စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, August 18, 2012

လွှတ်တော်ထဲမှာ ၀ါး.............


          ရွှေပြည်တော်ကြီးမှာ ခေတ်မီ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးတည်ဆောက်ဖို့ နေ့မနား၊ ညမအား ကြိုးပမ်းနေတဲ့ လွှတ်တော်အမတ်မင်းများတင် (ပင်ပန်းတဲ့ အခါမျိုးပေါ့လေ...စကားချပ်) အိပ်ငိုက်ပြီး ၀ါး.... ဆိုသမ်းတာမဟုတ်ပါဘူး… ကမ္ဘာအရပ်ရပ်က  တိုင်းပြုပြည်ပြု နိုင်ငံရေးသမားများရဲ့ ထောက်ခံမှု့အပြည့်နဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပူတင်းကြီးလည်း ငိုက်


ကွန်ဒိုလီဇာ ရိုက်စ် လည်း ငိုက်။  


33 Sleepy Politicians in Pictures: Do They Literally Sleep Over Matters?
ဒါကတော့ ပြင်သစ်ကိုယ်လှယ်ကြီးက ၂၀၀၉ ခုနှစ် ကိုပေဟေဂင်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု့ ဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးကြီးမှာ ညလုံးပေါက်ဆွေးနွေးပြီး သကာလ အားလပ်ချိန်အတွင်းမှာ အိပ်ပျော်သွားတဲ့ ပုံပါ

112 Sleepy Politicians in Pictures: Do They Literally Sleep Over Matters?
၂၀၀၇ G8 ရဲ့ အစည်းအဝေးမစခင် သန်းဝေနေတဲ့ ဗြိသျှဝန်ကြီးချုပ် တိုနီဘလဲ

22 Sleepy Politicians in Pictures: Do They Literally Sleep Over Matters?
၂၀၀၇ မေလ ၁၆ ရက်နေ့တုန်းက အာဖရိကဖွံဖြိုးရေးဘဏ်များရဲ့ ဘဏ်လုပ်ငန်းရှင်များ အစည်းအဝေးမှာ သန်းသွားရှာတဲ့ တရုတ်နိုင်ငံ People's Bank of China ရဲ့ ဥက္ကဋ္ဌ

42 Sleepy Politicians in Pictures: Do They Literally Sleep Over Matters?
မက်ဒါကားစကားမှာ ကျင်းပတဲ့ ၂၀၀၉ ခုနှစ် အာဖရိက-တောင်အမေရိက မျက်နှာစုံညီ အစည်းအဝေးပွဲမှာ အပြည့်အ၀ ထောက်ခံနေတဲ့ ဇင်ဘာဘွေ သမ္မတကြီး ရောဘတ် မူဂါဘီ။

52 Sleepy Politicians in Pictures: Do They Literally Sleep Over Matters?
၂၀၀၉ ခုနှစ် ဆိုးလ်မှာကျင်းပတဲ့ လွှတ်တော်အစည်းအဝေးခန်းမကို ပိတ်ထားတဲ့ ဆိုဖာပေါ်မှာ ဥပဒေပြုရေးကို စဉ်းစားနေကြတဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ Democratic Party က ဥပဒေပြု အမတ်နှစ်ယောက်။

61 Sleepy Politicians in Pictures: Do They Literally Sleep Over Matters?
နယူးယောက်နိုင်ငံမှာ ၂၀၀၈ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ UN ရဲ့ အာဖရိကနိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေးပွဲမှာ မြင်ရတဲ့ ဗြိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း

71 Sleepy Politicians in Pictures: Do They Literally Sleep Over Matters?
၂၀၁၀ မတ်လ ၁၀ ရက် ဂျပန် အထက်လွှတ်တော် ဘက်ဂျက်ကော်မတီရဲ့ အစည်းအဝေးမှာ ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး နာတိုခန်းရဲ့ စဉ်းစားခန်း

81 Sleepy Politicians in Pictures: Do They Literally Sleep Over Matters?
လွှတ်တော်အမတ် Russel Feingold

91 Sleepy Politicians in Pictures: Do They Literally Sleep Over Matters?
၂၀၀၇ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ ဂျေရုစလင်မှာ ကျင်းပတဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းက သတ်ဖြတ်ခံခဲ့ရတဲ့ အစ္စရေးတို့ရဲ့ အောက်မေ့ဖွယ်အခမ်အနားကို တက်ရောက်နေတဲ့ ၀န်ကြီးချုပ် Ehud Olmert.  သူ့ရဲ့ ညာဖက်ကတော့ သမ္မတ Dalia Itzik ဖြစ်ပါတယ်။

101 Sleepy Politicians in Pictures: Do They Literally Sleep Over Matters?
ဘေဂျင်းမှာ ၂၀၀၉ ခုနှစ် မတ်လ ၁၀ ရက်နေ့တုန်းက ပြည်သူ့လွှတ်တော် ခေါ်ယူတုန်းကပါတဲ့။

113 Sleepy Politicians in Pictures: Do They Literally Sleep Over Matters?
သန်းဝေ နေတာက ပေါ်တူဂီ ၀န်ကြီးချုပ်ပါတဲ့။  သူ့ဘေးကတော့ မိုနာကို ၀န်ကြီးချုပ်။  Rabat မှာ ၂၀၀၇ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တုန်းက ပူးပေါင်းဆောင်ရွက်မှု့ဆိုင်ရာ သဘောတူ လက်မှတ် ရေးထိုးအပြီးမှာပါတဲ့။

122 Sleepy Politicians in Pictures: Do They Literally Sleep Over Matters?
၂၀၀၃ ခုနှစ် အီရတ်မှာ ဖြစ်ပွားတဲ့ စစ်ကို ဆန့်ကျင်တဲ့ ဆုတောင်းပွဲမှာ တွေ့ရတဲ့ အင်ဒိုနီးရှား သမ္မတဟောင်း အဗ္ဗဒူရာမန် ၀ါဟဒ် ရဲ့ပုံပါတဲ့။  အဲ့ဒီပွဲကို ဆူဒါဘာရာမှာ ကျင်းပခဲ့ပြီး လူပေါင်း ၈ သိန်းနီးပါး ပါဝင်ဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။

131 Sleepy Politicians in Pictures: Do They Literally Sleep Over Matters?
အီတလီရဲ့ အောက်လွှတ်တော် မှာပါတဲ့။

141 Sleepy Politicians in Pictures: Do They Literally Sleep Over Matters?
ဒါလည်း အီတလီ လွှတ်တော်မှာပဲ... ဒါပေမယ့် အနားပေးတဲ့ အချိန်မှာပါတဲ့

151 Sleepy Politicians in Pictures: Do They Literally Sleep Over Matters?
၂၀၀၄ခုနှစ် ဂျေရုစလင်က အစ္စရေးလွှတ်တော်မှာ တွေ့ရတဲ့ သမ္မတကြီး အာရီရယ် ရှရွန်ပါတဲ့....


Photo Source : (Link 1, Link 2, Link 3)

7 comments:

  1. ပြောင်မြောက် ပါပေ့ဗျာ

    ReplyDelete
  2. အောက်ဆုံးပုံက ဘယ်နိုင်ငံကပါလဲ ကအွတ်ထောင်း)

    ReplyDelete
  3. လျှပ်တစ်ပြက်ရိုက်ချက်များး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဆရာ...
    အေရီရယ်ရှရွန်ဟာ အစ္စရေးသမ္မတမဖြစ်ခဲ့ ပါဘူး... ၀န်ကြီးချူပ်ဘ၀နဲ့ ပဲ လေဖြတ်ပြီး မေ့ မျောနေခဲ့ တာအခုအထိလို့ ထင်ပါတယ်...

    ReplyDelete
  5. ပာား ပာားပာား

    ReplyDelete
  6. နောက်ဆုံးထွက် အိပ်ပျော်နေတဲ့ ပုံလေးတွေလဲ တင်ဦးမှပေါ့ဗျာ အဟက်

    ReplyDelete
  7. အရမ်းအလုပ်များသွားလို့ပါ....

    ReplyDelete