စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, August 9, 2012

ချစ်သက်လည် ရော့ အထူးရှယ်… ဆင်ချေးတုံးကဒ်


            ချစ်သူများနေ့လို့ ရိုမန်းတစ်ဆန်တဲ့ နေ့ကလေးတစ်နေ့မှာ ကိုယ်ချစ်ရတဲ့ ချစ်သူကို ဗယ်လင်တိုင်းကဒ်ကလေးတွေ ပေးချင်တာ ချစ်သူတိုင်းရဲ့ ဆန္ဒပေါ့။  အဲ့.. ဒါပေမယ့် အဲ့ဒီလို ကဒ်ကလေးကို ဆင်ချေးတုံးနဲ့ လုပ်ထားတဲ့ ကဒ်ကို ပေးမယ်ဆိုရင် ဘယ်လိုနေမလဲ?  အရင်တုန်းကတော့ ဆင်ချေးတုံး ဆပ်ပြာဆိုပြီး ပေါ်ဖူးတယ်။  အခု အန္ဒိယနိုင်ငံမှာတော့ ဆင်ချေးတုံးကနေ လက်ဆောင် ကဒ်လေးတွေ ထုတ်လုပ်နေပါပြီတဲ့။  Ijender Shekhawat ဆိုတဲ့ လူကတော့ လစဉ် ဆင်ချေးပေါင်း တန် ၃၀ ကို အသုံးချပြီးတော့ အထူးရှယ် ကဒ်တွေ ထုတ်လုပ်နေပါပြီတဲ့။  ဆင်တွေဟာ မြက်တွေ၊ အရွက်တွေ စားသုံးတဲ့အခါမှာ ဒီအရွက်တွေရဲ့ အမျှင်တွေဟာ ကြေဖျက်ခြင်းမရှိပဲ ၀င်တုန်းကလိုပဲ ထွက်ပါသတဲ့။  အဆိုပါ အမျှင်တွေဟာ Ijender အတွက်တော့ အရေးပါလှတဲ့ ကုန်ကြမ်းပါပဲတဲ့။
          “ဆင်တွေ စားတဲ့ အစားအစာတွေထဲက ၄၀% ဟာ ခြေဖျက်ခြင်းနိုင်ပါဘူးတဲ့။  ဒါပေမယ့် ပိုမို နူးညံသွားပြီး ပြုပြင်ပြီးဖြစ်သွားပါတယ်။  အဲ့ဒီတော့ ဒီလိုမျိုး ဆင်ချေးတွေကနေ ပြီးတော့ အရမ်းကို အရည်အသွေးကောင်းလှတဲ့ ကဒ်လှလှလေးတွေ ထုတ်လုပ်နိုင်ပါတယ်လို့” ဆင်ချေးကဒ် တီထွင်ထုတ်လုပ်သူ Elephant Stamp ကုမ္ပဏီရဲ့ ပိုင်ရှင် Ijender ဆိုသွားပါတယ်။  အထင်တော့ မသေးနဲ့ဗျား ခုတော့ ဥရောပက ၀ယ်ယူလိုသူတွေကပါ အ၀ယ်လိုက်နေလို့ လုပ်ငန်းကို တိုးချဲ့ရမယ်လို့ ဆိုထားပါတယ်။  အဲ.. ဒါပေမယ့် ၀ယ်ယူသူတွေကတော့ ဒီကဒ်လေးတွေရဲ့ အနံကိုတော့ နည်းနည်းလန့်နေတယ်လို့ ဆိုပါတယ်။  ဒါပေမယ့် မပူပါနဲ့တဲ့  ဒီ ဆင်ချေတုံး ကဒ်ကလေးတွေဟာ အခြားသော ဗယ်လင်တိုင်း ကဒ်လေးတွေလိုပဲ မွှေပျံတဲ့ ရနံကို ပေးစွမ်းနိုင်မှာ ဖြစ်ပါသတဲ့။  အင်း….. ကဒ်လက်ဆောင်ရလို့ အားရပါးရ ရှုနိုင်တဲ့ သဘောပေါ့လေ။  

2 comments:

  1. ဟဟဟဟဟ
    ကဒ်ကလေးတွေယူပြီး ဆင်ချေးနံ့ရှူချင်တဲ့သူတွေ ရူကြစေဗျား)

    ကျုပ်တို့တော့ အေးဆေး...။

    ReplyDelete
  2. ကိုကိုမောင်(ပန်းရနံ့)August 10, 2012 at 1:46 AM

    အင်း... ဆင်ခြေတုံးကဒ်တင် ရပ်နေရင် တော်ပါသေးရဲ့။
    တော်ကြာ လူတွေဖက်ပါ လှည့်လာရင် ရေလောင်းအိမ်သာတွေ ပျောက်ပျက်ကုန်မှာ စိုးရိမ်ရတယ်။း))

    ReplyDelete