ဒီ ဗီဒီယိုလေးကတော့ တရုတ်နိုင်ငံမှာ ဖြစ်သွားတဲ့ ဖြစ်ရပ်ကလေးပါ။ ကလေးငယ်တစ်ယောက်ကို ထရပ်ကား တစ်စီးကတိုက်၊ နောက်ထပ် ထရပ်ကားတစ်စီးက ထပ်ကြိတ်သွားပါတယ်။ ဖြတ်သွားဖြတ်လာလုပ်သွားတဲ့ လူပေါင်း ၁၈ ယောက်လောက်က မည်သို့မှ မဖြစ်သလို ဒီတိုင်းကို ဖြတ်သွားကြပါတယ်။ နောက်ဆုံး ကျမှ ဆေးရုံရောက်ပြီး အဖေ၊ အမေ တွေ သိသွားတဲ့ အဖြစ်ကလေးပါ။ နှလုံးရောဂါရှိသူများ မကြည့်ကြဖို့ ပြောလိုပါတယ်။
ဒါကို ကြည့်ပြီးတော့ နိုင်ငံတစ်ခု တိုးတက်တယ်ဆိုတာ ဘာကိုကြည့်ပြီး တိုးတက်တယ်လို့ ဆိုလိုတာလည်း ဆိုတဲ့ အတွေးလေးပေါ်လာပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ စား၊ ၀တ်၊ နေ ရေးအချက်သုံးချက်ကို နိုင်ငံတိုင်းက အဓိကအနေနဲ့ နိုင်ငံသားတွေ အတွက် စဉ်းစားကြရပါတယ်။ ၀၀လင်လင်စားရပါပြီ၊ နောက်ဆုံးပေါ် ပစ္စည်းတွေနဲ့အတူ နေထိုင်ခွင့်ရပါပြီ၊ အဆင့်အတန်းမြင့်မြင့် တိုက်ခန်း ကောင်းကောင်းကြီးတွေမှာ၊ ဇိမ်ခံကားကြီးတွေပေါ်မှာ နေနိုင်ပါပြီပဲ ထားပါဦး ကျွန်တော်တို့ဟာ လူ့အသိုင်းအ၀ိုင်းဆိုတဲ့ အရာကို တည်ဆောက်ဖို့ ယဉ်ကျေးမှု့တစ်ခုနဲ့ ကိုးကွယ်မှု့ တစ်ခုရှိသင့်ပါတယ်။ ယဉ်ကျေးမှု့က လူတွေရဲ့ အပြုအမူကို လွှမ်းမိုးနိုင်တာဖြစ်ပြီး ကိုးကွယ် ယုံကြည်မှု့တစ်ခုကတော့ လူတွေရဲ့ စိတ်နှလုံးနူးညံသိမ်မွေ့မှု့ကို လွှမ်းမိုးနိုင်တာဖြစ်ပါတယ်။ လူသားခြင်းစာနာထောက်ထားတယ်ဆိုတာဟာ စာရွက်ပေါ်မှာ ရေးရုံနဲကတော့ လူတွေ ဦးနှောက်ထဲကို ၀င်မလာနိုင်ပါဘူး။ လူတွေရဲ့ နှလုံးသားထဲမှာ၊ ဦးနှောက်ထဲမှာ ပင်ကိုယ် အသိတစ်ခုရှိနေမှ ဖြစ်ပေါ်လာတဲ့ အခြေအနေမှာ သက်ရောက်မှု့တွေရှိလာမှာပါ။

နိုင်ငံတစ်နိုင်ငံဟာ မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ၊ ထိုစနစ်ကြောင့် တိုးတက်လာသည်ဖြစ်စေ၊ အဆိုပါ တိုးတက်မှု့ဟာ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံး ညီမျှစွာ တိုးတက်ဖို့လိုအပ်ပါတယ်။ မိုးပျံတဲ့ အဆောက်အဦးတွေ တည်ဆောက်နိုင်တာဟာ မြို့ပြ တိုးတက်တယ်လို့ မဆိုနိုင်ပါဘူး။ ဒီအဆောက်အဦးတွေ ဘေးမှာ ကွမ်းတတွေးထွေးနေမယ်၊ လမ်းကို ကူးချင်သလိုကူးနေမယ်၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်တဲ့ အလေ့အကျင့်မရှိဘူး၊ နိုင်ငံပိုင် အမှိုက်ပုံးတွေကို ဖျက်ဆီးပစ်တတ်တယ် စတဲ့ အခြေခံ လူ့ကျင့်ဝတ်တွေကို စောင့်ထိန်းရမယ့်စိတ်ဓာတ် မရှိသေးဘူးဆိုရင် ဒါဟာ မြို့ပြ လူနေမှု့ အဆင့်အတန်း တိုးတက်တယ်လို့ မဆိုနိုင်သေးပါဘူး။ စနစ်တစ်ခုကို ကျင့်သုံးတဲ့အခါမှာ ဒီစနစ်ဟာ နိုင်ငံချစ်စိတ်ကို ဖော်ဆောင်နိုင်ဖို့၊ လူသားချင်းစာနာထောက်ထားမှု့ကို ဖော်ဆောင်နိုင်ဖို့၊ စည်းလုံးညီညွှတ်မှု့ကိုဖော်ဆောင်နိုင်ဖို့၊ ကိုယ်ကျင့် စာရိတ္တ ကောင်းမွန်လာအောင် သွတ်သွင်းနိုင်မှု့ ဆိုတဲ့ အချက်ကလေးတွေကလည်း စက်မှု့လက်မှု့၊ လူနေမှု့အဆင့်အတန်း မြှင့်တင်မှု့၊ ကျန်းမာရေး စောင့်ရှောက်မှု့၊ ပညာရေး မြှင့်တင်မှု့ တွေနည်းတူ အရေးကြီးလှပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဒီလိုအဖြစ်အပျက်မျိုးတွေ ကျွန်တော်တို့အဆီမှာလည်း မမြင်တွေ့နိုင်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။
အဓိကကတော့ လူတစ်ဦးချင်းစီရဲ့ တာဝန်ယူတတ်တဲ့ ပင်ကိုယ်စိတ်ဓာတ်ရှိဖို့၊ အထူးသဖြင့် မျိုးဆက်သစ် ကလေးငယ်လေးတွေမှာ ဒီလိုစိတ်ဓာတ်မျိုးရှိလာစေဖို့ အထူးလိုအပ်လှပါတယ်။ တာဝန်ယူတတ်တဲ့စိတ်ဟာ နိုင်ငံတစ်ခုကို ပြောင်းလဲဖို့ ပဓာနကျတဲ့ အခြေခံစိတ်ဓာတ်ဖြစ်ပါတယ်။ မိမိ ကိုယ်မိမိ တာဝန်သိစိတ်ရှိဖို့၊ မိမိ ပတ်ဝန်းကျင်အတွက် တာဝန်သိစိတ်ရှိဖို့၊ မိမိ အလုပ်ပေါ်မှာ တာဝန်သိစိတ်ရှိမှု့ ဒါတွေဟာ လူတစ်ဦးတစ်ယောက်၊ အစုအဖွဲ့မှသည် နိုင်ငံတစ်နိုင်ငံလုံးအပေါ် လွှမ်းမိုးသင့်တဲ့ အချက်တစ်ခုပါ။ အမှိုက်လှည်းသူတစ်ဦးဟာ သူကောက်နေတဲ့ အမှိုက်ကို အစအနမကျန် သူ့အလုပ်တာဝန်သိသိ မိမိပင်ကိုယ်စိတ်ဓာတ်နဲ့ ကောက်ယူနေဖို့ လိုအပ်သလို၊ စာရင်းကိုင်တစ်ယောက်ဟာလည်း မိမိ တွက်ချက်နေတဲ့ စာရင်းအင်းတွေကို တာဝန်သိသိ မခိုမကပ် စစ်ဆေးနေသင့်ပါတယ်။ မန်နေဂျာတစ်ယောက်ဟာလည်း ရုံးခန်းထဲမှာ ချည်းထိုင်နေတာမဟုတ်ဘဲ မိမိရုံးတစ်ခုလုံးမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ မျက်ခြေမပြတ်သင့်ပါဘူး၊ မိမိတို့ ကုန်ပစ္စည်းအရည်အသွေး၊ ဖောက်သည် အသစ်ရှာဖွေမှု့၊ ရောင်းရေးဝယ်တာ တိုးတက်မှု့ ဇယား ဒါတွေအားလုံးကို လည်း သိရှိနေပြီး မိမိတို့ အလုပ်သမားတွေကို ဘယ်လို စိတ်ဓာတ်မြှင့်တင်ပေးဖို့လိုအပ်လဲ၊ သာယာတဲ့ အလုပ်ခွင်တစ်ခု ဖြစ်ပေါ်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေကို ပါ စဉ်းစား သုံးသပ် ပြုမူဖို့လိုအပ်ပါတယ်။ ကဲပြောရင်းပြောရင်း ရှည်လာလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါရစေခင်ဗျာ။

နှလုံးရောဂါတော့ မရှိဘူး
ReplyDeleteဒါပေမဲ့ကြည့်ပြီးတော့ စိတ်ထဲမကောင်းဘူး။ သူတို့တိုက်မိတဲ့ ကလေးကို တိရိစ္ဆာန်တစ်ကောင်လောက်တောင် တန်ဖိုးထားစရာလို့ မမြင်ဖူးထင်ပါတယ်။
တိုက်သွားတဲ့ ကားကလည်း လှည့်တောင်မကြည့်ဘူးနော်။
ကျန်တဲ့ဖြတ်သွားဖြတ်လာလူတွေကလည်း နေနိုင်လိုက်တာ။
ဒါလေးကိုကြည့်ပြီး လူတွေရဲ့ ဥပက္ခာပြုနိုင်တဲ့စိတ်ကို အံ့သြမိတယ်။ ကလေးက ၂ခေါက်တောင် ကြိတ်ခံလိုက်ရတယ်။ စောစောက တိုက်တဲ့ကားသာ တာဝန်သိမယ်ဆိုရင် နောက်တစ်ကြိမ်ထပ်တိုက်ခံရဖို့မရှိဘူးနော်။
ဒီလိုစိတ်ဓါတ်တွေနဲ့ လူတွေ နေတဲ့နေရာဟာ ဘယ်လောက်ဘဲတိုးတက်ပါစေ
မနေချင်ပါဘူး။
မကြည့်ရဲလို့မကြည့်သွားတော့ဘူးကိုအားထောင်ရေး(
ReplyDeleteမီကနှလုံး သုံးလုံးအကုန်ရှိတယ် အဲ နှလုံးသွေးတိုးရှိတယ်ပြောပါတယ်း)
ကြားတာနဲ့တောင် ဒူးတုန်ရင်တုန်နေပီး)
နှလုံးရောဂါမရှိလို့သေသေချာချာကြည့်လိုက်တာ
ReplyDeleteသနားဖို့ကောင်းလိုက်တာ....ကားသမားကလဲနှလုံးသားရှိတဲ့လူမှ
ဟုတ်ရဲ့လားတောင်ထင်မိပါတယ်....
စိတ်တွေကတိုးတက်မှုမရှိတာကိုပြလိုက်တာပါပဲ
နှလုံးရောဂါတော့မရှိပေမယ့် အနိဌာရုံတွေဆိုရင် မကြည့်ချင်တား)
ReplyDeleteမောင်အောင်ထွဋ်ရဲ့ ဒဿနလေးတွေကောင်းပါတယ်။ အားပေးနေတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
လူစိတ်မှရှိကြသေးရဲ့လို့..အော်...မေးလိုက်ချင်တယ်..
ReplyDeleteလူ့စိတ်မရှိကြတာနော်..
ReplyDelete