ကြာခဲ့ပါပြီ။ လွန်ခဲ့သော ၄ နှစ်ကျော်အချိန်ကာလက ကျွန်တော်တို့
အခု ဒီဘလော့ဂ်ကို ဒီလိုတင်၊ ဒီလိုဖတ်လို့ရလာအောင် ဒီကွန်ပျူတာဆိုတဲ့ စက်ကြီးကို ဖန်တီးခဲတဲ့
လူတွေထဲက ရှေးဦးတီထွင်သူကြီး ၂ ယောက်ရဲ့ ရှားရှားပါးပါး ဆွေးနွေးခန်းလေးကို ကြည့်ဖြစ်လို့
ထပ်ပြီးရှဲပေးလိုက်ပါတယ်။
အခန်း ၁ - သတင်းအချက်အလက်နှင့်နည်းပညာပေါ်မူတည်ပြီး သုံးသပ်ချက်များနှင့် သူတို့နှစ်ဦး၏ တစ်ဦးအပေါ်တစ်ဦး လေးစားမှု့များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အခန်း ၂ - အခန်း ၁ မှ အဆက်
အခန်း ၃ - ၁၉၉၇ Apple နှင့် Microsoft တို့အကြား သဘောတူညီမှုကို ဆွေးနွေးခန်းလေးပါ။ ဒီကနေ့ သူတို့ ကုမ္ပဏီ ၂ ခုဟာ ပြိုင်ဖက်ဟုတ်မဟုတ်ဆိုတာလေးရယ်၊ "Get a Mac" ဆိုတဲ့ ကြော်ငြာ၊ iPods, Zunes နဲ့ ဂီတနဲ့သက်ဆိုင်တဲ့ ၀န်ဆောင်မှု့တွေကို ဆွေးနွေးထားတာပါ။
အပိုင်း ၄ - ဘီလ်နဲ့ စတိဗ် တို့နှစ်ယောက် ဘာတွေနဲ့ ပတ်သတ်ပြီးတော့ နောင်တရခဲ့ရတယ်၊ ယနေ့ နည်းပညာရဲ့ အံအားသင့်စရာတွေ၊ နေရာတကာသယ်သွားလို့ရတဲ့ ပစ္စည်းတွေ၊ နောက်ထပ်ငါးနှစ်မှာ ကွန်ပျူတာလောက မှာ ဘာတွေဖြစ်လာမယ်ဆိုတာနဲ့ ပါတ်သတ်ပြီး ထင်မြင်ချက်ကလေးတွေပါ။
အပိုင်း ၅ - အပိုင်း ၄မှ အဆက်
အပိုင်း ၆ - အနာဂါတ်အတွက် နည်းပညာအကြောင်းများ၊ မိုဘိုင်းဖုန်းအကြောင်းများ၊ နောက် ၄င်းတို့နဲ့ ဆက်စပ်တဲ့ မြင်ကွင်း အမျိုးအစားပြောင်းလဲမှု့နဲ့ လွယ်ကူလာမှု့၊ အင်တာနက်အကြောင်း၊ သွက်လက်ပေါ့ပါးလာတဲ့ ကုမ္ပဏီတွေနဲ့ အသစ်ပေါ်လာတဲ့ အဖွဲ့အစည်းလေးတွေ အကြောင်း၊
အပိုင်း ၇ - ဘီလ်ဂိတ် နဲ့ စတိဗ်တို့ Walt and Kara တို့ကို သူတို့ ဖျော်ဖြေရေး လောကကို ၀င်ရောက်လာပုံ၊ ယနေ့ ဟောလီးဝုဒ် ကုမ္ပဏီတွေရဲ့ ပြောင်းလဲလာမှု့တွေ၊ အနာဂတ်ရဲ့ ကွန်ပျတာနဲ့ အသုံးချလုပ်ငန်းတွေ စတာတွေကို ဆွေးနွေးထားတာပါ။
အပိုင်း ၈ - အပိုင်း ၇ မှ အဆက်
အပိုင်း ၉ - သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ သဘောထားလေးတွေကို ဟာသစွက်ပြီးပြောသွားတာပါ
အပိုင်း ၁၀ - အင်တာဗျူးရဲ့ နောက်ဆုံး အခန်းလေးပါ ဘီလ် နဲ့ စတိဗ်တို့ နှစ်ယောက် မေးသမျှ လူတွေရဲ့ မေးခွန်းတွေကို ဖြေသွာတဲ့ အခန်းလေးပါ။
အခန်း ၁၁ - အခန်း ၁၀ မှ အဆက်
Source : (Youtube)
No comments:
Post a Comment