စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, November 8, 2011

၂၀၁၂ ကမ္ဘာပျက်ရင် သုံးဖို့ လှေဆောက်နေတဲ့ တရုတ်


          ၂၀၁၂ မှာ ကမ္ဘာကြီး တစ်ကယ်ပျက်သုံးသွားမှာလား။  ဟုတ်သည် မဟုတ်သည် အပထာ ၂၀၁၂ ရုပ်ရှင်ကတော့ ငွေတွေ သဲ့ယူသွားပါတယ်။  ခုတော့ ဟန်နန် ပြည်နယ် လျှိုဟီးမြို့က ကိုရွှေတရုတ်ကတော့ ၂၀၁၂ မှာ ကမ္ဘာကြီး တစ်ကယ့်ကို ပျက်တော့မယ်လို့ ယုံကြည်နေပါသတဲ့။  ဒါကြောင့် ကမ္ဘာကြီးပျက်ရင် သုံးရန်အလို့ငှာ သမ္မကျန်းစာလာ နောဧရဲ့ သင်္ဘောကြီးလိုမျိုး သင်္ဘောတစ်စီးကို ဆောက်နေပါသတဲ့။
          ဒီသင်္ဘောအတွက် ယွမ်ငွေ ၂ သောင်း (ဒေါ်လာ ၃ထောင်) ကျော်ကျော်လောက် ကျပြီး ၈မီတာ ရှည်ပြီး ၂.၅ မီတာ အချင်းရှိတဲ့ ဆီကန်ကြီးကို အသုံးပြုထားတယ်လို့ဆိုပါတယ်။  ဒီ ဟာကြီးကို ပြုတင်းပေါက်တွေလည်း တပ်ဆင်ထားပြီး ဘီခြောက်ဘီးလည်း တပ်ဆင်ထားပါသတဲ့။  ဒါကြောင့် အလွယ်တစ်ကူ ထရပ်ကားနှင့် သယ်ယူပြီး ကမ္ဘာကြီးပျက်လို့ ရေကြီးလာရင် ပေါလော မြောနိုင်ပါသတဲ့။

          ဒီ အ၀ိုင်းကြီးထဲမှာ လူ ၂၀ လောက်နေလို့ရနိုင်ပြီး အခန်း ၃ ခန်းပါဝင်ပါသတဲ့။  ပထမအခန်းက နားနေခန်း၊ ဒုတိယအခန်းက စတိုခန်းဖြစ်ပြီး ၁လစာ အစားအစာတွေကို သိုလှောင်နိုင်ပါသတဲ့။  နောက်ဆုံးတစ်ခန်းကတော့ အိပ်ခန်းဖြစ်ပါတယ်။  အလုပ်သမားတွေအဆိုအရကတော့ သူတို့ဟာ ဒီဟာကြီးထဲကို အဲကွန်းတို့၊ မီးစက်တို့၊ မီးဖိုချောင်သုံး ပစ္စည်းတို့ ထည့်ဦးမတဲ့။
          အင်း ကမ္ဘာကြီးသာ မပျက်ခဲ့ရင်တော့ ဒီဟာကြီးကို ဘယ်နားသွားသုံးမယ်မသိပါဘူး။  ကဲ… ကြိုတင်ကာကွယ်ချင်တဲ့သူတွေလည်း သင်္ဘောတွေဘာတွေ စဆောက်လို့ ရနေပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျား…………………




Source : (Link), Photo : From Internet.

9 comments:

  1. နာတို့လဲသဘောင်္ဆောက်မယ်
    အင်ဂျင်နီယာနဲ့မဆောက်ဘူး
    ကိုယ်တိုင်ဆောက်မယ်
    အင်ဂျင်နီယာ ပစ္စည်းခိုးမှာစိုးလို့။
    ခင်တဲ့ jasmine

    ReplyDelete
  2. မမဂျက် သဘောင်္ဆောက်မယ်ဆိုရင်တော့ ညီမလေးလဲ မပူတော့ဘူး မမသဘောင်္လိုက်စီးမှာနော် .... :P:P

    ReplyDelete
  3. အင်း မဒမ်လွင်ပြင်အတွက် သင်္ဘောတစ်စီးအမြန်ဆောက်မှ
    ကိုယ်ပိုင်လေးပဲဆောက်တော့မယ်

    ReplyDelete
  4. အင်ဂျင်နီယာကြီးကို အားကိုးရမယ်လေ...

    ReplyDelete
  5. ဟုတ်ပကိုမောင်သန့်ရယ် ၂၀၁၂ ခါတော်မီလေး လုပ်စားမလို့ လမ်းကြောင်းလေးပေးပါတယ်.... ငတ်ပေါက်ကို ဆိုက်ရော... မဂျက်စ်ကလည်း သူ့ဟာသူဆောက်မတဲ့၊ မအိန်ဂျယ်ကျပြန်တော့ ကပ်စီးဦးမတဲ့။ ကိုလွင်ပြင်ကျပြန်တော့လည်း မဒမ်လွင်ပြင်အတွက် သူကိုယ်တိုင် ဆောက်ပေးဦးမတဲ့။ :(

    ReplyDelete
  6.့ Ah က ရေဆင်း ကဆိုတော့ Ah ကိုပဲ ကပ်တော့မယ် :)

    ReplyDelete
  7. ဟေးးး ဘူမှအားမကိုးဘူး ကိုအားထောင်ကရေဆင်းဆိုတော့ ဆင်းပဲဆင်းတက်မှာ တက်တက်မှာမဟုတ်ဘူး
    အဲဒီတော့ကိုယ့်ဟာကိုယ်ပဲ ရေသန့်ဘူးတွေခုထဲကစုပြီး ကြိုးချည်ထားတော့မယ်
    ..
    လမ်းတကာလှည့်ပြီး ရေသန့်ဗူးကောက်ပါမည်း)

    ReplyDelete
  8. တီတင့်တော့ မောင်သန့်လိုပဲ မောင်အောင်ထွဋ်ကို အလုပ်အပ်လိုက်ပြီနော်း))တီတင့်က မွေးစားသားသမီးတွေလည်း များတော့ သင်္ဘောကြီးကြီးမှဖြစ်မယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. တတ်လည်းတတ်နိုင်တဲ့တရုတ်

    ReplyDelete