စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, August 4, 2012

တံဆိပ်နာမည်တွေ ဘယ်ကစတယ် ၁

နာမည်ကြီး နစ်ကီရဲ့ တံဆိပ်ကတော့ ဂရိစစ်ဘုရားတစ်ဦးရဲ့ နာမည်ကို ယူထားပါသတဲ့။  အမှန်လေးခြစ်ထားတဲ့ Swoosh လို့ခေါ်တဲ့ တံဆိပ်ပုံစံလေးကို ဖန်တီးသူကတော့ Carolyn Davidson ဆိုတဲ့ ဒီဇိုင်းပညာရှင်ဖြစ်ပြီးတော့ ၁၉၇၁ ခုနှစ်မှာ ဖန်တီးခဲ့တာပါ။  အဲ့ဒီတုန်းကတော့ သူမဟာ ဒီလိုတံဆိပ်လေး ရေးဆွဲခအဖြစ် ၃၅ ဒေါ်လာ တောင်းခဲ့ပါတယ်။  ၁၉၈၃ ခုနှစ်မှာတော့ Nike ရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ Knight ကနေပြီးတော့ သူမကို ရွှေနဲ့ပြုလုပ်ထားပြီး စိန်တစ်ပွင့်မြှုပ်ထားတဲ့ Nike ပုံစံ အမှတ်တရ တစ်ခုကို လက်ဆောင်အဖြစ်ပြန်ပေးခဲ့ပြီးတော့ စာအိတ်တစ်အိတ်လဲ ပေးခဲ့ပါတယ်။  အဲ့ဒီစာအိပ်ထဲမှာတော့ နစ်ကီရဲ့ တန်ဖိုးသတ်မှတ်မထားတဲ့ စတော့ရှယ်ရာတွေ ပါဝင်ခဲ့ပါတယ်။

တကမ္ဘာလုံးမှာ seven-eleven ဆိုင်လေးတွေအများကြီးရှိလာနေပါပြီ။  မူရင်း နာမည်လေးကတော့ “U-TOTE’M” ဆိုတဲ့ နာမည်ဖြစ်ပါသတဲ့။  နောက် ၁၉၄၆ ခုနှစ်မှာ မနက် ၇ နာရီကနေ ည ၁၁နာရီအထိ ဖွင့်ပါတယ် ဆိုပြီး အချိန်ပြောင်းလိုက်လို့ ပြောင်းလိုက်တဲ့ အချိန်နဲ့ ကိုက်ညီအောင် seven-eleven ဆိုတဲ့ နာမည်ကို ပြောင်းလိုက်ပါသတဲ့။  ခုများတော့ ၂၄ နာရီဖွင့်နေပြီ။ 

ဒီနေ့ မျဉ်းသုံးကြောင်း စောင်းစောင်းလေးတွေလို့ရင် ဒါဟာ အက်ဒီဒက်စ်လို့ သိနေကြပါပြီ။  အက်ဒီးဒက်စ်ကို စတင်တည်ထောင်သူကတော့ ဂျာမနီက Adolf Dassler ဖြစ်ပါသတဲ့။  Adolf ကိုတော့ အတိုကောက် adi လို့ခေါ်ကြပါသတဲ့။  သူ့ရဲ့ မျိုးရိုးနာမည်ရှေ့က ၃ လုံးဖြစ်တဲ့ das ကို ပေါင်းပြီးတော့ adidas ဆိုတဲ့ နာမည်ကြီး တံဆိပ်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။

Skype ရဲ့ မူလ ရည်ရွယ်ချက်ကတော့ Sky-peer-to-peer လို့ဆိုတဲ့ လေထုပေါ်မှ တစ်ယောက်နှင့် တစ်ယောက်ဆက်သွယ်ဖို့ ရည်ရွယ်ချက်ပါ။  နောက်တော့ skyper လို့ခေါ်ပြီးတော့ ခုတော့ skype စကိုက်ပီ ဖြစ်လာပါသတဲ့။


ဒီနေ့ ကွန်ပျူတာလောကမှာ Adobe ကို မသိသူ တော်တော်ရှားပါလိမ့်မယ်။  Adobe page maker ဆိုရင် မြန်မာနိုင်ငံက စာစီစာရိုက်လုပ်တဲ့ဆိုင်တိုင်းမှာ မရှိမဖြစ် ဆော့ဖ်ဝဲတစ်ခုပေါ့။  Adobe photoshop ဆိုရင်လည်း ဓာတ်ပုံပညာရှင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆော့ဖ်ဝဲ။  ဒီလိုနာမည်ဖြစ်လာရတာက စတင်တည်ထောင်သူ တွေထဲက ဂျွန်ဝါနော့ရဲ့ အိမ်နောက်ဖေးမှာ စီးဆင်းနေတဲ့ "အဒိုဘီ ခရိ"  ချောင်းကလေး ရဲ့ နာမည်ကို ယူထားပါသတဲ့။

ကားကုမ္ပဏီ အော်ဒီရဲ့ ပိုင်ရှင် August Horch ကတော့ သူ့ ကုမ္ပဏီရဲ့ နာမည်ကို ဘာသာပြန်ရင်းက ရရှိလာပါသတဲ့။  Audi မှာ ကိုယ်စားပြုထားတဲ့ ကွင်း ၄ ကွင်းကတော့ ကုမ္ပဏီလေးခု ပေါင်းစည်းထားခြင်းကို ညွှန်းဆိုပါတယ်။  ဒါကတော့ Audi နဲ့ DKW, HORCH, WANDERER တို့ ပေါင်းစည်းထားခြင်း ဖြစ်ပါသတဲ့။





3M ဆိုတာကတော့ မူရင်းကုမ္ပဏီ Minnesota Mining and Manufacturing ကုမ္ပဏီက သူတို့လုပ်ငန်း အသစ်တွေကို ချဲ့ထွင်ဖို့ ပြင်ဆင်ရင်း နာမည်ကိုပါပြောင်းလိုက်လို့ 3M ဆိုပြီး ဖြစ်လာတဲ့ တံဆိပ်တစ်ခုပါ။



အမေဇုန်ရဲ့ ပိုင်ရှင် ဂျိဖ် ဘီဇိုးစ် ကတော့ သူ့ကုမ္ပဏီရဲ့ နာမည်ကို a နဲ့မှ စချင်ပါသတဲ့။  ဒီတော့မှ နာမည်တွေ စီရင် သူ့နာမည်က ထိပ်ဆုံးရောက်မယ်လို့ ယူဆလို့ပါတဲ့။  ဒီလိုနဲ့ သူ အဘိဓာန်စာအုပ်ကိုလှန်ရှာကြည့်တော့ အမေဇုန် ဆိုတဲ့ နာမည်ကို ရွေးခဲ့ပါသတဲ့။  အမေဇုန်မြစ်ဟာ ကမ္ဘာပေါ်မှာ အရှည်လျှားဆုံးမြစ်ဖြစ်သလို သူ့ကုမ္ပဏီကိုလည်း တစ်နေ့ ကမ္ဘာပေါ်မှာ အကြီးဆုံး ကုမ္ပဏီ ဖြစ်စေလိုတဲ့ သဘောပါတဲ့။


Canon ရဲ့ မူရင်း နာမည်ကတော့ KWANON ဖြစ်ပါတယ်။ ဂျပန်လို အဓိပ္ပာယ်ကတော့ ကွမ်ရင်မယ်တော်ကို ရည်ညွှန်းပါသတဲ့။  နောက်တော့ တစ်ကမ္ဘာလုံးကလူတွေ ခေါ်တွင်ရလွယ်စေဖို့ 1935 မှာ Canon လို့ ပြောင်းလိုက်ပါတယ်။



ကိုကာကိုလာရဲ့ နာမည်ကတော့ Coca အရွက်ရယ် Kola အစေ့ရယ် အသုံးပြုလို့ပါတဲ့။  စတင်တည်ထောင်သူ John S. Pemberton က Kola ဆိုတဲ့နာမည်က “K” ကို “C” လို့ပြောင်းလိုက်ရင် ပိုပြီးတော့ ကြည့်ကောင်းလို့ Coca-Cola ဆိုပြီး ဖြစ်လာပါသတဲ့။



 Source : (Link)


4 comments:

  1. မှတ်သားစရာမို့လို့ ဖတ် သွားပါတယ်..
    အဒိုဘီ ခရိ က လူနာမည် မဟုတ်ပါ..ချောင်းကလေးရဲ့ နာမည် ဖြစ်ပါတယ်..
    KWANON ဆိုတာ မြန်မာလို ကွမ်ယင်မယ်တော် ကို ဆိုလိုတာပါ..
    =)

    ReplyDelete
  2. ခုလိုမျိုးပြောပြတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။ ကျွန်တော်ပြင်လိုက်ပါပြီ။

    ReplyDelete
  3. မှတ်သားစရာ ဗဟုသုတတွေအတွက် ကျေးဇူးပါ မောင်အောင်ထွဋ်ရေ။
    အမှတ်တမဲ့နေလို့ မသိတာတွေအများကြီးပဲး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. this post give me many knowledges and thanks u!!

    ReplyDelete