ကို နေခဲ့ရပါသတဲ့။  သူဟာ ခရီးစဉ်တစ်လျှောက်လုံး လမ်းတစ်လျှောက်က လူတွေ လှူဒါန်းတာလေးတွေနဲ့ သူ့ကိုယ်သူ အားတင်းပြီးတော့ လန်ဒန်အိုလံပစ်ပွဲတော်ကြီးကို လာခဲ့ပါသတဲ့။  
ခုတော့ အဖိုးအိုဟာ လန်ဒန်အိုလံပစ် ကွင်းကြီးထဲရောက်လို့နေပါပြီ။  သူဟာ ၂၀၀၈ ဘေဂျင်းအိုလံပစ်တုန်းကလည်း သွားကြည့်ခဲ့တာပါပဲ။ ဘေဂျင်းအိုလံပစ်တုန်းက အဖိုးအိုက အိုလံပစ်ပွဲကြီး အစကနေ အဆုံးအထိ အမှိုက်ကောက်ခဲ့ပါသတဲ့။  ပွဲတော်ကြီးကို သန့်ရှင်းစွာဆင်နွှဲနိုင်ဖို့ သူတတ်စွမ်းနိုင်သလောက် နိုင်ငံအကျိုးပြုအဖြစ် ဆေးလိပ်တိုကအစ အိုလံပစ် ကွင်းကြီးနားက အမှိုက်တွေကို သူတတ်နိုင်သလောက် ရှင်းပေးခဲ့တာပါတဲ့။  သူကတော့ အိုလံပစ်ကို ဒီလို အရောက်လာရခြင်းကတော့ တစ်ကမ္ဘာလုံးကို အိုလံပစ်ကို ၀ိုင်းဝန်းအားပေးကြဖို့ ရည်ရွယ်ပါသတဲ့။  ရည်ရွယ်ချက်ကတော့ လူအမျိုးမျိုး ရည်ရွယ်ချက် အထွေထွေ ရှိမှာပေါ့လေ။  ဒါပေမယ့် ဇွဲ ဆိုတဲ့ အရာကို မလျှော့ရင်တော့ တစ်နေ့နေ့မှာ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာကို ရလာမှာပါ။


Source : (Link)

6 comments:

  1. ဒီအဖိုးအိုကိုလဲ ရွှေတံဆိပ်ပေးသင့်ပါတယ်
    တစ်ကယ်အံ့ဘွယ်မို့လို့လေ

    ReplyDelete
  2. တော်ထှာ ဂျာ .......ကျနော် ငယ်ငယ်ကဆို အိမ်ရှေ့မှာကျောင်းးးးးး အိမ်နောက်မှာ ကျူရှင်....အဲဒီ့ကြားထဲမှာ ရအောင်လစ်သေးထှာာာာာာာာာာ :))))

    ReplyDelete
  3. အဖိုးအိုရဲ့ ဇွဲကို ချီးကျူးမိတယ် မောင်အောင်ထွဋ်ရေ။
    ထူးခြားဖြစ်စဉ်မို့ အသိအမှတ်ပြုသင့်တယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. စဉ်းစားလို့မရတာက တရုပ်ကလူကတခါထဲတိဘက်ကိုထွက်ရမှာ
    ဘာလိုထိုင်း၊ မလေးရှားကနေ တိဘက်ကိုဘယ်လိုရောက်သွားလဲဆိုတာစဉ်စားကြည့်ကြပါအုံးဘာသာပြန်တဲလူဘဲတခုခုမှားနေလား

    ReplyDelete
  5. ချီးကျူးပါတယ် အံ့ရော

    ReplyDelete