စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, September 4, 2012

ဘ၀ကို အရှုံးမပေး၊ လက်နှစ်ဖက်မရှိတဲ့ ပန်းချီပညာရှင်


          လူရယ်လို့ ဖြစ်လာရင်တော့ ဘ၀မှာ ပြည့်စုံမှု့ကို လိုလားတောင့် ကြတာပဲ။  ဒါပေမယ့် တစ်ခါတစ်လေကျတော့ မပြည့်စုံမှု့တွေကို ဘ၀ပေး အခြေအနေလို့ ခံယူပြီး အဲ့ဒီခံယူချက်ထဲက ရုန်းထွက်ဖို့ မကြိုးစားကြဘူး။  ဟွမ်ဂိုဖူ ဆိုတဲ့ ပန်းချီဆရာကတော့ သူ့အသက် ၄နှစ်သားမှာ လျှပ်စစ်ဓာတ်လိုက်ပြီးတော့ သူ့ရဲ့ လက်နှစ်ဖက်စလုံးကို ဆုံးရှုံးခဲ့ရတယ်။  ဒါပေမယ့် ဟွမ်ဟာ သူ့ဘ၀ကို အရှုံးမပေးခဲ့ပါဘူး။  လက်နှစ်ဖက်မရှိပေမယ့် သူ့ဘ၀ရဲ့ အိပ်မက်ဖြစ်တဲ့ ပန်းချီဆရာဖြစ်ဖို့ကို ဆက်လက်အသက်သွင်းခဲ့တယ်။  အသက် ၁၂ နှစ်သားအရွယ်ရောက်တော့ သူဟာ ခြေထောက်နဲ့ ပန်းချီဆွဲနိုင်အောင် ကြိုးစားခဲ့တယ်။
          အသက် ၁၈ နှစ်မှာ ဟွမ့် အဖေရဲ့ ကျန်းမာရေးအခြေအနေဟာ အတော့်ကို ဆိုးဝါးခဲ့တယ်။  ဆယ်ကျော်သက်အရွယ် ဟွမ်ဟာ သူ့အဖေဆေးကုသမှု့အတွက် လိုအပ်တဲ့ ငွေကိုရအောင် သူ့ဘ၀ကို တစ်ဆစ်ချိုးပြောင်းလဲခဲ့ရတယ်။  သူ့ပညာရေးကို ရပ်တန့်ခဲ့တယ်၊ မြို့တွေ တစ်မြို့ပြီး တစ်မြို့ကို လျှောက်သွားပြီးတော့ လမ်းဘေးမှာ ပန်းချီဆွဲပြီး လမ်းသွား လမ်းလာတွေကို သူ့ပန်းချီကားတွေ ရောင်းချလို့ ငွေရှာခဲ့ရတယ်။  ဒီလို ခရီးသွားလာရင်းနဲ့ သူဟာ ပါးစပ်မှာ စုပ်တံကိုကိုက်လို့ ပန်းချီဆွဲတတ်လာခဲ့တယ်။ 
          ခုတော့ ဟွမ်ဟာ အသက် ၄၁ နှစ်အရွယ်ရောက်နေပါပြီ။  သူဟာ ချုန်ချင်းပြတိုက်ရဲ့ လက်ထောက် ပြတိုက်မှုးတစ်ယောက်  ဖြစ်နေပါပြီ။  သူ့ရဲ့ လက်ရာမြောက်လှတဲ့ ပန်းချီကားတွေကို ပါးစပ်နဲရောက် ခြေထောက်နှင့်ပါ ရေးဆွဲပြီးတော့ နာမည်ကြီး ပန်းချီဆရာ တစ်ယောက်ဖြစ်နေပါပြီ။  သူ့ဟာ ပန်းချီပညာရပ်အနေနဲ့ရော၊ စိတ်ဓာတ်မြှင့်တင်ရေးအတွက်ပါ ဆုတံဆိပ်ပေါင်းမြောက်များစွာ လက်ခံရရှိခဲ့ပါတယ်။  ဒါ့အပြင် သူ့လိုမျိုး မသန်မစွမ်းလူငယ်လေးတွေကို ပန်းချီဆွဲတတ်လာအောင် မြေတောင်မြှောက်ပေးနေပါတယ်။
          “ဘ၀မှာ ခင်ဗျားတို့အတွက် တံခါးပေါက်တစ်ပေါက် ပိတ်နေတဲ့အခါ တစ်ချိန်ထဲမှာပဲ ခင်ဗျားတို့ဟာ တစ်ခြား တံခါးပေါက်တစ်ပေါက်ကို ဖွင့်လှစ်နိုင်ရမယ်။  တစ်ကယ်တော့ ဘ၀မှာ မတွန်းလှန်နိုင်တဲ့ အခက်အခဲဆိုတာ မရှိဘူးဆိုတာကို မျိုးဆက်သစ်တွေကို ကျွန်တော်က သိစေချင်တာပါ။  အခက်အခဲဆိုတဲ့အရာကို ကျော်လွှားရမယ်၊ ဖြတ်သန်းရမယ်ဆိုတဲ ခံယူချက်ရှိရင် ဘ၀မှာ ဘာအခက်အခဲကိုမှ မှု့စရာမလိုပါဘူး” လို့ ဟွမ်က ဆိုပါတယ်။ 








Source : (Link)

2 comments:

  1. လူတိုင်းကိုယ်စီမှာ ပင်ကိုယ်ထူးချွန်မှုလေးတွေ တစ်ယောက်တစ်မျိုး ရှိကြတယ်ဆိုတာ အမှတ်တမဲ့မို့ စိတ်ဓာတ်ကျတတ်သူတွေရှိနေတယ်။ စိတ်အဟာရလေးစားသုံးသွားတယ် မောင်အောင်ထွဋ်ရေ ကျေးဇူးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဘ၀မှာ ခင်ဗျားတို့အတွက် တံခါးပေါက်တစ်ပေါက် ပိတ်နေတဲ့အခါ တစ်ချိန်ထဲမှာပဲ ခင်ဗျားတို့ဟာ တစ်ခြား တံခါးပေါက်တစ်ပေါက်ကို ဖွင့်လှစ်နိုင်ရမယ်
    ----ဟုတ်တယ် မှန်ပါ့

    ReplyDelete