စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, August 9, 2012

သွားကြဦးမလား ကုလားအုပ်ပွဲတော်


          နှစ်စဉ်နှစ်တိုင်း ဇန်န၀ါရီလ ရောက်ပြီဆိုရင် အန္ဒိယနိုင်ငံ ဘီကနာက လဒ်ဒီရာ ဆိုတဲ့ ရွာကလေးမှာ နှစ်ရက် နှစ်ညတိုင်တိုင် ကုလားအုပ်ပွဲတော် ကျင်းပလေ့ရှိပါတယ်။  ကမ္ဘာအရပ်ရပ်က ခရီးသွားတွေကတော့  အဲ့ဒီအချိန်ဆိုရင် ကုလားအုပ်ပိုင်ရှင်တွေရဲ့ အဆန်းကြယ်ဆုံးဖြစ်အောင် ပြင်ဆင်ထားတဲ့ ကုလားအုပ်တွေကို ကြည့်ရှု့ဖို့ ရောက်လာလေ့ ရှိပါတယ်။ 
          အဲ့ဒီအချိန်ဆိုရင် ကုလားအုပ်တွေမှာ ဆန်းကြယ်လှတဲ့ လက်ဝတ်ရတာနာတွေ၊ ဒီဇိုင်းအဆန်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ဖွင့်ပွဲ စတင်ကြတာပေါ့။  ကုလားအုပ်ပွဲတော်မှာ လူတွေ စိတ်အ၀င်စားဆုံးကတော့ ကုလားအုပ် အပြေးပြိုင်ပွဲပါ… ဒိုင်း ကနဲ သေနတ်ဖောက်လိုက်တာနဲ့ ကုလားအုပ်တွေကို စီးရင်း သူ့ထက်ငါ အမြန်ဆုံးဖြစ်အောင် အပြေးပြိုင်ကြတာဟာ မရိုးနိုင်တဲ့ ပွဲတော် အစဉ်အလာတစ်ခုပါတဲ့။  နောက်တစ်ခုကတော့ ရိုးရာ ရာဂျက်သန် အကနဲ့ ကုလားအုပ်တွေ ကပြဖျော်ဖြေတာပဲ ဖြစ်ပါတယ်။  စိတ်ဝင်စားစရာ ကောင်းသေးတာကတော့ ကုလားအုပ် နို့ညှစ်ပွဲတော်ပါတဲ့။  ကုလားအုပ်တွေရဲ့ နို့ဟာ အရသာ အနည်းငယ် ငံပေမယ့် အဟာရဖြစ်စေတဲ့ ဓာတ်တွေ အများကြီးပါဝင်ပါသတဲ့။  တစ်ကယ်လို့ သင်သာ ကုလားအုပ်ပွဲတော်ကို ရောက်ခဲ့ရင် ကုလားအုပ်နို့နဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်ချိုချိုကိုလည်း အားပါးတရ သောက်သုံးနိုင်မှာ ဖြစ်ပါသတဲ့။
          ညပိုင်းမှာဆိုရင်တော့ ရိုးရာ ကခုန်မှု့တွေနဲ့ ကုလားအုပ်ပွဲတော်ကို ဆင်နွှဲကြပြန်ပါတယ်။  ဒုတိယမြောက်ညဆိုရင်တော့ မီရှုးမီးပန်းတွေ ပစ်လွှတ်ပြီး ဆင်နွှဲကြတယ်လို့ ဆိုပါတယ်။  ကဲ…  သဲကန္တာရရဲ့ သင်္ဘောတွေဖြစ်တဲ့ ကုလားအုပ်တွေရဲ့ ပွဲတော်လေးတွေကို ဓာတ်ပုံလေးတွေက တစ်ဆင့် လည်ပတ်ကြပါစို့လားဗျာ..









Source : (Link 1, Link 2)


5 comments:

  1. ထူးထူးခြားခြားကုလားအုပ်ပွဲတော်အကြောင်း ဗဟုသုတရသွားတယ် မောင်အောင်ထွဋ်ရေ။ ပြင်ဆင်မွမ်းမံထားတာလေးတွေ အပြင်ကုလားအုပ်တွေကိုပါ အလှအပခြယ်သထားတာ သဘောကျတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. အဲသာကြောင့် Incredible India လို့ ညွှန်းကြ တာကလား

    ReplyDelete
  3. သူတို့တွေကလဲဂိုက်ပေးကြမ်းကြမ်းပဲနော်
    တကယ်ထူးဆန်းတဲ့ပွဲတော်ပါ
    ကုလားအုပ်တွေကသိတယ်ထင်တယ် မျက်နှာပေးကိုလဲကြည့်ကြဦး

    ReplyDelete
  4. ကုလားအုပ်ပွဲတော်လေးကို သဘောကျစွာလာကြည့်သွားပါတယ်ဗျာ

    ReplyDelete
  5. ဓါတ်ပုံတွေကို ကြည့်ပြီး ကျုပ်တို့ရွာက မောင်ရှင်လောင်းလှည့်ပွဲတွေကို ပြန်မြင်မိတယ်ဗျာ..
    သိပ်လှတာဘဲ....
    နောက်များကြုံကြိုက်မယ်ဆိုရင် သွားလိုက်ချင်သားဗျာ။

    ReplyDelete