ခွေးဖက်ရှင်ဆိုတာကတော့ တစ်ကယ့်ခွေးကလေးတွေအတွက်
ဖက်ရှင်ဒီဇိုင်းထွင်ပြီး ဖလောရီဒါ ပြည်နယ် Fort Lauderdale မှာ တစ်ကယ့် ရှိုးပွဲလုပ်ခဲ့တာပါ။ ဒါဟာ ရံပုံငွေပွဲကလေးပါတဲ့။ ဒီပွဲကရတဲ့ငွေတွေကို ပိုင်ရှင်မယ့် အိမ်မွေး တရိစ္ဆာန်လေးတွေအတွက်
နေဖို့နေရာလေးတွေ၊ ပြုစုစောင့်ရှောက်ဖို့တွေ နဲ့ ဆေးကုသမှု့အတွက်ပါရည်ရွယ်တယ်လို့ဆိုပါတယ်။ ဒီရှိုးပွဲကနေ ဒေါ်လာ ၂ သောင်း ၅ ထောင်ကျော်လောက်ရဖို့
မျှော်လင့်ထားပါသတဲ့။ ၁၉၇၆ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တဲ့
အမန်ဒါ လူမှု့အဖွဲ့အစည်းက ဒီရှိုးပွဲလေး ဖြစ်လာအောင် ကျောထောက်နောက်ခံပေးထားပြီးတော့
ဒီအဖွဲ့အစည်းဟာ နှစ်စဉ် ပိုင်ရှင်မယ့် တိရိစ္ဆာန်ပေါင်း ၁ သောင်းကျော်အတွက် ပိုင်ရှင်ရှာဖွေပေးနိုင်ခဲ့ပါတယ်တဲ့။
ဒီဓာတ်ပုံတွေရဲ့ မူရင်းကတော့
Photo : J Pat Carter/AP ဖြစ်ပါတယ်။
Source : (Link)
လန်းတယ် အစ်ကိုရေ။
ReplyDeleteခွေးတွေများ လူတွေထက်တောင် ကောင်းစားနေပါလား။ Miss universe လို Dog universe များ နောင်တချိန်ပေါ်လာဦးမလားပဲ။
ReplyDelete;)
ဝက်ဖက်ရှင်လေးများတွေ့ရင်လည်း
ReplyDeleteဘလော့မှာတင်ပေးဦးနော်..
jerry pigpig