စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, August 13, 2012

မိဘမေတ္တာ


          မိဘတို့ရဲ့ မေတ္တာဟာ တုနှိုင်းလို့မရနိုင်ပါဘူး။  လူတွေမပြောနဲ့ တရိစ္ဆာန်တွေတောင်မှ သူတို့ရဲ့ သားသမီးတွေကို အသက်နဲ့ လဲပြီးတော့ ကာကွယ်စောင့်ရှောက်ကြပါတယ်။  ချီလီနိုင်ငံ Santa Rosa de Temuco ဆိုတဲ့ မြို့ကလေးမှာမီးလောင်မှု့ဖြစ်ပွားတော့ Amanda ဆိုတဲ့ ခွေးမကြီးဟာ သူ့ရဲ့ ၁၀ ရက်သာရှိသေးတဲ့ ခွေးကလေးတွေကို မီးလောင်တဲ့နေရာကနေ တစ်ကောင်ချင်းစီ ကိုက်ချီလို့ မီးသတ်ကားဆီကို သယ်လာတဲ့ မြင်ကွင်းလေးပါ။  ဒါပေမယ့် စိတ်မကောင်းစရာကတော့ ခွေးကလေး ၅ ကောင်ထဲက Amparo ဆိုရဲ့ ခွေးငယ်ကလေးကတော့ မီလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။  ကျန်တဲ့ ခွေးကလေး ၅ ကောင်ကတော့ ကျန်းကျန်းမာမာနဲ့ မီးဘေးက လွတ်ခဲ့ပါသတဲ့။  ထူးခြားလှတာကတော့ ခွေးမကြီး Amanda ဟာ သူ့ကလေးတွေကို ပြုစုဖို့လာတဲ့လူတွေကို အနားကပ်မခံပဲ ကာကွယ်ပေးနေတာပါ။  အထူးသဖြင့် သေဆုံးသွားတဲ့ ခွေးငယ်လေး Amparo ကို သူနဲ့အတူ ထားရှိပြီးတော့ ယူဆောင်ခွင့်မပေးပါဘူးတဲ့။  သြော်.. မိဘ.. မိဘ.. ကျွန်တော်လည်း ဒီသတင်းလေးဖတ်မိတော့ လူလားမြောက်အောင် ကျွေးမွေးလာတဲ့ မိဘတွေကို ငါဘာဖြည့်ဆည်းပြီးပြီလည်းလို့ ပြန်တွေးမိတယ်။



Photo credit : J. Monsalve
Source : (Link)

5 comments:

  1. မိဘမေတ္တာကမြင့်မိုရ်တောင်ထက်ကြီးမားတယ်
    ဆိုတာတကယ်ကိုမှန်ပါတယ်
    အားပေးသွားပါတယ်နော်

    ReplyDelete
  2. တုနှိုင်းဖွယ်ရာမရှိတဲ့ မိဘမေတ္တာပေါ့ မောင်အောင်ထွဋ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. အေးဗျာ...
    မိဘ တွေကတော့ သားဆိုလည်း သားမို့ သမီးဆိုလည်း သမီးမို့ မေတ္တာတွေထားလိုက်ကြရတာနော်....

    သားသမီး များကတော့ ကတ်ကတ်လန်အောင် ပြန်ကိုက်လိုက်ရမှ အမိကို အမိမှန်းမသိ အဘကိုအဘမှန်းမသိ
    ငရဲပြည်မှာ ဆီမှ ရှိပါဦးမလား အိုးမှဆန့်ပါဦးမလားလို့ တွေးနေမိတာတွေလည်း များလှပါပေါ့ဗျာ...။

    ReplyDelete
  4. လာခဲ့တယ်ဗျာ...ဒိထက်မကအောင်မျင်ပါစေ..............

    ReplyDelete
  5. လာခဲ့တယ်ဗျာ...ဒိထက်မကအောင်မျင်ပါစေ..............

    ReplyDelete