စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, November 6, 2011

ကမ္ဘာ့သေးဆုံး နဂါးရုပ်ထု

        ထိုင်ဝမ်နိုင်ငံက ပန်းပုပညာရှင် ချန်ဖောင်းရှုဟာင်း ဆိုသူကတော့ သူထုလုပ်ထားတဲ့ နဂါးပန်းပုရုပ်ထုဟာ ကမ္ဘာပေါ်မှာ အသေးငယ်ဆုံး နဂါးရုပ်ဖြစ်ပါတယ်လို့ ကြေညာလိုက်ပါသတဲ့။  ဒီရုပ်ထုကို ၂၀၁၂ ခုနှစ်အတွက်ရည်ရွယ်ပြီး ထုလုပ်ခဲ့တာပါ။  နဂါးရုပ်တစ်ရုပ်လုံးမှ လက်မ၀က်သာရှိပြီး ဘယ်လောက်သေးငယ်သလဲဆိုတာကို ပေါ်လွင်အောင် အကြွေစေ့နဲ့ ယှဉ်ပြီး ပြသခဲ့ပါတယ်တဲ့။  အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ဒီပန်းပု ပညာရှင်ကတော့ ဒီရုပ်ထုလေးကို အချိန် ၃လကြာ အချိန်ယူပြီး ထုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။  ဒီရုပ်ထုကို သေသေချာချာကြည်ချင်ရင် မှန်ဘီလူးနဲ့ကြည့်မှ မြင်ရမှာပါ။  
            ချန် ကတော့ "ကျွန်တော့်အတွက် အခက်အခဲဆုံး အပိုင်းကတော့ နဂါးရဲ့ လျှာနဲ့ လက်သည်းအချွန်တွေကို ပြုလုပ်ရတဲ့နေရာပါ။  ဒီနေရာလေးတွေက တစ်ကယ့်ကို အသေးစိတ် ထုလုပ်ရတဲ့ နေရာလေးတွေပေါ့၊  နောက်ပြီးတော့ နဂါးရဲ့ မေးရိုးတွေနဲ့ နဂါးရဲ့ နှုပ်ခမ်းမွှေးတွေပါ၊ ဒါလေးတွေက အတော့်ကို သေးငယ်တော့ လက်ဝင်လှပါတယ်။  နဂါးရုပ်ပုံပေါ်လာတော့ နဂါးရဲ့ ကိုယ်လုံးအတွက် အထူးကို အာရုံစိုက်ပြီ အလုပ်လုပ်ရပါတယ်။  ကျွန်တော်က နဂါးဆိုရင် မာန်ဟုန်အပြည့်နဲ့ လေဟုန်ခွင်းနေတဲ့ ပုံစံမျိုးဖြစ်အောင် လိုချင်တာ၊ ဒါမှ နဂါးတို့ရဲ့ သရုပ်ပေါ်မှာပေါ့" လို့ ပြောသွားပါတယ်။  အောက်က YouTube ဗီဒီယိုလေးမှာတော့ ဒီသေးငယ်လှတဲ့ နဂါးရုပ်ကလေးကို ကြည့်နိုင်ပါပြီ။

              သူတို့နိုင်ငံတွေများ မီဒီယာတွေ တိုးတက်ထွန်းကားလေတော့ ဒီ နဂါးပိစီလေးထုတာလည်း ကမ္ဘာက သိတာပါပဲ။  မည်သို့ပင်ဖြစ်စေပေါ့လေ မီဒီယာတွေ မီဒီယာ ပီပ်ီသသ အလုပ်လုပ်မယ်ဆိုရင်တော့ သက်ဆိုင်ရာ မီဒီယာရဲ့ နိုင်ငံကတော့ ကောင်းကျိုးများစွာ ခံစားရပါတယ်။

Source : (Link, YouTube)

3 comments:

  1. အင်း ...တော်တော် လက်ရာ ကောင်းတယ်နော် ..

    ReplyDelete
  2. ဗဟုသုတလေး ရယူသွားတယ် မောင်အောင်ထွဋ်ရေ။ ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. လက်ရာတော့အရမ်းကိုပြောင်မြောက်တယ်နော်
    နဂါးပုံကခက်တယ်မလွယ်ဘူး....
    သူကအနုစိတ်လေ
    တစ်ခြားအကောင်းတွေကအဲဒီလောက်မခက်ဘူး
    ခင်တဲ့ မဂျက်

    ReplyDelete