စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, August 12, 2012

ယွိယွမ် ပန်းခြံသို့ တစ်ခေါက်


            မနေ့ကတော့ ရှန်ဟိုင်းမှာ လျှောက်သွားသည်။  သွားရင်းနဲ့ မြို့ဟောင်းဘက်ကိုရောက်သည်။  ထိုမှ ယွိယွမ် ပန်းခြံ (Yuyang)ထဲသို့ရောက်သည်။  ၀င်ကြေးက တစ်ယောက်ကို ၃၀ ယွမ်ဖြစ်သည်။  ပန်းခြံဆိုပေမယ့် ရှေးခေတ်တရုတ်ကားတွေထဲက အိမ်ကြီးတွေ အတိုင်းပင်ဖြစ်သည်။  အဆောင်တွေ….. အဆောင်တွေ၊ ရေကန်လေးတွေ၊ ပေါင်းကူးတံတားလေးတွေ၊ သစ်ပင်လေးတွေ၊ ကျောက်တုံးတွေနှင့် ပြည့်နေသည်။  လျှောက်သွားရင်း မျက်စိလည်နေသည်။
          အင်တာနက်မှာ ပြန်ရှာကြည့်တော့ ယွိယွမ် အကြောင်းလေး ဖတ်မိသည်။  ၁၉၅၅ ခုနှစ်မှာ ပန်ယွီဒန် ဆိုတဲ့လူက သူ့အဖေ ၀န်ကြီး ပန်အန် အသက်ကြီးလာတော့ အနားယူဖို့တဲ့စိတ်ကူးနဲ့ ဖန်တီးမယ်ဆိုပြီး အကြံရတယ်လို့ဆိုပါတယ်။  နောက်ပိုင်း သားဖြစ်သူ ပန်ဟာ စီချွမ်ပြည်နယ် အုပ်ချုပ်ရေးမှုးအဖြစ်တာဝန်အပ်နှင်းခြင်းခံရတော့ ဒီပန်းခြံကြီးကို ဆက်ပြီးတော့ မဆောက်ဖြစ်ပြန်ပါဘူး။  ၁၅၇၇ နောက်ထပ်နှစ်ပေါင်း ၂၀ ကျော်ကြာမှ ပြန်လည်တည်ဆောက်ဖြစ်တယ်လို့ ဆိုပါတယ်။  နောက်တော့ ပိုင်ရှင်တစ်ယောက်ပြီးတစ်ယောက်ပြောင်း၊ စစ်အတွင်းကာလတွေမှာ အင်္ဂလိပ်တွေ လက်ထဲရောက်၊ ဂျပန်တွေလက်ထဲရောက်နဲ့ ၁၉၅၆ ကနေ ၁၉၆၁ ခုနှစ်အတွင်းမှာ ရှန်ဟိုင်းအစိုးရက ပြန်လည်ပြင်ဆင်ခဲ့ပြီးတော့ ၁၉၈၂ ခုနှစ်မှာတော့ နိုင်ငံရဲ့ အထင်ကရ အဆောက်အဦးအဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

          ပန်းခြံထဲမှာကတော့ အပင်တွေ၊ ရှေးဟောင်း အဆောက်အဦးတွေနှင့် စိမ်းစိမ်းစိုစိုပင်။







စိတ်ဝင်စားမိတာက လမ်းပေါ်မှာခင်းထားတဲ့ ကျောက်ပြားလေးတွေကိုဖြစ်သည်။  အုတ်ကို မီးဖုတ်၊ အချောင်းလေးတွေကို စိတ်ရှည်ရှည်နှင့် အကွက်ဖော်ထားခြင်းဖြစ်သည်။





ခြေထောက်နှစ်ချောင်းရှေ့က စက်ဝိုင်းနှစ်ခုထဲကို ခြေစုံရပ်လျှင် ချမ်းသာသည်ဟု ဆိုကြသည်.. ဟုတ်မဟုတ်တော့မသိ...

 အုတ်မီးဖုတ်တွေကို စီပြီးတော့ အကွက်ဖော်ထားခြင်းဖြစ်သည်။ အတော်လက်ဝင်မည့် အလုပ်...






6 comments:

  1. ခြေထောက်နှစ်ချောင်းရှေ့က စက်ဝိုင်းနှစ်ခုထဲကို ခြေစုံရပ်လျှင် ချမ်းသာသည်ဟု ဆိုကြသည်.. ဟုတ်မဟုတ်တော့မသိ...
    ကောင်းတာဆို ယုံတယ် .
    မကောင်းတာဆို မယုံဖူး :PPPP
    ဓာတ်ပုံလေးတွေ လှတယ် ခင်ည..

    ReplyDelete
  2. တချို့အဆောက်အဦးက ဘုံကျောင်းနဲ့တူတယ်
    အုတ်မီးဖုတ်တွေကို စီပြီးတော့ အကွက်ဖော်ထားတာတွေကတော့
    တကယ် အနုပညာဆန်လှတယ်

    ReplyDelete
  3. ရှန်ပိာုင်းရောက်တယ်ဒါပေမဲ့အဲဒီနေရာမရောက်ဘူးတော့

    ReplyDelete
  4. တို့လဲရောက်ဖူးတယ်၊၂၀၀၅ ခုနှစ်ကပေါ့
    အခုထပ်ပြီးသွားလည်ချင်သေးတယ်

    ReplyDelete
  5. တရုတ်ကတော့ ဒီလိုပဲ အဆောက်အဦးကကနုတ်နဲ့ ရေကန်ပါမယ် တံတားလေးတွေပါမယ် ဘုံကျောင်းပါမယ် ဒါပဲ ကျနော်တို့ မူဆယ်မှာဆို ဒီလိုတွေပေါမှပေါ တရုတ်တောင်သါားစရာလိုဘူးဗျ မြန်မာလည်း တရုတ်လက်ထဲတညေဖးဖြေးရောက်တော့မယ်

    ReplyDelete
  6. ယွိယမ်ပန်းခြံကို အလည်တစ်ခေါက်ပို့ပေးလိုက်လို့ ကျေးဇူးပါ မောင်အောင်ထွဋ်ရေ။
    ခြေစုံရပ်ရင်ချမ်းသာတယ်လို့ ယူဆထားပုံက ဘုရားတွေမှာရှိတဲ့ အောင်မြေနင်းသလို အယူအဆတွေထင်ပါရဲ့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete