စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, August 15, 2012

ရှန်ဟိုင်း အပိုင်းအစများ


          ရှန်ဟိုင်းသည် ရှန်ဟိုင်းသာလျှင်ဖြစ်သည်။  ရှန်ဟိုင်းသည် တိုက်တွေ တိုးထွက်နေသည်၊ လူတွေ ပြွတ်သိပ်နေသည၊် ကားတွေ ကြပ်ညပ်နေသည်။  ရှန်ဟိုင်းသည် ရှန်ဟိုင်းသာလျှင်ဖြစ်သည်။  The Bun ကို အပြင်ကကြည့်ကြည့် ပုံစံတူကြည့်ကြည့် The Bun သည် The Bun သာလျှင်ဖြစ်တော့သည်။  သို့သော် Planning ကတော့ အရေးကြီးသည်။  ကိုယ့်လူကိုယ် လက်ကုပ်ပြီး ငါးပွက်ရာ ငါးစာချ၊ ဆောက်ချင်တာတွေ လျှောက်ဆောက်လျှင် မြို့အလှသည် ဖြစ်ချင်တာတွေဖြစ်ကုန်လိမ့်မည်။ ခုတော့ ကျွန်တော်တို့ဆီမှာ မြို့ပြစီမံကိန်းဆိုလျှင် ဟိုနားမှာ ဟိုတိုက်၊ ဒီနားမှ ဒီတိုက် တောင်တစ်လုံး၊ မြောက်တစ်လုံး။  ရေနုတ်မြောင်းစနစ်၊ underground စနစ်ကောလို့ သွားမမေးနဲ့၊ မေးမိတဲ့လူ မှားသည်။  အားလုံးမှန်သည်။  
















3 comments:

  1. အလွမ်းပြေလာကြည့် သွားတယ်ဆရာရေ...
    ယုယွမ်ဂါးဒင်းလည်းပါသပေါ့ ...

    ReplyDelete
  2. ဒို့လည်းကြည့်သွားပါတယ် အလွမ်းပြေ

    ReplyDelete
  3. ရိုက်ချက်တွေကောင်းတယ် မောင်အောင်ထွဋ်ရေ။ အလည်သွားချင်တယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete