စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, August 4, 2012

တံဆိပ်နာမည်တွေ ဘယ်ကစတယ် ၂

Vodafone ကတော့ voice, data နဲ့ telefone တို့ကို ပေါင်းစပ်ထားတာပါတဲ့။

နာမည်ကျော် အိမ်သုံး ပရိဘောဂ ထုတ်လုပ်တဲ့ ကုမ္ပဏီ IKEA ရဲ့ နာမည် ပထမဆုံး နှစ်လုံးဖြစ်တဲ့ I နဲ့ K ကတော့ တည်ထောင်သူ ဆွီဒင်လူမျိုး Ingvar Kampard ရဲ့ ရှေ့ဆုံး နှစ်လုံးကို ယူထားတာဖြစ်ပြီးတော့ E နဲ့ A ကတော့ သူမွေးဖွားကြီးပြင်းခဲ့တဲ့ ရွာကလေး Elmtaryd Agunnaryd ရဲ့ ရှေ့ဆုံး နှစ်လုံးဖြစ်ပါသတဲ့။

နီကွန်ဆိုရင် ဓာတ်ပုံပညာရှင်တွေရဲ့ အသည်းစွဲပေါ့။  ကန်နွန်ထက် သက်တမ်းရင့်တယ်ဆိုပြီး ကြိုက်ကြတဲ့လူလည်း ရှိရဲ့၊ နီကွန်ဟာ ဒုတိယ ကမ္ဘာစစ်တွင်းတုန်းကတော့ ဂျပန်နိုင်ငံအတွက် မှန်ဘီလူးတွေ၊ မှန်ပြောင်းတွေ၊ ဗုံးကျဲလေယာဉ်တွေမှာသုံးတဲ့ bomb sights တွေ စသည် စသည်ဖြင့် ထုတ်လုပ်ခဲ့တာပေါ့။  Nikon ရဲ့ နာမည်အရှည်ကတော့ Nippon Kogaku ပါတဲ့။  အဓိပ္ပာယ်ကတော့ Japanese Optical ပါတဲ။

Pepsi ရဲ့ နာမည်ကတော့ အစာကျေလွယ်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့ Pepsin ပါလို့ Pepsi လို့နာမည်ပေးလိုက်ပါသတဲ့။





Ebay ဆိုတဲ့ ဆိုဒ်ကို Omidyar’s consulting firm ရဲ့ Echo Bay Technology Group က ပိုင်ပါသတဲ့။  ဒါပေမယ့် အိုမီဒိုင်ယာ ဟာ သူ့ ၀ဘ်ဆိုဒ်ဒိုမိန်းကို echobay.com ဆိုပြီးမှတ်ပုံတင်ဖို့လုပ်တော့ echobay.com ဟာ အခြားသော ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ ECHO BAY MINES က မှတ်ပုံတင်ပြီးသားရှိနေတာနဲ့ အတိုကောက်နာမည်ဖြစ်တဲ့ ebay.com ဆိုပြီးတော့ ၀ဘ်ဆိုဒ်ထောင်ဖြစ်သွားတာပါတဲ့။


IBM ရဲ့ အရှည်ကတော့ International Business Machine ပါတဲ့ဗျား



Nintendo ဆိုတာ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အတော်ဆော့လို့ကောင်းတဲ့ ဂိမ်းစက်တစ်ခုပေါ့။  Game boy မှာ မာရီယိုတို့၊ ရမ်ဘိုတို့၊ တင့်ကားလေးတွေ ပစ်၊ နောက် နီတန်းဒိုးပေါ်လာတော့ Street Fighter လိုမျိုး ဂိမ်းတွေဆော့။  အဲ့ သူ့ရဲ့ မူရင်း ဂျပန်နာမည် Nintendou ကို ဘာသာပြန်လိုက်ရင် ပထမ စာလုံး နင် Nin ဆိုတာက entrusted လို့ ဆိုပြီး Ten-dou ဆိုတာက Heaven ပါတဲ့။  နိဗ္ဗာန်ရောက်သလို ခံစားစေရမယ့် စက်လို့ ဘာသာပြန်ရမလားပဲ။  နိဗ္ဗာန်ရောက်မရောက်တော့မသိဘူး၊ မျက်လုံးတွေတော့ အတော်ဝါးသွားတယ်။


Nissan ရဲ့ အပြည့်အစုံကတော့ Nippon Sangyo ဖြစ်ပါသတဲ့။  အဓိပ္ပာယ်ကတော့ Japanese Industries ပါတဲ့။



Reebok ရဲ့ နာမည်ကတော့ အာဖရိက စာလုံပေါင်း Rhebok က လာပါသတဲ့။  Rhebok ဆိုတာကတော့ အာဖရိက တောဆိတ်တစ်မျိုးရဲ့ နာမည်ဖြစ်ပါသတဲ့။


Sharp ရဲ့ နာမည်ကတော့ ပထမဆုံး Sharp ကုမ္ပဏီကို တည်ထောင်သူရဲ့ ပထမဆုံး တီထွင့်မှု့ဖြစ်တဲ့ အမြဲတမ်း ချွန်ထက်နေမယ့် မြန်မာလို ခဲတံဘောပင်လို့ခေါ်တဲ့ ခဲတံတစ်မျိုးကို တီထွင်မှု့က စတင်ပါသတဲ့။


Sonus ဆိုတာက လက်တင်လို အသံကိုဆိုလိုပါသတဲ့။  ဆိုနီ ဆိုတာကတော့ အမေရိကန်တွေရဲ့ ဗန်းစကား တစ်ခုဖြစ်ပြီးတော့ ထက်မြက်တဲ့ လူငယ်တွေကို ရည်ညွှန်းပါသတဲ့။


ကော်ဖီဆိုင် STARBUCK ရဲ့နာမည်ကတော့ စာရေးဆရာ ဟာမန်း မဲလ်ဗီလီရဲ့ ၀တ္တုထဲက ဇာတ်ကောင်နာမည်ကို ယူထားတာပါတဲ့။


Verizon ရဲ့ နာမည်ကတော့ Veritas လက်တင်လို အမှန်တရားနဲ့ မိုးကုပ်စက်ဝိုင်း Horizon ကိုပေါင်းစပ်ထားတာပါတဲ့။  အတော်စိတ်ကူးကောင်းတယ်။


Virgin ရဲ့ ပိုင်ရှင် ရစ်ချက် ဘရန်ဆန် လုပ်ငန်းစတော့ ကောင်မလေးတစ်ယောက်က အပျိုစင်ဆိုတဲ့ နာမည်ကို ပေးရင်မကောင်းဘူးလားလို့ အကြံပေးပါသတဲ့။  ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလုပ်ငန်းအတွက် အပျိုစင်တစ်ယောက်လို ဘာအတွေ့အကြုံမှ မရှိလို့ပါတဲ့။




Volkswagen ဆိုတဲ့ နာမည်ကတော့ ဂျာမန်လို People’s car ပြည်သူ့ကား လို့ အဓိပ္ပာယ်ရပါသတဲ့။

Source : (Link)

1 comment:

  1. နှံ့နှံ့စပ်စပ်ကို ရှာဖွေထားတာပါလား မောင်အောင်ထွဋ်ရေ။
    မမြင်ဘူးသေးတဲ့ တံဆိပ်နာမည်တွေတောင်ပါနေတယ်း) ကျေးဇူး။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete