စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, October 8, 2011

ချက်ရီပတ်ဘလစ်နိုင်ငံက စူပါဟီးရိုး လက်သစ်


          ဒီတစ်ခါတော့ စူပါဟီးရိုးများ အိုသွားသော် ဆိုတဲ့ ပိုစ့်မျိုးမဟုတ်ပါဘူး။  စူပါဟီးရိုးဆိုရင် ကျွန်တော်တို့ စူပါမင်းတို့၊ BATMAN တို့လို မကောင်းသူပယ် ကောင်းသူကယ်မည့် စွမ်းအားရှင်ကြီးများကို ပြေးမြင်ကြမှာပါ။ (စွမ်းအားရှင်ဆိုသည်မှာ Superhero ကို အဓိပ္ပာယ်ပြန်ဆိုပါသည်၊ မြန်မာနိုင်ငံမှ စွမ်းအားရှင်များကို မဆိုလို [စကားချပ်] )။ 
          အခု ဟောဒီ ချက်နိုင်ငံက စူပါဟီးရိုးလက်သစ်ကတော့ ၀တ်စုံပြည့်ဝမ်းဆက်၊ မျက်နှာဖုံး နဲ့အတူ သူ့ရဲ့ ရုပ်သွင်ကို အများမမြင်ရလေအောင် စီမံထားပါသတဲ့။  သူဟာ ချက်နိုင်ငံ Prague (ပရက်(က်)) ပန်ခြံထဲမှာ ဆေးလိပ်သောက်သူတွေ့ရင် ရေနဲ့လောင်းပါတယ်၊  ခွေးမွေးပြီး ပန်းခြံထဲ လာခွေးကျောင်း ခွေးအီးအီးတွေ မကျုံးဘဲ ဒီတိုင်းထားခဲ့တဲ့ ခွေးသခင်တွေကို ခွေးအီးအီးနဲ့ သုတ်ပါသတဲ့။
          “ကျွန်တော်တော့်နာမည်က စူပါ ဗက်လက်ဗ် ဖြစ်ပါတယ်။ ကျွန်တော်ဟာ ဟော့ဒီ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒီလိုမျိုး မရိုးမသား တာဝန်မယူတဲ့ ဖြစ်ရပ်တွေကို အရေးယူသွားမှာပါ” လို့ သူ့ကိုယ်ပိုင် ၀ဘ်ဆိုဒ်မှာ ကြော်ငြာထားပါတယ်။

          “ကျွန်တော်ကတော့ ဒီလို မတရားတဲ့ ဖြစ်ရပ်တွေကို စောင့်ကြည့်နေမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ တာဝန်” ပါလို့ ကြေငြာထားပါသတဲ့။  ဟောဒီအောက်ကဗီဒီယိုလေးမှာ စူပါဟီးရိုးကြီး ခွေးအီးအီး မကျုံးတဲ့လူကို ဘယ်လို အပြစ်ပေးတယ်ဆိုတာလေးကို ကြည့်နိုင်ပါတယ်။ 
          မျက်မြင်တစ်ဦးကတော့ “စူပါဟီးရိုးရဲ့ ပါဝါကတော့ ဖနောင့်နဲ့ တင်ပါး တစ်သားထဲကျအောင် ပြေးနိုင်စွမ်းရှိတာပါ။  အဲ သူ ခွေးအီးအီးတွေနဲ့ ခွေးပိုင်ရှင်ကို သုတ်လိုက်တော့ ဟိုက ဒေါသချောင်းချောင်းထွက်ပြီး အစိမ်းလိုက် သတ်တော့မလို့ လိုက်တော့တာလေ….” လို့ ပြောသွားပါတယ်။


ကဲ စူပါဟီးရိုးဖြစ်ချင်သူများ အပြေးလေးတော့ လေ့ကျင့်ထားဖို့ လိုလိမ့်မယ်နော်.. :P


Source : (Link)

3 comments:

  1. သူ့နည်းသူ့ဟန်နဲ့အရေးယူတာပေါ့

    ReplyDelete
  2. ဟုတ်ပ ဟုတ်ပ :P

    ReplyDelete