စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, August 8, 2012

ပြဲ


          မိုး….. သူ့ကိုမျှော်နေသည်မှာ ကြာလှပြီ…  သူ့ရဲ့ အေးမြမှု့ကို လိုချင်မိသည်။  ထို့ကြောင့်ပင်သူ့ကို မျှော်သည်။  
          မျက်နှာကို မိုးစက်လေးတွေ လာမှန်တော့ ပျော်သည်… မျှော်လင့်ထားသော မိုးစက်ကလေးတွေ စိုစိုစွတ်စွတ်ဖြစ်လာတော့ ပျော်သည်။
          သို့သော် ခက်သည်က မုန်တိုင်းပါ တိုက်ခြင်းဖြစ်သည်။  ရှန်ဟိုင်းနားကို မုန်တိုင်းက ဖြတ်ပြီးတော့ ပွတ်သည်။  ပွတ်သောကြောင့် မိုးရော၊ လေရောပါသည်။  အစ တုန်းကတော့ မျှော်လင့်မိသည်၊ မုန်တိုင်းလာလျှင် စောင်ခြုံပြီး ကွေးမည်ဟု။  သို့သော် မှန်းချက်နှင့် နှမ်းထွက်က မကိုက်၊  မုန်တိုင်းက ပွတ်ရုံသာ ပွတ်သည်။  တီဗီထဲမှာတော့ မုန်တိုင်းကျတဲ့ မြို့တွေမှာ ကားတွေတုန်းလုံးလဲနေကြတဲ့ ပုံတွေ၊ အပင်တွေ လဲနေကြတဲ့ ပုံတွေ ပြသည်။  လူပေါင်း ၂ သိန်းကို evacuated လုပ်သည်ဟု သတင်းတွေထဲမှာ ပါသည်။  ထို ၂သိန်းသော လူတွေထဲမှာ ကျွန်တော့်ကိုတော့ အဖက်လုပ်ပြီးတော့တောင် evacuated အလုပ်ချေ။  ထိုထက်ဆိုးသည်မှာ ဒီမှာတော့ အလုပ် လားလားမျှ မနားချေ။  အလုပ်မနားသောကြောင့် အိမ်ထဲ စောင်ခြုံကွေးရမည့်အစား မိုးကာခြုံကာ ကျင်းထဲဆင်းပြီး တောင်ကြည့်မြောက်ကြည့် လျှောက်ကြည့်ရပြန်သည်။  ဆောက်လက်စ သင်္ဘောက Floating dock ပေါ်မှာ တင်ထားသည်။  မုန်တိုင်းကြောင့် သင်္ဘောချည်ထားသော ကြိုးပြတ်သွားလျှင် မြစ်လယ်သို့ ရောက်သွားနိုင်သည်။  ဒါကိုလည်း ခဏ၊ ခဏ သွားကြည့်ရသည်။  Frequency Converter တွေ၊ Main Switch board တွေက သင်္ဘောပေါ်ရောက်ကုန်ပြီ။  တစ်ချို့ကတော့ မိုးထဲ လေထဲမှာ ဒီအတိုင်း။  ဒါတွေကိုလည်း သွားသွားကြည့်ရပြန်သည်။  မပဒါ ဘယ်လိုရူးသွားသည်တော့မသိ၊  ကိုယ့်မှာတော့ ဒီသင်္ဘော၊ ဒီပစ္စည်းတွေ၊ ဒီမုန်တိုင်းနှင့် တောင်ပြေးမြောက်ပြေး။
          ကျင်းက Infrastructure ကတော့ အတော်တောင့်သည်။  မုန်တိုင်းတိုက်နေတာတောင်မှ သူတို့ရဲ့ လေလုံ မိုးလုံ Work shop တွေက အေးရာအေးကြောင်းပင်။  ထို့ကြောင့် work shop ထဲမှာ အလုပ်တွေက မနား။  ဒုတိယ တစ်စီးအတွက် Blocks တွေက erection စနေကြပြီ။  ယင်းတို့ကို မိုးထဲရေထဲ သွားကြည့်ရပြန်သည်။  ထို့ကြောင့် ပြဲသည်။  ဖင်ပြဲ အောင် အလုပ်လုပ်ရသည်ဆိုသည်မှာ ဘာကိုဆိုလိုမှန်း အခုမှ သဘောပေါက်သည်။  Coverall တွေ အကုန်လုံး ဖင်ပြဲကုန်ကြပြီ ဖြစ်သည်။  Coverall တွေလည်း အသစ်လဲရဦးမည်။  မုန်တိုင်းကတော့ ကျလို့ကောင်းတုန်း။  စောင်ခြုံပြီးကွေးမည်ဟု မက်ထားတဲ့ အိပ်မက်ကတော့ မုန်တိုင်းနှင့် အတူလွင့်သွားပြီဖြစ်သည်။  မုန်တိုင်းကိုသာ ထိုင်ဆဲရန်ရှိသည်။  မတတ်နိုင်။

6 comments:

  1. တော်တော်ဆိုးတဲ့..မုန်တိုင်းပဲ..:):)

    ReplyDelete
  2. မုန်တိုင်းကိုသာ ထိုင်ဆဲရန်ရှိသည် တဲ့ စိတ်ကြီးပါ့ ။

    ReplyDelete
  3. မုန်တိုင်းကိုထိုင်မဆဲပါနဲ့ သူကဘာမှပြန်မပြောတတ်ဘူးလေ

    ReplyDelete
  4. ကိုကိုမောင်(ပန်းရနံ့)August 8, 2012 at 7:55 PM

    !@#$%^&*()_+@#$%^&*()_!@#$%^&*()_+@#$%^&*()

    ဘာမှ မဟုတ်ဘူး။ မုန်တိုင်းကို ၀ိုင်းဆဲကူသွားတာ။း)

    ReplyDelete
  5. ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိအောင် တွက်ဆပြီးဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေကြားမှာ
    သူဆန်စားနေသမျှတော့ ရဲနေရအုံးပေမပေါ့ မောင်အောင်ထွဋ်ရေ။ အန္တရာယ်ကင်းဘေးရှင်းပါစေနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete