ကော်ဖီတစ်ခွက်ဖျော်သည်။ မြည်းကြည့်လိုက်သည်။ သိပ်မကောင်းလှပါ။ သိပ်မကောင်းလှဆိုသည်မှာ စိတ်က ထင်နေတာဖြစ်မည်။ သရီး အင် ၀မ်းအထုတ်ကို ဖန်ခွက်ထဲထည့်ကာ ရေနွေးလောင်းထည့်သည်ကို
ကော်ဖီဖျော်သည်ဟု ကျွန်တော်က ခေါ်လိုက်သောကြောင့်ဖြစ်မည်။ မည်သို့ပင် နာမည်တပ်စေကာမူ သောက်နေကျခွက်ကို ရေကလည်း
ဒီအနေပဲ ထည့်လိုက်တာ… ဒီအရသာ သာ ထွက်ရမည်။
စိတ်ကြောင့် သာ သိပ်မကောင်းလှဟု ကျွန်တော်ထင်တာဖြစ်မည်။ ကော်ဖီကို တော့ အားနာသည်။ သူ့ရှေ့မှာ သူ့မကောင်းကြောင်းပြောရသဖြင့် အနည်းငယ်
ရှက်သလိုလို၊ ဖြစ်သွားသည်။ ဘေးဘီကို ကြည့်လိုက်တော့ ကျွန်တော်တစ်ယောက်ထဲ။
အားနာသော်လည်း မတတ်နိုင် ကော်ဖီခွက်ကို ဘေစင်ထဲသို့
သွန်လိုက်သည်။ စင်ပေါ်တွင် ၀ိုင် လက်ကျန်တစ်လုံးရှိသည်။ ထို့ကြောင့် ၀ိုင် တစ်ခွက် ငှဲ့လိုက်ပြီး အာလူးကြော်
အထုပ်သေးတစ်ထုပ်ဖောက်ကာ ၀ရန်တာထွက်လိုက်သည်။
အေးနေသည်၊ လေကလည်း စိမ့်လှသည်။ ထို့ကြောင့် အနွေးထည်ဝတ်လိုက်သည်။ ဆေးလိပ်တစ်လိပ်ကို ဖွာကြည့်သည်။ ဖွာလို့ကောင်းသည်။ လမ်းမီးတို့ လင်းနေပြီ။ နေရောင်ခြည်သုံး လမ်းမီးတို့ဖြစ်သည်။ အိမ်ရှေ့မှ မြင်နေရသည့် ဟောင်းဟို မြစ်ကလေးမှာ မီးတို့ဖြင့်အလှဆင်ထားသည်။ မြစ်ထဲမှ လှေကလေးတွေ ဥဒဟို သွားနေကြသည်။ ဒီလောက် အေးနေတဲ့ အထဲမှာ လှေစီးနိုင်ကြသေးသည်။ ကားများက ဥဒဟို။ မီးပွိုင့်က နီ သွားလိုက်၊ စိမ်းသွားလိုက်၊ ၀ါသွားလိုက်။ ကားတွေကလည်း ရပ်သွားလိုက် ရွှေ့သွားလိုက်။ ၀ိုင်ကို တစ်တို့တို့လိုက်သည်၊ အာလူးကြော်ကို မြှုံ့လိုက်သည်။ ခပ်လှမ်းလှမ်းမှာ ကေတီဗီရှိသည်။
ကေတီဗီသို့ ကားတွေ ခေါင်းထိုးထားသည်။ ဘက်ထရီ ဆိုင်ကယ်လေးများက စီစရီ။ ကေတီဗီတို့ထုံးစံအတိုင်း မိန်းမငယ်လေးများလည်း တစ်ဖွဲဖွဲ။ ကျောင်းသူလေးများလည်း ပါချင်ပါမည်၊ အိမ်ထောင်သည်များလည်း
ပါချင်ပါမည်၊ တစ်ခုလပ်လည်း ပါချင်ပါမည်။ သို့သော်
ခေါင်းစဉ် က တစ်ခုထဲ ကေတီဗီ မယ်ဖြစ်သည်။ ပိုက်ဆံအတွက်
အလုပ်လုပ်ကြတာ ဖြစ်ဖို့ ရာခိုင်နှုန်းများမည်။
အလုပ်ထဲက
လူကို မေးကြည့်သည် မော်စီတုန်းကို ဘယ်လိုမြင်လဲ၊ မော်စီတုန်းကို ချစ်လား? ပြန်ဖြေသည် ပိုက်ဆံပေါ်တွင် မော်စီတုန်းကို မြင်သည်
မော်စီတုန်း ၁၀၀ တန်ကို ပိုချစ်သည်တဲ့။ ကောင်းသည်။
ရှင်းသည်။ ထိုအတွက် အလုပ်လုပ်ကြသည်။ မိသားစုတွေ
တစ်နယ်စီ များသည်။ ယောင်္ကျားကလည်း တစ်နယ်၊ မိန်းမကလည်း
တစ်နယ်၊ ကလေးတွေက အဘိုးအဘွားတွေ အိမ်မှာ ထားကြတာများသည်။ လကုန်လျှင် ပိုက်ဆံပြန်ပို့ကြသည်။ လကုန်လျှင်တွက်သည်က ပိုက်ဆံကို ဖြစ်သည်။ စာရိတ္တဆိုတာ နားမလည်သော စာလုံးပေါင်းနှင့် အသံထွက်ဖြစ်သည်။ လူ့ကျင့်ဝတ်ဆိုသည်မှာ ဘာကိုခေါ်တာလည်း? အိမ်ထောင်ရေးဆိုသည်မှာ
လက်ထပ်သည်၊ ကလေးတစ်ယောက်မွေးသည်၊ တစ်နှစ်တစ်ခါ ဆုံသည်၊ တစ်ခါတစ်ရံ သတိရလျှင် ဖုန်းဆက်မည်။ ကျန်တာကတော့ သိပ်ဂရုစိုက်စရာမလို ကျရာမှ ပျော်သလိုနေပါ။
သို့သော်
တိုးတိုက်သည်၊ မိုးမျှော်တိုက်တွေ ဟိုမှသည်မှ၊ နောက်ဆုံးပေါ်ကားတွေ ဥဒဟို၊ စားချင်ရာကို
မော်စီတုန်း ၁၀၀ တန်တွေ ဖြန့်ခင်းလျှင် စားလို့ရသည်။ အားလုံး အဆင်ပြေသည်။ ဘာလိုသလဲ? ဘာမှမလိုပါ။ သူ့ဟာနှင့်သူဟုတ်နေသည်။ သို့သော် ကျန်တဲ့လူတွေကို ဒုက္ခမပေးပါစေနဲ့ဟု ဆုတောင်းသည်။ ၀ိုင်က ကုန်သွားပြီ။ ၀ရံတာမှ အထဲပြန်ဝင်ကာ အိပ်တော့မည်။
ကောင်းသည်။ ဖေ့ဘွတ်မှာ အပ်ပါဦး mgthant@mgthant.me..
ReplyDeleteဂွတ်တယ်
ReplyDeleteဒါတောင် ကော်ဖီသောက်တဲ့အဆင့်ပဲရှိသေးတယ်
ဒေါ်လာ ၂ သိန်းခွဲတန် အရက်ပုလင်သာသောက်ပြီးရေးရင်
သေလို့ရပီ :)
ကော်ဖီထက်ကို ဝိုင်က ပိုကောင်းနေတာကိုး
ReplyDeleteဝိုင်ကို ပိုကြိုက်လို့ထင်ပါရဲ့ :P
တရုတ်တွေ မော်စီတုန်း ချစ်ပုံများတော့ မပြောချင်ပါဘူး
မော်စီတုန်းသာ သူတို့ဘဝ၊ သူတို့ကမ္ဘာ
သံယောဇဉ်တွေ နွေးထွေးမှုတွေ၊ ကြင်နာမှုတွေက နည်းပါးလာတယ်
ဒါတောင် တစ်ရာတန်အကြီးဆုံးဘဲရှိလို့
တို့တွေလို ၅၀၀၀ တန်များရှိရင် ခက်ရချည်ရဲ့
မော်စီတုန်းကို ခုထက်ပိုချစ်ဦးမှာ သေချာတယ်.. :)
ကော်ဖီခွက်ကို ရှက်မိသွားသတဲ့ အဲ့ဒါလေး သဘောကျတယ်။ အရေးအသား ကောင်းတယ်။
ReplyDeleteရုပ်ဝတ္ထုတိုးတက်တိုင်း စိတ်ဓါတ်တွေ ဆုတ်ယုတ်သွားတတ်တယ်။ နိုင်ငံရဲ့ ပေါ်လစီနဲ့  များ ဆိုင်မလား။
ချရေးပြတာလေးဖတ်ရင်း အတွေးတွေနဲ့ လည်သွားတယ်...အဲဒါလည်းတိုးတက်ခြင်းတစ်ဖက်ရဲ့ ဆုတ်ယုတ်မှုတွေပဲ ထင်ပါရဲ့....
ReplyDeleteအပ်လိုက်ပါပြီ ကိုမောင်သန့် ခင်ဗျ..... :)
ReplyDeleteဒေါ်လာ ၂ သိန်းခွဲတန်သာ သောက်လိုက်လို့ကတော့ ၀ရန်တာကနေ ခုန်ချပီးသား မကျူတီ... :P
မိုးစိမ့်စိမ့်လေးဆိုရင်တော့ ကောဖီမစ်လေးနဲ့ ကွေးရတာ ဇိမ်ရှိတယ်မချောရေ... အခုက အေးအေးကြီးဆိုတော့ ကော်ဖီသောက်ရင် တစ်မျိုးကြီး ဖြစ်နေတယ်။ :)
ကိုအလင်းစက် နဲ့ ကအိန်ဂျယ်လှိုင်ကို လာလည်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ