စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, October 15, 2011

Song Bon Choi သို့ Korea's Got Talent ရဲ့ထူးချွန်သူ လူငယ်လေး

ကြည့်ရင်း ကြည့်ရင်းနဲ့ ချီးကျူးမိသလို သူ့ဘ၀ကိုလည်း စာနာမိပါတယ်။  ဆောင်ဘွန်ချွိုင်းဟာ Korea's Got Talent အစီအစဉ်မှာ ပါဝင်ဖျော်ဖြေခဲ့သူပါ။ အသက်သုံးနှစ်အရွယ်မှာ မိဘနှစ်ပါးရဲ့ အစွန်ပစ် ခံခဲရပြီး အသက်ငါးနှစ်မှာ လမ်းပေါ်မှာကြီးပြင်ခဲ့ရပါတယ်။  ပီကေလေးတွေ၊ အာဖြည့်အချိုရေလေးတွေကို လမ်းပေါ်မှာ၊ နိုက်လပ်တွေမှာ ရောင်းရင်း အသက်မွေးခဲ့ရတာ အသက် ၁၀ နှစ်အရွယ်ထဲကနေ ခုထိဖြစ်ပါတယ်။  သူမှာ နားခိုစရာ အိမ်ရယ်လို့ မရှိပဲ အိမ်သာတွေထဲမှာ၊  လှေကားထစ်တွေဟာတော့ သူ့ရဲ့ မှေးစက်ရာ နေရာလေးတွေ ဖြစ်ခဲ့ပါတယ်။  ဒါပေမယ့် မူလတန်းနဲ့ အလယ်တန်းတော့ ပြီးအောင်တက်နိုင်ခဲ့ပြီး အထက်တန်းဟာတော့ သူနောက်ဆုံး ရောက်ခဲဖူးတဲ့ ပညာသင် ဘ၀ဖြစ်ပါတယ်တဲ့။
            အသက်ငယ်စဉ်တုန်းက သူများတွေထံ ရောင်းစားခံခဲ့ရဖူးသလို လောကဓံရဲ့ ရိုက်ခတ်ခြင်းတွေကိုလည်း ခါးသီးစွာခံစားခဲ့ရတဲ့ လူငယ်လေးပါ။  တစ်ညတော့ သူ ပီကေလေးတွေ သွားရောင်းနေတဲ့ နိုက်ကလပ်မှာ အဆိုတော်တစ်ယောက် သီဆိုနေတာကို သူမြင်ခွင့်ရခဲ့ပါတယ်။  ပုံမှန်အားဖြင့် နိုက်ကလပ်တွေမှာ မြူးမြူးကြွကြွ ခေတ်ပေါ်ဂီတ သံတွေလွှမ်းခြုံလေ့ရှိပေမယ့် ဒီအဆိုတော်ရဲ့ သီချင်းသံကို ကြားပြီးနောက်မှာ ဘွန်ချွိုင်းတစ်ယောက် ဂီတကို ခုံမင်မြတ်နိုးသွားပြီး သီချင်းတွေကို ကြိုးစားလေ့ကျင့်ပြီး သီဆိုခဲ့တာပါ။  သူ့မှာ ဂီတအထောက်အကူပစ္စည်း ဘာတစ်ခုမှ မရှိပါဘူး။  နောက် ဘာသီချင်းနဲ့ ပတ်သတ်တဲ့ သင်တန်းကိုမှလဲ မတတ်ဘူးပါဘူး။  သူဟာ သီချင်းလေးတွေကို ဒီတိုင်းဘဲ နားထောင်ပြီး တစ်ကိုယ်ထဲ လေ့ကျင့်ခဲ့ရတာပါ။  ဒါပေမယ့် အခုတော့ ဘွန်ချွိုင်းဆိုတဲ့ နာမည်ကို အနည်းဆုံးလူပေါင်း သန်း ၅၀ ကသိရှိခဲ့ပါပြီ။  သူဖြစ်ချင်တဲ့ အိပ်မက်တွေလည်း အနာဂတ်မှာ ဖြစ်ခွင့်ရတော့မှာ ဖြစ်ပါတယ်။  အောက်က YouTube video လေးမှာ သူရဲ့ သီချင်းသံလေးကို နားဆင်ကြည့်ကြပါခင်ဗျာ....


Semi-Final

Final




ဒါပေမယ့် Grand Final မှာ ပထမရသွားသူကတော့ Jong Joo Ming လို့ခေါ်တဲ့ အသက် ၁၇ နှစ်အရွယ် အကကောင်းတဲ့ မိန်းကလေးပါ။  ကဲ ကျွန်တော်တို့ရော ချွိုင်ရဲ့ ဘ၀ဇတ်ကြောင်းကိုဖယ်၊  သူတို့ နှစ်ယောက်ရဲ့ Performance ကို အခြေခံပြီး ရွေးမယ်ဆိုရင် Grand Final မှာ ဘယ်သူ့ကို ရွေးမှာလဲ?

Source : (YouTube), Photo : Internet.


5 comments:

  1. ဘ၀ ကိုအရှုံးမပေးပဲ
    သူကျိုးစားခဲ့ရတဲ့အတွက်တော့ပြန်ပြီးခံစားရတာပေါ့နော်...
    စိတ်ဓါတ်ကြံ့ခိုင်မှုလဲလိုတယ်နော်

    ReplyDelete
  2. စိတ်ဓါတ်ပါပဲလေ
    တင်ပြမှု့အတွက် အနှိုင်းမဲ့ကျေးဇူး

    ReplyDelete
  3. လေးစားအားကျ အတုယူဖွယ်ပါပဲ...

    ReplyDelete
  4. ခုခေတ်အဆိုတော်တွေလုပ်ဖို့က အဆိုလည်းကောင်းရမယ် အကလည်း ကတတ်ရမယ်ဆိုတဲ့ အခြေခံတွေပေါ်မှာ ရွေးကြတယ်ထင်ပါရဲ့
    တရုတ်မှာလည်း Super Girl ရွေးတော့ ခပ်ငြိမ်ငြိမ်ဆိုတဲ့သူတွေကို အသံကောင်းပေမဲ့ သိပ်မကြိုက်ကြဘူး။။
    အကပါ ကောင်းတဲ့သူတွေကိုတော့ လူကြိုက်ပိုများတာ တွေ့ရတယ်
    ဒိုင်တွေကလည်း ကတတ်တဲ့သူတွေကို ပိုပြီး ဦးစားပေးရွေးချယ်သလိုပါ။
    ဒါကြောင့် အဆိုတော်လုပ်ဖို့ဆိုရင် ကပါ ကတတ်ရမယ်လို့များ သတ်မှတ်ထားလေသလား မသိပါဘူး
    Song Bon Choi ကတော့ တကယ်ချီးကျူးဖို့ကောင်းပါတယ်။
    ဘာတစ်ခုမှ ကျောထောက်နောက်ခံ ၊ မိသားစုနောက်ခံမရှိဘဲ
    ပင်ကိုယ်ဗီဇနဲ့ ကြိုစားမှုကြောင့် ဒီအဆင့်ထိ တက်လှမ်းလာနိုင်တာ လေးစားစရာပါဘဲ။
    အသံတကယ်ကောင်းသူဖြစ်လို့ ပထမမရပေမဲ့ မကြာခင်မှာ သူ့ခွေတွေကို ထုတ်ပေးမဲ့သူတွေ ပေါ်လာမှာပါ။

    ReplyDelete
  5. သူလုပ်နိုင်ခဲ့ပါတယ်း)

    အတုယူရမှာပါ

    ReplyDelete