စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, August 23, 2012

Dennis Ritchie သို့ ကွန်ပျူတာ ဒစ်ဂျစ်တယ်လောကရဲ့ပုံစံသစ်ကို ထုဆစ်ခဲ့သူ


          Steve Jobs ကွယ်လွန်သွားတော့ သတင်းတွေထဲမှာ ပလူပျံပြီးတော့ ၀မ်းနည်းကြောင်းတွေ ဖော်ပြကြတယ်။  Steve Jobs သာ မပေါ်ပေါက်ခဲ့ရင် ကမ္ဘာပေါ်မှာ iPhone, iPad Macbook တွေကစလို့ အိုင်တစ်ခေတ်ကို စမ်းသစ်စေခဲ့တဲ့ လူ၊ ၂၁ ရာစုရဲ့ ဆုံးရှုံးမှု့ကြီး တစ်ရပ်လို့ခေါင်းစဉ်တပ်ခဲ့ကြတယ်။  ဒါပေမယ့် ကျွန်တော်တို့မေ့နေတဲ့ လူတစ်ယောက်ရှိပါတယ်။  သူကတော့ Dennis Ritchie သို့မဟုတ် ခေတ်သစ် ကွန်ပျူတာ ဒစ်ဂျစ်တယ်လောကရဲ့ အရေးအကြီးဆုံး အုတ်မြစ်ကို ထုဆစ်ခဲ့သူတစ်ယောက်။  သူ့ရဲ့ ဖန်တီးမှု့ကြောင့် ကျွန်တော်ခုရေးနေတဲ့ အကြောင်းအရာတွေကို ဖတ်လို့ရနေတာပါ။  သူသာ မဖန်တီခဲ့ရင် ကွန်ပျူတာတွေကို ဒီနေ့အချိန်မှာ ဒီလိုအဆင်ပြေတဲ့၊ user friendly ဖြစ်တဲ့ အခြေအနေနဲ့ မြင်တွေ့ချင်မှ မြင်တွေ့ရနိုင်တယ်။  သူဖန်တီးခဲ့တာကတော့ C programming language  ပါပဲ။  နောက်ပြီးတော့ Unix operating system ကိုပူးတွဲဖန်တီးခဲ့တဲ့ သူဖြစ်ပါတယ်။
          သူဟာ Steve Jobs နဲ့မရှေးမနှောင်းမှာ ကွယ်လွန်ခဲ့ပါတယ်။  သူကွယ်လွန်တဲ့အချိန်မှာ သူတစ်ယောက်ထဲ အထီးကျန်စွာနေခဲ့တဲ့ အိမ်လေးထဲမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီးတော့ သူကွယ်လွန်သွားတဲ့ အချိန်အတိအကျကိုတောင် ဘယ်သူမှ မသိခဲ့ပါဘူး။  ၂၀၁၁ အောက်တိုဘာ ၁၂ ရက်နေ့မှာ ကွယ်လွန်တယ်လို့ပဲ ပြောနိုင်ခဲ့ပါတယ်။  ဒီလိုနဲ့ပဲ သူဟာ လူမသိ၊ သူမသိ လောကကြီးကို ကျောခိုင်းပြီး ထွက်ခွာသွားခဲ့တယ်။  တစ်ကယ်လို့ Dennis သာမရှိရင် C programming ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။  C programming သာ မရှိခဲ့ရင် Unix, Windows ဒါမှ မဟုတ် Linux စတဲ့ OS တွေလည်း ရှိလာမှာ မဟုတ်ပါဘူး။  C programming မရှိခဲ့ရင် C++ ဒါမှမဟုတ် Object C စတာတွေလည်း ရှိလာမှာ မဟုတ်ပါဘူး။  သူသာမရှိခဲ့ရင် MacOS X, iOs, Photoshop, FLStudio, Firefox, Safari, Google Chrome, Playstation, Xbox စတာတွေလည်း ရှိလာမှာမဟုတ်ပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ ၉၀% သော အသုံးချဆော့ဖ်ဝဲတွေကို C ဒါမှမဟုတ် C++ နဲ့ ရေးထားလို့ဖြစ်ပါတယ်။ ဒီလိုမျိုး အသုံးဝင်လှတဲ့ Programming Language တစ်ခုကို ဖန်တီးခဲ့တဲ့ Dennis Ritchie ရဲ့ ကွယ်လွန်သွားမှု့ကို ဒီကနေပြီးတော့ပဲ ဂုဏ်ပြုလိုက်ပါရစေဗျာ။
Photo source : (Link)

Reference : (Wikipedia)

No comments:

Post a Comment