စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, July 10, 2012

မမလေးကိုနော်ဗျာ.. ဒီမောင်ကခိုးမယ်လို့


          မမလေးကိုနော်ဗျာ.. ဒီမောင်က ခိုးမယ်လို့.. လူဆိုးတွေနဲ့ မောင်တိုင်ပင်.. (လူဆိုးတွေနဲ့မောင်တိုင်ပင်)။   သီချင်းလေးကတော့ ဘယ်တော့မှ မရိုးတဲ့ သီချင်းလေးပါ။  အဲ့.. ဒီထက်ဆန်းချင်သေးရင်တော့ ဖင်လန်နိုင်ငံက ဆိုကာဂျာဗီကိုသာသွားလို့ ညွှန်းပါရစေ။  အဲ့ဒီမှာတော့ မိန်းမခိုးတဲ့ ပွဲတော်ရှိပါသတဲ့။  အဲ့မိန်းမခိုးတဲ့ပွဲတော်ဆိုတာက ကိုယ့်မိန်းမကို ကုန်းပိုးပြီးတော့ မီတာ ၂၅၀ မနားတမ်း ပြေးရတဲ့ပွဲတော်ပါ။  ဒီနှစ်တော့ အသင်းပေါင်း ၃၄ သင်းပါဝင်ယှဉ်ပြိုင်ကြပါသတဲ့။  ၁၉၉၂ ခုနှစ်ကထည်းက ကျင်းပလာခဲ့တဲ့ ဖင်လန်က မိန်းမကုန်းပိုးပြီး ပြေးတဲ့ပွဲတော်ဟာ ခုချိန်ထိကျင်းပနေဆဲပါပဲ။  အဲ့ ကုန်းပိုးပြီး ပြေးတဲ့နေရာမှာ ရိုးရိုးပြေးယုံတင်မဟုတ်ဘူးဗျား… အခက်အခဲအတားအဆီးတွေ အများကြီးကို ကျော်ဖြတ်ပြီး မြန်နိုင်သမျှ မြန်အောင် ပြေးရပါသတဲ့။  တကယ်လို့ ပြေးနေတုန်းမှာ မိန်းမပြုတ်ကျ ကျန်ခဲ့ရင် ၁၅ စက္ကန့် မပြေးပဲ ခဏရပ်ပေးရပါတယ်။  ကဲ.. မိန်းမခိုးဖို့ ပြင်နေသူများ ထွေထွေထူးထူး လုပ်မနေနဲ့ အဲ့ဒီလိုသာ လေ့ကျင့်လို့ကတော့ သေချာပေါက် မိန်းမခိုးနိုင်မှာ။










Source: Link 1, Link 2

11 comments:

  1. ကိုကိုမောင်(ပန်းရနံ့)July 10, 2012 at 10:20 PM

    မော်ဒယ်မလေး ယူထားတဲ့ ယောက်ျားအတွက် ချန်ပီယံ ဖြစ်ဖို့ အလားအလား များမဲ့ ပြိုင်ပွဲဘဲ။

    မောင်အွတ်ထောင်လဲ ဖင်လန်ပြီး.. အဲလေ.. ဖင်လန်သွားပြီး ပြိုင်ပွဲသွားဝင်ကြည့်ပါလား။ အခြေအနေ ကောင်းလောက်ပါတယ်။း)

    ReplyDelete
  2. အဲ့သဟာကို စဉ်းစားနေတာ... သွားရင်ကောင်းမယ်လို့။ တဂျီးလည်း လေ့ကျင့်ထားဖို့လိုမယ်နော့.. ဒါမှ ရည်စူးသူလေးတွေရင် ဟော့သလိုကောက်ပြီး ချီပြေးလို့ရမှာ :P

    ReplyDelete
  3. မြန်မာပြည်က ပွင့် အဲမှာနေရင်တော့တေပြီဆရာ

    ReplyDelete
  4. ဟားးးးးးးးးးးးးး
    ရယ်လိုက်ရတာဗျာ သူရို့ပုံတွေကို ကြည့်ပြီးတော့.....

    ဟိုအပေါ်ဆုံးက ဖွတ်သူကြီးမင်း ( ဘယ်သူနဲ့မှ တွဲစရာ မရှိလို့ )
    ပြောသလို မော်ဒယ် မလေးနဲ့များ ရလို့ကတော့ ဖင်လန် နိုင်ငံကို ဒိုးပြီသာမှတ်ပေရော့း)။

    ReplyDelete
  5. အိမ်း........အပေါ်က လူပျိုကြီးနှစ်ယောက်က သူရို့နဲ့ဘာဆိုင်လို့ လာမန့်နေသတုန်းဗျာ.....။
    သူရို့မှာ အဲ့ပြိုင်ပွဲဝင်စရာ တွဲဘက်ဖြင့်မရှိပဲနဲ့များဗျာ.....:))))
    သူများသာပြောနေ ကိုယ်တွေမှာလည်းမရှိဘူး....ဟီး

    ReplyDelete
  6. ပို့စ်ကြောင့်ရော..ကွန်မန့်တွေကြောင့်ပါ ပြုံးရပါလားနော်...:):)

    ReplyDelete
  7. သွားပြိုင်အုံးမယ်

    ReplyDelete
  8. သွားပြိုင်အုံးမယ်

    ReplyDelete
  9. အယ် ကျုပ်လိုလူဗလံလေးကျတော့ ဘီလိုလုပ်မတုန်း မိန်းမကိုခိုးခိုင်းရမှာလားဗျာ
    တိန် အဲလိုသာပြေးမှရတမ်းဆို မောင်ဘကြိုင်ဘုန်းကြီးဝတ်တော့မယ်း)း)

    ReplyDelete
  10. မိုက်သကွယ် .. ပုံတွေကြည့်ရတာနဲ့တင်ပျော်စရာကောင်းပါ့ .. လူပျိုဂျီးဒွေနော် .. ပိန်ပိန်ပါးပါးလေ မရှာနိုင်လို့ကတော့ ဖင်လန်သွားဖို့ မစဉ်းစားနဲ့ .. ရေထဲကနေကို တက်နိုင်မယ် မထင်

    ReplyDelete
  11. အမယ်လေးလေးရက်စက်လှချေလားကွယ်၊ ကျွန်တော်.အိမ်ကမဒမ်ဝတုတ်ကိုထမ်းပြေးရမယ်
ှဆိုလျှင်..အင်..။ မောင်ဘကြိုင်တို.ကျောင်းမှာပဲ..

    ReplyDelete