အရင်ပိုစ့်တုန်းက စနစ်အကြောင်းလေး စဉ်းစားဖြစ်တယ်။ ခုတလော ဘာဖြစ်နေတယ်မသိဘူး။ စဉ်းစားရင်းနဲ့ကို စဉ်းစားဖြစ်နေတယ်။ ခုလည်း လှိုင်းအကြောင်းစဉ်းစားဖြစ်နေတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း၊ ခု စတုတ္ထလှိုင်းက
ကမ္ဘာကြီးကို ရိုက်ခတ်နေတယ်။ ကျွန်တော်တို့တွေ
အသည်းအသန် လှိုင်းတွေကြားထဲမှာ အလဲလဲ အပြိုပြို။
သို့သော် ကျွန်တော်တို့ Facebook သုံးသည်၊ Gmail သုံးသည်။ သို့သော် တစ်ခုစဉ်းစားရမည်မှာ အဆိုပါ အဖွဲ့အစည်းများသည် နိုင်ငံတစ်ခုလုံး၏ လူတော်တော်များများ၏ သတင်းအချက်အလက်ကို အဆိုပါနိုင်ငံထက် ပိုပြီးတော့ စုံစုံလင်လင် သိနိုင်သည်။ သတင်းအချက်အလက် သိုလှောင်ထားသော ဘဏ်တိုက်ကြီးမှာ သူတို့နိုင်ငံမှာ ရှိသည်။ ကျွန်တော်တို့နိုင်ငံတွင်မရှိ။ သို့သော် မသုံးပဲနေနိုင်သလား၊ မနေနိုင် ထို့ကြောင့် သုံးသည်။ ထိုအချက်အလက်တွေ တစ်နေ့မှာ ပေါက်ကွဲထွက်လာနိုင်လား၊ မည်သူမျှ မပြောနိုင်ပေ။ ထားလိုက်ပါတော့ အချိန်က စကားပြောသွားပေလိမ့်မည်။ စတုတ္ထလှိုင်းကတော့ အရှိန်ရနေပြီ။
သို့သော် ကျွန်တော်တို့နိုင်ငံကြီးကို ပြန်ကြည့်လိုက်မိသည်။ ပထမလှိုင်းထဲတွင် အိပ်မောကျနေသည်။ ဒုတိယလှိုင်းက ၁၉၅၀ ကျော်ကထည်းက တာစူဖို့ လုပ်လိုက်တာ မူမျိုးစုံ နာမည်တပ်ပြီး ပြန်လည် အိပ်မောကျသွားပြန်သည်။ စိုက်ပျိုးရေးကို အခြေခံထားသည်မှာ ယခုအထိ အခြေခံထားတုန်း၊ ဘယ်တော့မှ နောက်တစ်ဆင့်တက်မှာလည်း။ ဖြစ်နိုင်သည် ဖြစ်နိုင်လို့လည်း ၁၉၅၀ ၀န်းကျင်က စက်ရုံတွေ ကျွန်တော်တို့ဆီမှာ ကျန်ခဲ့တာပေါ့။ စက်မှု့ ၁ ရဲ့ ဟီးနိုးကြီးတွေ၊ ရွာထောင်က မီးရထားစက်ခေါင်းရုံတွေ ဒါတွေ ဖြစ်လာတာပေါ့။ သို့ပေမယ့် ဆက်ခံသူမရှိတာက အခြေအနေကိုဆိုးသွားစေတယ်လို့ မြင်မိတယ်။ ဘာကို ဆက်ခံရမှာလည်းပေါ့လေ။ ဥပမာလေးတစ်ခု ပေါ့၊ စင်ကာပူဆိုတာ တံငါရွာလေးတစ်ရွာ နောက် အင်္ဂလိပ်တွေ ၀င်တယ်၊ နောက် ဂျပန်ဝင်တယ် နောက် အင်္ဂလိပ်ကို ပြန်မှီတယ် ပြန်ကြည့်လိုက်ရင် မြန်မာနိုင်ငံလိုပဲ သူတို့တွေလည်း စစ်ရဲ့ဒဏ်ချက်တွေခံခဲ့ရတယ်။ ဒါပေမယ့် မျိုးချစ်တွေက စင်ကာပူကို လွတ်လပ်ရေးရအောင် ကြံဆောင်ပေးခဲ့ကြတယ်။ စင်ကာပူကို ထူထောင်တုန်းက ၀န်ကြီးချုပ် လီကွမ်းယုဟာ တော်တော်လေးကို အားကြိုးမာန်တက် အလုပ်လုပ်ခဲ့တယ်။ စက်မှု့ဇုံတွေ ဖော်ဆောင်တယ်၊ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ကျွန်တော် အဲ့ဒီခေတ်က ကျွန်တော်တို့လိုပဲ ခေါ်ခဲ့တယ်။ စက်ရုံတွေ ပေါ်လာတယ်။ သူကိုယ်တိုင် အားကြိုးမာန်တက် အလုပ်တွေလုပ်တယ်၊ စက်မှု့လုပ်ငန်းရဲ့ အသက်ဖြစ်တဲ့ လျှပ်စစ်၊ ရေ၊ လေ၊ ဆီ၊ လုပ်အား စတဲ့ Facility အားလုံး ပြည့်စုံအောင် သူကြိုးစားပေးတယ်။
အဲ့ဒီမှာ Keppel’ ဆိုတဲ့ နာမည်ကို စင်ကာပူက မြန်မာတိုင်းကြားဖူးကြမှာပါ။ ဆိုတော့ Keppel’ Offshore and Marine ဆိုတာကြီးက စင်ကာပူထူထောင်ကတည်းက ရှိခဲ့တာလား။ မဟုတ်ပါဘူး။ စင်ကာပူထူထောင်တုန်းက Keppel’ FELS ဆိုတဲ့ နာမည်တောင် မရှိပါဘူး။ ဂျပန်တွေ၊ အနောက်နိုင်ငံသားတွေက စင်ကာပူမြေပေါ်ကိုလာ စာချုပ်တွေချုပ် သင်္ဘောကျင်းတွေ ဆောက်ကြတယ်။ အခု Keppel FELS ဆိုတဲ့ မြေနေရာက ဟိုတုန်းက HITACHIလား MITSUBISHI လားမမှတ်မိတော့ဘူး အဲ့ဒီ သင်္ဘောကျင်းနေရာ။ စာချုပ်လည်း သက်တမ်းစေ့ရော ဟိုက ဂျပန်တွေက မြေနေရာ ဆက်ငှားချင်ပေမယ့် စင်ကာပူအစိုးရက ပေးမငှားတော့ပါဘူး။ ဆိုတော့ ဂျပန်တွေက ဟုတ်ပြီး မြေနေရာ မငှားတော့ဘူးဆိုတော့ ငါတို့ လာဆောက်သွားတဲ့ သင်္ဘောကျင်းကြီးက ကရိန်းတွေ၊ တွင်ခုံတွေ၊ စက်ရုံတွေ စတဲ့ ပစ္စည်းတွေ ဘယ်လိုလုပ်မလဲပေါ့။ ဆိုတော့ စင်ကာပူကလည်း ဟာ … ဒါဆိုရင်တော့ ကျွန်တော်တို့ကို ရောင်းခဲ့ပါပေါ့။ အဲ့ဒီလိုနဲ့ အရောင်းအ၀ယ်တည့်ရောဆိုပါဆိုဗျာ။ အရောင်းအ၀ယ်တည့်ပြီးတော့ ဈေးဖြတ်တဲ့အခါကျတော့ ဂျပန်တွေ အဲ့ဒီသင်္ဘောကျင်းကြီးတစ်ခုလုံးအတွက် ဘယ်လောက်ရတယ်ထင်ပါသလည်း? ဒေါ်လာ ထောင်စွန်းစွန်း လောက်သာ ရတယ်လို့ဆိုပါတယ်။ ဘာကြောင့်လည်း၊ စာချုပ်ကြောင့်ပါ။ ဘာစာချုပ်လည်း ဆိုတော့ ပစ္စည်းတွေဟာ အချိန်ကြာတာနဲ့အမျှ တန်ဖိုးကျခြင်းကို ထည့်သွင်းချုပ်ဆိုထားမှု့၊ သင်္ဘောကျင်း လည်ပတ်ခဲ့တဲ့နှစ်တွေအတွင်းမှာ ပြုပြင်ထိန်းသိမ်းစရိတ်တွေ… စတဲ့ အသေးစိတ်အချက်အလက်တွေ ထည့်သွင်းခဲ့တာကြောင့် တရားဝင်ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ ဂျပန်တွေ အထိနာခဲ့ပါတယ်။
အထိနာခဲ့တဲ့ ဂျပန်တွေ လာလုပ်သလည်းဆိုတော့ ကျင်းတစ်ခုလုံးရဲ့ အသက်ဖြစ်တဲ့ Facility လို့ခေါ်တဲ့ လေလိုင်း၊ ရေလိုင်း စတဲ့ ပိုက်လိုင်းတွေလားလုံးကို ကွန်ကရစ်နဲ့ပိတ်ပြီးတော့ ပိုက်တွေပြန်ဆက်ခဲ့တယ်လို့ဆိုပါတယ်။ ဆိုတော့ စင်ကာပူတွေလက်ထဲကိုရောက်တဲ့အချိန်မှာ သင်္ဘောကျင်းကြီးဟာ အလုပ်မလုပ်တော့ပါဘူး။ ဒီတော့ စင်ကာပူတွေဘာလုပ်ပါသလည်း? အဲ့ဒီ ဂျပန်သင်္ဘောကျင်းက သင်္ဘောကျင်း မန်နေဂျာကို ပိုက်ဆံအများကြီးပေးပြီး ပြန်ခေါ်ပါတယ်။ အလုပ်ပြန်ခန့်ပါတယ်၊ သူတို့ ဆို့သွားတဲ့၊ ပိတ်သွားတဲ့၊ ပညာပြသွားတဲ့ နေရာတွေအားလုံးကို ပြန်ပြီးတော့ ကောင်းအောင် ပြုပြင်ယူပါတယ်။ သင်္ဘောကျင်းလည်း ကောင်းသွားရော အဆိုပါ ဂျပန်ကို ကန်ထုတ်ပါတယ်။
ဟုတ်ပါပြီး သင်္ဘောကျင်းကြီးရှိပါပြီ။ ဘယ်သူက အလုပ်အပ်မှာတုန်း။ စင်ကာပူထွက် စင်ကာပူကလူတွေ ဆောက်တဲ့ သင်္ဘော ဘယ်လောက်ကောင်းလည်း ဘယ်သူမှ မသိပါဘူး။ ဒီအတွက်ကြောင့် သူတို့ဟာ နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့ ပူပေါင်းပြီးတော့ မိတ်ယူသလို၊ နည်းပညာတွေလည်း ယူပါတယ်။ ဂျပန်တို့ရဲ့ စနစ်နဲ့ တည်ဆောက်ထားတဲ့ ဒီစက်ရုံကြီးဟာ အလွန်စနစ်ကျသလို ဖွဲ့စည်းပုံကလည်း အများကြီး အတုယူလို့ စက်ရုံကြီးဟာ တော်တော်လေးကို အဆင့်မြင့်ခဲ့တယ်လို့ဆိုပါတယ်။ ဒါနဲ့ ဒီမြေနေရာကြီးဟာ Far East Levingston Ston (FELS) ဆိုတဲ့ နာမည်နဲ့ Offshore ဆောက်တဲ့ သင်္ဘောကျင်းဖြစ်လာပါတယ်။ ဒီလူတွေကနေပြီး နိုင်ငံတစ်ကာ မိတ်တွေကအောင်ယူပြီးတော့ စင်ကာပူမှာ လာပြီးဆောက်ကြတယ်။ ဒီကနေပြီးတော့ နောက်ပိုင်းမှာ အစိုးရလက်ထဲ ကိုရောက်အောင် ယူပြီးတော့ ဒီကနေ့မြင်လာရတဲ့ Keppel FELS ဆိုတာဖြစ်လာတာပါ။ Keppel ရဲ့ ၀ဘ်ဆိုဒ်ကို ကြည့်လိုက်ရင်လည်း သူ့သမိုင်းကြောင်းကို တွေ့နိုင်မှာပါ။ ဒီလိုဖြစ်လာဖို့ အစိုးရရဲ့ လိမ္မာပါးနပ်မှု့၊ ရေရှည်စီမံကိန်းကို အကွက်ကျကျ ချနိုင်မှု့ဒါတွေ ကိုမြင်နိုင်မှာပါ။
ခုတော့ Keppl O&M အစုအဖွဲ့ကြီးကဟာ ကမ္ဘာတစ်ဝှမ်းကို ဖြန့်ကျက်နေပါပြီ။ ဘရာဇီး၊ ဖိလစ်ပိုင်၊ တရုတ်၊ စင်ကာပူ၊ အရှေ့အလည်ပိုင်း၊ ဥရောပ စတဲ့ နိုင်ငံတွေမှာပါ စင်ကာပူသားတို့ သွားရောက်မြှုပ်နှံနေပါပြီ။ အဲ… အဲ့ဒီနေရာမှာလည်း ပြောစရာလေးကရှိသေးတယ်။ အဲ့ဒီစက်ရုံကို ဘယ်သူအုပ်ချုပ်သလည်း? အစိုးရလား မဟုတ်ပါဘူး။ အစိုးရက အသေးစိတ်ကို ၀င်ရောက်စွက်ဖက်မှု့ရှိပါဘူး။ နိုင်ငံတစ်ဝှမ်းလုံး ဆိုင်ရာစီမံကိန်းကြီးသာချမှတ်တာဖြစ်ပြီး၊ ဒီ Keppel ရဲ့ တိုးတက်မှု့ကို စင်ကာပူက စီမံကိန်းကျကျ မွေးယူထားတဲ့ အနာဂတ် လူငယ်တွေနဲ့ အဖွဲ့အစည်းကြီးတစ်ခုလုံးကို လူကြီးလူငယ်ရောစပ်ပြီး တည်ဆောက်ခဲ့တာပါ။ ဟိုတစ်ရက်က ကျွန်တော်အခု သင်္ဘောဆောက်နေတဲ့ Keppel Nantong ရဲ့ President နဲ့ ထမင်းစားရင်း စကားပြောဖြစ်တယ်။ ဘယ်နိုင်ငံကလည်း ဆိုတော့ ကျွန်တော်က မြန်မာနိုင်ငံကပါဆိုတော့ မြန်မာနိုင်ငံအကြောင်း၊ ရန်ကုန်အကြောင်းပြောလိုက်တာ ကိုယ့်ထက်တောင် သိနေသေး။ ဗေဒင်ဟောတဲ့လူအကြောင်းလည်းပါရဲ့ ဘုရားစောင်းတန်းမှာ သူ့ကို ဘယ်လိုဟောတာ၊ ကမ်းနားလမ်းက Strand Hotel မှာ သူတည်းဖူးတဲ့အကြောင်း၊ ဟိုခေတ်တုန်းကတော့ ဒါဟာ အရှေ့တောင်အာရှက အကောင်းဆုံး ဟိုတယ်တစ်ခုဖြစ်ကြောင်းပြောပါတယ်။ ခုလည်း သူသွားဖြစ်ရင် အဲ့ဒီမှာ တည်းဦးမှာဖြစ်ကြောင်း။ ဟိုခေတ်တုန်းက အဲ့ဒီမှာ တည်းဖူးတယ်ဆိုပြီး စင်ကာပူမှာ ပြန်ကြွားလို့ရကြောင်း။ ထားလိုက်ပါတော့လေ။ သူဟာ မြန်မာနိုင်ငံက တက္ကသိုလ်မှာ လာပြီးတော့ ပညာသင်ဖူးပါတယ်တဲ့။
ဒီအပြင် အနောက်နိုင်ငံတွေကိုလည်း ပညာတော်သင် သွားဖူးပါတယ်တဲ့။ အဓိကဆိုလိုချင်တာက စင်ကာပူ အစိုးရရဲ့ အဲ့ဒီအချိန်တုန်းက အတွေးကိုပါ။ ဒီစက်မှု့လုပ်ငန်းတွေ စတင်ထူထောင်တယ်၊ စက်ရုံကြီးလည်း စတင်လည်ပတ်လို့လည်းရရော၊ ဟိုက ပညာတတ်တွေရော၊ ဒီက လုပ်သက်ရှိပြီး အတွေ့အကြုံရှိပြီးလူတွေနဲ့ ပေါင်းစပ်ကာ အခုလို ဒီနေ့မြင်နေရတဲ့ Keppel’ ဆိုတဲ့ အမည်နာမ ပိုင်ဆိုင်တဲ့ စက်မှု့လုပ်ငန်းစုတစ်ခု ဖြစ်ပေါ်လာတာပါ။ ဒီအထဲမှာတော့ အများကြီး စိတ်ဝင်စားစရာတွေ့ရပါတယ်။ အစိုးရရဲ့ ပေါ်လစီ၊ စီမံကိန်း၊ စာချုပ်နဲ့ ဥပဒေ ကျွမ်းကျင်နိုင်နင်းမှု့။ ဒါတွေကို လီကွမ်းယုရဲ့ ပထမ ကမ္ဘာမှ တတိယ ကမ္ဘာသို့ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးရင် တွေ့နိုင်မှာပါ။ ဒီတစ်ကွက်ကလေးမဟုတ်ပါဘူး သူဟာ စင်ကာပူရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူနေမှု့အဆင့်အတန်း အားလုံးအတွက် ကြိုးစားပြီး ဆောင်ရွက်ပေးခဲ့တာပါ။
သူဟာ ဘာ့ကြောင့် ဒုတိယ ကမ္ဘာကို ပြန်မကြည့်ခဲ့တာလည်း? ကျွန်တော် စဉ်းစားမိတဲ့အတွေးလေးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီနေ့အချိန်မှာ Made in Singapore ဆိုတဲ့ စင်ကာပူထွက် ပစ္စည်းကို ခြင်္သေရုပ်သော့ချိတ်လောက်ပဲ မြင်ဖူးကြတာကိုး။ ကျန်တာ သိပ်မှ မထွက်တာ။ ဟုတ်ပါတယ် သူ့နိုင်ငံအနေနဲ့ စဉ်းစားကြည့်ရင် ဘယ်မှာလည်း အရင်းအမြစ်၊ အရင်းအမြစ်က လူပဲရှိတာလေ… ရေတောင်မှ မလေးကနေ ၀ယ်သောက်ရတာကိုး။ အခုတော့ မလေးကို လည်းမှီစရာမလိုလှတော့ပါဘူး။ တစ်နိုင်ငံလုံးကမိုးရေတွေ ကို အလေအလွင့်မရှိအောင် ကန်ကြီးတွေနဲ့ စုဆောင်းတယ်၊ အသုံးပြုပြီးသားရေတွေကို ပြန်လည်သန့်စင်တယ်၊ ပင်လယ်ရေကနေ ရေချိုပြန်ထုတ်တယ်။ ဒါနဲ့ ရေကိစ္စကို ဖြေရှင်းပြီးပြီ။ လက်ရှိမလေးက ၀ယ်တဲ့ ရေစိမ်းကို ရေသန့်ပြန်ချက် ပုလင်းနဲ့ သွပ်ပြီး မလေးရှားကို ပြန်ရောင်းတာ အမြတ်တောင်ထွက်သေးဆိုပဲ။ ဆိုတော့ သူ့ဆီမှာ စက်မှု့တော်လှန်ရေးကို ဘယ်လိုလုပ်မတုန်း? လုပ်လို့မှ မရတာ။ အဲ့ဒီတော့ ကုန်သွယ်ရေးကို အားကိုးရမယ်၊ ကုန်သွယ်ရေးနဲ့ သူ့နိုင်ငံကို မြှင့်တင်ခဲ့ပါတယ်။
မနေ့ကပဲ တွေ့လိုက်သေးတယ် Google ကုမ္ပဏီက
Google book ကို Samsaung နဲ့ Accer ကုမ္ပဏီ နှစ်ခုရဲ့ Harware ကိုသုံးပြီးတော့ ထုတ်လိုက်တယ်။ ကွန်ပျူတာပေါ့လေ.. ပြောရရင် သို့ပေမယ့် ဘာမှ
install လုပ်စရာမလို၊ virus စစ်စရာမလို၊ စက်ဖွင့်လိုက်လို့ ၁၀ စက္ကန့်ဆိုရင် သုံးလို့ရပြီ။
အလွန်မြန်၏။ ဖန်သားပြင်မှာ ဘာမြင်ရမလည်း
Google Chrome Browser ဒါပဲ။ သို့ပေမယ့် အဲ့ဒီအထဲမှာ
အစုံပါသည်။ ရုံးလုံးငန်းဆိုင်ရာ စာစီစာရိုက်၊
စာရင်းဇယား၊ ဘာညာ အစုံလုပ်လို့ရမည့် အသုံးဝင်သော Software လေးတွေ Google Market ထဲမှာ
ဒေါင်းလုပ်ဆွဲရုံ။ ပြီးရင် တန်းသုံး။ ဟိုးအရင်တုန်းကလို ဟိုအခွေဝယ်၊ ဒီအခွေဝယ် ဒါမျိုးမရှိတော့
ဟုဆိုသည်။ အရင်တုန်းက ကွန်ပျူတာတွေက Wifi တို့
ဘာတို့နဲ့ အင်တာနက်ချိတ်လို့ရသည်၊ ခုတော့ ထိုစက်ထဲတွင် 3G ပါပါလာသည်။ အိမ်မှာ ၀ိုင်ယာလက် ရှိမှ သုံးလို့ရသည်မဟုတ်တော့
နေရာတကာသုံးလို့ရတော့မည်။ ဘယ်နေရာမှာ သွားပြီး
အချက်အလက်တွေ သိမ်းထားမလည်း? Google က
provide လုပ်ထားတဲ့ Cloud Server ပေါ်တက်သိမ်း၊ လိုချင်တဲ့အခါ ပြန်ဆွဲချ သုံးလိုက်ယုံသာရှိသည်။ အလွန်ကောင်းသည်၊ မြန်သည်၊ ခေတ်ပိုမှီလာသည်၊ ကျွန်တော်တို့တွေ
ဒါတွေသိအောင် လေ့လာရပြန်သည်။ နောက်တစ်လလောက်နေရင်
နောက်တစ်ခု ထပ်ထွက်လာဦးမည်။ ဘာလည်း ဘယ်လိုဟာမျိုးလည်း
ဘာတွေပါမှာလဲ။ တီထွင်မှု့တစ်ခု၏ သက်တမ်းသည်
မည်မျှခံမည်နည်း ကျွန်တော်မသိ။
သို့သော် ကျွန်တော်တို့ Facebook သုံးသည်၊ Gmail သုံးသည်။ သို့သော် တစ်ခုစဉ်းစားရမည်မှာ အဆိုပါ အဖွဲ့အစည်းများသည် နိုင်ငံတစ်ခုလုံး၏ လူတော်တော်များများ၏ သတင်းအချက်အလက်ကို အဆိုပါနိုင်ငံထက် ပိုပြီးတော့ စုံစုံလင်လင် သိနိုင်သည်။ သတင်းအချက်အလက် သိုလှောင်ထားသော ဘဏ်တိုက်ကြီးမှာ သူတို့နိုင်ငံမှာ ရှိသည်။ ကျွန်တော်တို့နိုင်ငံတွင်မရှိ။ သို့သော် မသုံးပဲနေနိုင်သလား၊ မနေနိုင် ထို့ကြောင့် သုံးသည်။ ထိုအချက်အလက်တွေ တစ်နေ့မှာ ပေါက်ကွဲထွက်လာနိုင်လား၊ မည်သူမျှ မပြောနိုင်ပေ။ ထားလိုက်ပါတော့ အချိန်က စကားပြောသွားပေလိမ့်မည်။ စတုတ္ထလှိုင်းကတော့ အရှိန်ရနေပြီ။
သို့သော် ကျွန်တော်တို့နိုင်ငံကြီးကို ပြန်ကြည့်လိုက်မိသည်။ ပထမလှိုင်းထဲတွင် အိပ်မောကျနေသည်။ ဒုတိယလှိုင်းက ၁၉၅၀ ကျော်ကထည်းက တာစူဖို့ လုပ်လိုက်တာ မူမျိုးစုံ နာမည်တပ်ပြီး ပြန်လည် အိပ်မောကျသွားပြန်သည်။ စိုက်ပျိုးရေးကို အခြေခံထားသည်မှာ ယခုအထိ အခြေခံထားတုန်း၊ ဘယ်တော့မှ နောက်တစ်ဆင့်တက်မှာလည်း။ ဖြစ်နိုင်သည် ဖြစ်နိုင်လို့လည်း ၁၉၅၀ ၀န်းကျင်က စက်ရုံတွေ ကျွန်တော်တို့ဆီမှာ ကျန်ခဲ့တာပေါ့။ စက်မှု့ ၁ ရဲ့ ဟီးနိုးကြီးတွေ၊ ရွာထောင်က မီးရထားစက်ခေါင်းရုံတွေ ဒါတွေ ဖြစ်လာတာပေါ့။ သို့ပေမယ့် ဆက်ခံသူမရှိတာက အခြေအနေကိုဆိုးသွားစေတယ်လို့ မြင်မိတယ်။ ဘာကို ဆက်ခံရမှာလည်းပေါ့လေ။ ဥပမာလေးတစ်ခု ပေါ့၊ စင်ကာပူဆိုတာ တံငါရွာလေးတစ်ရွာ နောက် အင်္ဂလိပ်တွေ ၀င်တယ်၊ နောက် ဂျပန်ဝင်တယ် နောက် အင်္ဂလိပ်ကို ပြန်မှီတယ် ပြန်ကြည့်လိုက်ရင် မြန်မာနိုင်ငံလိုပဲ သူတို့တွေလည်း စစ်ရဲ့ဒဏ်ချက်တွေခံခဲ့ရတယ်။ ဒါပေမယ့် မျိုးချစ်တွေက စင်ကာပူကို လွတ်လပ်ရေးရအောင် ကြံဆောင်ပေးခဲ့ကြတယ်။ စင်ကာပူကို ထူထောင်တုန်းက ၀န်ကြီးချုပ် လီကွမ်းယုဟာ တော်တော်လေးကို အားကြိုးမာန်တက် အလုပ်လုပ်ခဲ့တယ်။ စက်မှု့ဇုံတွေ ဖော်ဆောင်တယ်၊ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ကျွန်တော် အဲ့ဒီခေတ်က ကျွန်တော်တို့လိုပဲ ခေါ်ခဲ့တယ်။ စက်ရုံတွေ ပေါ်လာတယ်။ သူကိုယ်တိုင် အားကြိုးမာန်တက် အလုပ်တွေလုပ်တယ်၊ စက်မှု့လုပ်ငန်းရဲ့ အသက်ဖြစ်တဲ့ လျှပ်စစ်၊ ရေ၊ လေ၊ ဆီ၊ လုပ်အား စတဲ့ Facility အားလုံး ပြည့်စုံအောင် သူကြိုးစားပေးတယ်။
အဲ့ဒီမှာ Keppel’ ဆိုတဲ့ နာမည်ကို စင်ကာပူက မြန်မာတိုင်းကြားဖူးကြမှာပါ။ ဆိုတော့ Keppel’ Offshore and Marine ဆိုတာကြီးက စင်ကာပူထူထောင်ကတည်းက ရှိခဲ့တာလား။ မဟုတ်ပါဘူး။ စင်ကာပူထူထောင်တုန်းက Keppel’ FELS ဆိုတဲ့ နာမည်တောင် မရှိပါဘူး။ ဂျပန်တွေ၊ အနောက်နိုင်ငံသားတွေက စင်ကာပူမြေပေါ်ကိုလာ စာချုပ်တွေချုပ် သင်္ဘောကျင်းတွေ ဆောက်ကြတယ်။ အခု Keppel FELS ဆိုတဲ့ မြေနေရာက ဟိုတုန်းက HITACHIလား MITSUBISHI လားမမှတ်မိတော့ဘူး အဲ့ဒီ သင်္ဘောကျင်းနေရာ။ စာချုပ်လည်း သက်တမ်းစေ့ရော ဟိုက ဂျပန်တွေက မြေနေရာ ဆက်ငှားချင်ပေမယ့် စင်ကာပူအစိုးရက ပေးမငှားတော့ပါဘူး။ ဆိုတော့ ဂျပန်တွေက ဟုတ်ပြီး မြေနေရာ မငှားတော့ဘူးဆိုတော့ ငါတို့ လာဆောက်သွားတဲ့ သင်္ဘောကျင်းကြီးက ကရိန်းတွေ၊ တွင်ခုံတွေ၊ စက်ရုံတွေ စတဲ့ ပစ္စည်းတွေ ဘယ်လိုလုပ်မလဲပေါ့။ ဆိုတော့ စင်ကာပူကလည်း ဟာ … ဒါဆိုရင်တော့ ကျွန်တော်တို့ကို ရောင်းခဲ့ပါပေါ့။ အဲ့ဒီလိုနဲ့ အရောင်းအ၀ယ်တည့်ရောဆိုပါဆိုဗျာ။ အရောင်းအ၀ယ်တည့်ပြီးတော့ ဈေးဖြတ်တဲ့အခါကျတော့ ဂျပန်တွေ အဲ့ဒီသင်္ဘောကျင်းကြီးတစ်ခုလုံးအတွက် ဘယ်လောက်ရတယ်ထင်ပါသလည်း? ဒေါ်လာ ထောင်စွန်းစွန်း လောက်သာ ရတယ်လို့ဆိုပါတယ်။ ဘာကြောင့်လည်း၊ စာချုပ်ကြောင့်ပါ။ ဘာစာချုပ်လည်း ဆိုတော့ ပစ္စည်းတွေဟာ အချိန်ကြာတာနဲ့အမျှ တန်ဖိုးကျခြင်းကို ထည့်သွင်းချုပ်ဆိုထားမှု့၊ သင်္ဘောကျင်း လည်ပတ်ခဲ့တဲ့နှစ်တွေအတွင်းမှာ ပြုပြင်ထိန်းသိမ်းစရိတ်တွေ… စတဲ့ အသေးစိတ်အချက်အလက်တွေ ထည့်သွင်းခဲ့တာကြောင့် တရားဝင်ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ ဂျပန်တွေ အထိနာခဲ့ပါတယ်။
အထိနာခဲ့တဲ့ ဂျပန်တွေ လာလုပ်သလည်းဆိုတော့ ကျင်းတစ်ခုလုံးရဲ့ အသက်ဖြစ်တဲ့ Facility လို့ခေါ်တဲ့ လေလိုင်း၊ ရေလိုင်း စတဲ့ ပိုက်လိုင်းတွေလားလုံးကို ကွန်ကရစ်နဲ့ပိတ်ပြီးတော့ ပိုက်တွေပြန်ဆက်ခဲ့တယ်လို့ဆိုပါတယ်။ ဆိုတော့ စင်ကာပူတွေလက်ထဲကိုရောက်တဲ့အချိန်မှာ သင်္ဘောကျင်းကြီးဟာ အလုပ်မလုပ်တော့ပါဘူး။ ဒီတော့ စင်ကာပူတွေဘာလုပ်ပါသလည်း? အဲ့ဒီ ဂျပန်သင်္ဘောကျင်းက သင်္ဘောကျင်း မန်နေဂျာကို ပိုက်ဆံအများကြီးပေးပြီး ပြန်ခေါ်ပါတယ်။ အလုပ်ပြန်ခန့်ပါတယ်၊ သူတို့ ဆို့သွားတဲ့၊ ပိတ်သွားတဲ့၊ ပညာပြသွားတဲ့ နေရာတွေအားလုံးကို ပြန်ပြီးတော့ ကောင်းအောင် ပြုပြင်ယူပါတယ်။ သင်္ဘောကျင်းလည်း ကောင်းသွားရော အဆိုပါ ဂျပန်ကို ကန်ထုတ်ပါတယ်။
ဟုတ်ပါပြီး သင်္ဘောကျင်းကြီးရှိပါပြီ။ ဘယ်သူက အလုပ်အပ်မှာတုန်း။ စင်ကာပူထွက် စင်ကာပူကလူတွေ ဆောက်တဲ့ သင်္ဘော ဘယ်လောက်ကောင်းလည်း ဘယ်သူမှ မသိပါဘူး။ ဒီအတွက်ကြောင့် သူတို့ဟာ နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့ ပူပေါင်းပြီးတော့ မိတ်ယူသလို၊ နည်းပညာတွေလည်း ယူပါတယ်။ ဂျပန်တို့ရဲ့ စနစ်နဲ့ တည်ဆောက်ထားတဲ့ ဒီစက်ရုံကြီးဟာ အလွန်စနစ်ကျသလို ဖွဲ့စည်းပုံကလည်း အများကြီး အတုယူလို့ စက်ရုံကြီးဟာ တော်တော်လေးကို အဆင့်မြင့်ခဲ့တယ်လို့ဆိုပါတယ်။ ဒါနဲ့ ဒီမြေနေရာကြီးဟာ Far East Levingston Ston (FELS) ဆိုတဲ့ နာမည်နဲ့ Offshore ဆောက်တဲ့ သင်္ဘောကျင်းဖြစ်လာပါတယ်။ ဒီလူတွေကနေပြီး နိုင်ငံတစ်ကာ မိတ်တွေကအောင်ယူပြီးတော့ စင်ကာပူမှာ လာပြီးဆောက်ကြတယ်။ ဒီကနေပြီးတော့ နောက်ပိုင်းမှာ အစိုးရလက်ထဲ ကိုရောက်အောင် ယူပြီးတော့ ဒီကနေ့မြင်လာရတဲ့ Keppel FELS ဆိုတာဖြစ်လာတာပါ။ Keppel ရဲ့ ၀ဘ်ဆိုဒ်ကို ကြည့်လိုက်ရင်လည်း သူ့သမိုင်းကြောင်းကို တွေ့နိုင်မှာပါ။ ဒီလိုဖြစ်လာဖို့ အစိုးရရဲ့ လိမ္မာပါးနပ်မှု့၊ ရေရှည်စီမံကိန်းကို အကွက်ကျကျ ချနိုင်မှု့ဒါတွေ ကိုမြင်နိုင်မှာပါ။
ခုတော့ Keppl O&M အစုအဖွဲ့ကြီးကဟာ ကမ္ဘာတစ်ဝှမ်းကို ဖြန့်ကျက်နေပါပြီ။ ဘရာဇီး၊ ဖိလစ်ပိုင်၊ တရုတ်၊ စင်ကာပူ၊ အရှေ့အလည်ပိုင်း၊ ဥရောပ စတဲ့ နိုင်ငံတွေမှာပါ စင်ကာပူသားတို့ သွားရောက်မြှုပ်နှံနေပါပြီ။ အဲ… အဲ့ဒီနေရာမှာလည်း ပြောစရာလေးကရှိသေးတယ်။ အဲ့ဒီစက်ရုံကို ဘယ်သူအုပ်ချုပ်သလည်း? အစိုးရလား မဟုတ်ပါဘူး။ အစိုးရက အသေးစိတ်ကို ၀င်ရောက်စွက်ဖက်မှု့ရှိပါဘူး။ နိုင်ငံတစ်ဝှမ်းလုံး ဆိုင်ရာစီမံကိန်းကြီးသာချမှတ်တာဖြစ်ပြီး၊ ဒီ Keppel ရဲ့ တိုးတက်မှု့ကို စင်ကာပူက စီမံကိန်းကျကျ မွေးယူထားတဲ့ အနာဂတ် လူငယ်တွေနဲ့ အဖွဲ့အစည်းကြီးတစ်ခုလုံးကို လူကြီးလူငယ်ရောစပ်ပြီး တည်ဆောက်ခဲ့တာပါ။ ဟိုတစ်ရက်က ကျွန်တော်အခု သင်္ဘောဆောက်နေတဲ့ Keppel Nantong ရဲ့ President နဲ့ ထမင်းစားရင်း စကားပြောဖြစ်တယ်။ ဘယ်နိုင်ငံကလည်း ဆိုတော့ ကျွန်တော်က မြန်မာနိုင်ငံကပါဆိုတော့ မြန်မာနိုင်ငံအကြောင်း၊ ရန်ကုန်အကြောင်းပြောလိုက်တာ ကိုယ့်ထက်တောင် သိနေသေး။ ဗေဒင်ဟောတဲ့လူအကြောင်းလည်းပါရဲ့ ဘုရားစောင်းတန်းမှာ သူ့ကို ဘယ်လိုဟောတာ၊ ကမ်းနားလမ်းက Strand Hotel မှာ သူတည်းဖူးတဲ့အကြောင်း၊ ဟိုခေတ်တုန်းကတော့ ဒါဟာ အရှေ့တောင်အာရှက အကောင်းဆုံး ဟိုတယ်တစ်ခုဖြစ်ကြောင်းပြောပါတယ်။ ခုလည်း သူသွားဖြစ်ရင် အဲ့ဒီမှာ တည်းဦးမှာဖြစ်ကြောင်း။ ဟိုခေတ်တုန်းက အဲ့ဒီမှာ တည်းဖူးတယ်ဆိုပြီး စင်ကာပူမှာ ပြန်ကြွားလို့ရကြောင်း။ ထားလိုက်ပါတော့လေ။ သူဟာ မြန်မာနိုင်ငံက တက္ကသိုလ်မှာ လာပြီးတော့ ပညာသင်ဖူးပါတယ်တဲ့။
ဒီအပြင် အနောက်နိုင်ငံတွေကိုလည်း ပညာတော်သင် သွားဖူးပါတယ်တဲ့။ အဓိကဆိုလိုချင်တာက စင်ကာပူ အစိုးရရဲ့ အဲ့ဒီအချိန်တုန်းက အတွေးကိုပါ။ ဒီစက်မှု့လုပ်ငန်းတွေ စတင်ထူထောင်တယ်၊ စက်ရုံကြီးလည်း စတင်လည်ပတ်လို့လည်းရရော၊ ဟိုက ပညာတတ်တွေရော၊ ဒီက လုပ်သက်ရှိပြီး အတွေ့အကြုံရှိပြီးလူတွေနဲ့ ပေါင်းစပ်ကာ အခုလို ဒီနေ့မြင်နေရတဲ့ Keppel’ ဆိုတဲ့ အမည်နာမ ပိုင်ဆိုင်တဲ့ စက်မှု့လုပ်ငန်းစုတစ်ခု ဖြစ်ပေါ်လာတာပါ။ ဒီအထဲမှာတော့ အများကြီး စိတ်ဝင်စားစရာတွေ့ရပါတယ်။ အစိုးရရဲ့ ပေါ်လစီ၊ စီမံကိန်း၊ စာချုပ်နဲ့ ဥပဒေ ကျွမ်းကျင်နိုင်နင်းမှု့။ ဒါတွေကို လီကွမ်းယုရဲ့ ပထမ ကမ္ဘာမှ တတိယ ကမ္ဘာသို့ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးရင် တွေ့နိုင်မှာပါ။ ဒီတစ်ကွက်ကလေးမဟုတ်ပါဘူး သူဟာ စင်ကာပူရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူနေမှု့အဆင့်အတန်း အားလုံးအတွက် ကြိုးစားပြီး ဆောင်ရွက်ပေးခဲ့တာပါ။
သူဟာ ဘာ့ကြောင့် ဒုတိယ ကမ္ဘာကို ပြန်မကြည့်ခဲ့တာလည်း? ကျွန်တော် စဉ်းစားမိတဲ့အတွေးလေးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီနေ့အချိန်မှာ Made in Singapore ဆိုတဲ့ စင်ကာပူထွက် ပစ္စည်းကို ခြင်္သေရုပ်သော့ချိတ်လောက်ပဲ မြင်ဖူးကြတာကိုး။ ကျန်တာ သိပ်မှ မထွက်တာ။ ဟုတ်ပါတယ် သူ့နိုင်ငံအနေနဲ့ စဉ်းစားကြည့်ရင် ဘယ်မှာလည်း အရင်းအမြစ်၊ အရင်းအမြစ်က လူပဲရှိတာလေ… ရေတောင်မှ မလေးကနေ ၀ယ်သောက်ရတာကိုး။ အခုတော့ မလေးကို လည်းမှီစရာမလိုလှတော့ပါဘူး။ တစ်နိုင်ငံလုံးကမိုးရေတွေ ကို အလေအလွင့်မရှိအောင် ကန်ကြီးတွေနဲ့ စုဆောင်းတယ်၊ အသုံးပြုပြီးသားရေတွေကို ပြန်လည်သန့်စင်တယ်၊ ပင်လယ်ရေကနေ ရေချိုပြန်ထုတ်တယ်။ ဒါနဲ့ ရေကိစ္စကို ဖြေရှင်းပြီးပြီ။ လက်ရှိမလေးက ၀ယ်တဲ့ ရေစိမ်းကို ရေသန့်ပြန်ချက် ပုလင်းနဲ့ သွပ်ပြီး မလေးရှားကို ပြန်ရောင်းတာ အမြတ်တောင်ထွက်သေးဆိုပဲ။ ဆိုတော့ သူ့ဆီမှာ စက်မှု့တော်လှန်ရေးကို ဘယ်လိုလုပ်မတုန်း? လုပ်လို့မှ မရတာ။ အဲ့ဒီတော့ ကုန်သွယ်ရေးကို အားကိုးရမယ်၊ ကုန်သွယ်ရေးနဲ့ သူ့နိုင်ငံကို မြှင့်တင်ခဲ့ပါတယ်။
ဒီလိုတိုးတက်တဲ့နေရာမှာလည်း
ကျွန်တော့်အမြင်ပြောရရင် လက်ရုံးရည် နှလုံးရည်နဲ့ပြည့်စုံလို့လို့ ဆိုချင်ပါတယ်။ ဟိုတုန်းကတော့ လက်ရုံးရည်ဆိုတာ စစ်တိုက်ရတယ်၊ တစ်နိုင်ငံရဲ့ သယံဇာတကို တစ်နိုင်ငံက လိုချင်ရင်
စစ်ခင်းရတယ်။ အခုလည်း စစ်ခင်းကြတယ်၊ ဒါပေမယ့်
စာချုပ် စာတမ်းနဲ့ ခင်းကြတယ်။ အဲ့ဒီတော့ စာချုပ်စာတမ်း၊
ဥပဒေ၊ နိုင်ငံတစ်ကာဆက်ဆံရေး အစရှိတဲ့ ပညာရပ်တွေကို တတ်ကျွမ်းသူကို လက်ရုံးရည်လှတဲ့လူလို့
ကျွန်တော်က သတ်မှတ်တယ်။ သူဟာ ဒါတွေနဲ့ နိုင်ငံကို တိုးတက်အောင်၊ ချမ်းသာလာအောင် ကြံဆောင်ရသလို
နိုင်ငံကိုလည်း ဒီစာချုပ်စာတမ်းတွေနဲ့ အကာအကွယ်ပေးရတာကိုး။ နိုင်ငံကာကွယ်ရေးအတွက် စစ်တပ်ဆိုတာကတော့ ရှိရမှာပေါ့လေ
ဒါပေမယ့် ဒီမှာလည်း နည်းပညာအဆင့်မြင့်လာလေ စစ်အင်အား ပိုကောင်းလာလေပါပဲ။ လူအများကြီး လိုလှတယ်မဟုတ်ပါဘူး။ ဓား ဓားချင်းယှဉ်ခုတ်၊ သေနတ် သေနတ်ချင်း ယှဉ်ပစ်လို့
စစ်နိုင်တဲ့ ခေတ်မှမဟုတ်တော့တာ။ ဒီတော့ လူအရေအတွက်က
ပဓာန မကျတော့ဘူး။ ထားလိုက်ပါတော့။ အဲ နှလုံးရည်ဆိုတာကတော့ စက်မှု့လက်မှု့၊ သိပ္ပံ ပညာတွေတဲ့
နိုင်ငံတော်ကို မြှင့်တင်ပေးမယ့် အတတ်ပညာရှင်တွေပါ။ နှလုံးဆိုတာထက် ပညာရည်ပေါ့လေ အဲ့ဒီလို လူမျိုးတွေလည်း
မွေးထုတ်ပေးနိုင်ခဲ့လို့ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့တာပါ။
ဒါပေမယ့်
ကျွန်တော် စင်ကာပူကို အထင်ကြီးလားဆိုတော့ သူတို့ရဲ့ နိုင်ငံတစ်ကာဆက်ဆံရေး၊ ဥပဒေပိုင်နိုင်
ကျွမ်းကျင်မှု့၊ ငွေကြေးနဲ့ ပတ်သတ်သော ကျွမ်းကျင်မှု့တွေကို အထင်ကြီးလေးစားပါတယ်။ ဒါပေမယ့် အဆံချောင်နေသော တတိယနိုင်ငံဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆီမှာ ဒုတိယလှိုင်းရိုက်ခတ်မသွားတဲ့အတွက်
စက်မှု့လုပ်ငန်းများအားလုံးမှာ ကိုယ်ပိုင်နည်းပညာ မရှိပါဘူး။ အားလုံးကို မှီခိုနေကြရပါတယ်။
ဒါဆို
ကျွန်တော်တို့ရော၊ အရင်းအမြစ်အားလုံးရှိပါတယ်။
ဒါပေမယ့် ဘာလုပ်ရမှန်းကျွန်တော်တို့ မသိပါဘူး။ မသိတော့ ကျွန်တော်တို့ အတုံးလိုက်ရောင်းစားပါတယ်။ ရောင်းပါ၊
ကောင်းပါတယ်၊ ငွေရပါတယ်၊ ဒါပေမယ့် ဒီအတိုင်းကြီး ဆက်သွားလို့မသင်တော်တော့်ပါဘူး။ ကျွန်တော်တို့ တတိယကမ္ဘာသို့လည်း ခုန်ပျံကျော်လွှားနိုင်သလို၊
စက်မှု့တော်လှန်ရေးကြီးကိုလည်း လုပ်နိုင်ပါသေးတယ်။
ကျွန်တော်တို့မြေမှာ ကြိုက်တဲ့ အပင်စိုက် ပေါက်ပါတယ်၊ သံ၊ငွေ၊ကြေး၊ ခဲမဖြူ၊ သွပ် စသည့် စသည် စက်မှု့ပစ္စည်းတွေ
တည်ဆောက်ရင် ရောစပ်ရတဲ့ သတ္တုတွေလည်း မြေကြီးထဲမှာ ရှိနေပါတယ်။ မည်သို့မည်ပုံရောစပ်ရမည့်သူတွေလည်း မြန်မာလူမျိုးတွေထဲမှာ
ရှိနေပါပြီ။ စက်ပစ္စည်းတွေ ဘယ်လိုတည်ဆောက်ရမယ်ဆိုတာ
သိတဲ့လူတွေလည်းရှိပါတယ်။ ကျွန်တော်အလုပ်လုပ်နေရင်း
နိုင်ငံခြားတိုင်းပြည်တွေမှာ ဒါတွေကို ကျွမ်းကျွမ်းကျင်ကျင်လုပ်နေတဲ့ မြန်မာတွေ အများကြီးတွေ့နေရပါတယ်။ ပြည်တွင်းမှာလည်းရှိနေပါတယ်။ စင်ကာပူကလူတွေ စားနေတာက ထိုင်းကလာတဲ့ဆန်၊ ဒီလိုဆန်မျိုးဖြစ်လာအောင် မြန်မာနိုင်ငံမှာရော စိုက်လို့မရနိုင်ဘူးလား။ ဖြစ်နိုင်တယ်၊ ဖြစ်အောင်လုပ်ရင် ဖြစ်နိုင်ပါတယ်။ စသည်ဖြင့်ပေါ့လေ အရာရာတိုင်း လိုက်ကြည့်လိုက်ရင်
ကျွန်တော်တို့ လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာရှိနေတဲ့ အရာတွေအများကြီးပါ။
Research
& Development ကောင်းကောင်းရမယ်၊ သတ္တုရောစပ်နိုင်မယ့် Facility တွေ ကောင်းကောင်းရှိလာမယ်၊
စက်ရုံအဟောင်းတွေ ကို ပြန်လည် အသက်သွင်းပေးမယ်ဆိုရင် ရေစုပ်စက်လောက်တော့ Made in
Myanmar လုပ်လို့ရပါတယ်ဗျာ။ ကျွန်တော် အပိုပြောတာမဟုတ်ပါဘူး၊
ကျွန်တော့်ရှေ့ Facility နဲ့ Material ဒါတွေချပေး၊ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ကမ္ဘာ့အဆင့်မှီ
ရေစုပ်စက်ဖြစ်အောင် ၂ နှစ်အတွင်း လုပ်ပြနိုင်ပါတယ်။ ရေစုပ်စက်ဆိုတာ ကျွန်တော်တို့လက်ထဲကျကာမှ အသစ်တီထွင်တာမှမဟုတ်တာ၊ ရေစုပ်စက်
နာမည်ကြီးတွေမှ အများကြီး၊ ၀ယ် တစ်စစီဖြုတ်ကြည့် နမူနာယူ၊ သူတို့ထက်ကောင်းအောင်လုပ်။
အစိတ်အပိုင်းပေါင်း ဘယ်နှစ်ခုပါလို့တုန်း ရေစုပ်စက်မှာ။ ဒါတွေကို ကမ္ဘာ့စံနှုန်းနဲ့ ကိုက်ညီအောင် ထုတ်လုပ်မယ်၊
နိုင်ငံတကာအဖွဲ့အစည်းတွေကို စစ်ဆေးစေပြီးတော့ အသိအမှတ်ပြုလက်မှတ်ယူမယ်။ ဒီရေစုပ်စက်တွေကို ကမ္ဘာ့အရပ်ရပ်မှာရှိတဲ့ စက်ရုံတွေ၊
သင်္ဘောဆောက်သူတွေ၊ လူနေအိမ်ခြေဆောက်သူတွေထံကို ကြော်ငြာဆင်းပြီးတော့ အရည်အသွေးကောင်းတဲ့
မြန်မာ့ ရေစုပ်စက်ဆိုပြီး သင့်လျှော်တဲ့ ဈေးနှုန်းနဲ့ တွင်တွင်ကျယ်ကျယ်ရောင်းနိုင်တဲ့
တစ်နေ့ လူငယ်တွေလည်း အလုပ်တွေ အများကြီးရလာမယ်။
နိုင်ငံခြားငွေကိုလည်း ပြည်တွင်းရှိပစ္စည်းတွေကို အတုံးလိုက်ရောင်းစားတာထက်စာရင်
ဝင်ငွေအများကြီးတိုးလာမယ်။ ဥပမာ တစ်ခုပြောတာပါဗျာ။ ဒီလိုပါပဲ စက်မှု့လုပ်ငန်းဆိုလည်း သင်္ဘောတစ်စီးဆောက်တတ်ဖို့
သက်ဆိုင်ရာ နယ်ပယ်ကလူတစ်ယောက်ကို ၅ နှစ်လောက် ကောင်းကောင်း သင်ပေးလိုက်ရင် သူလုပ်တတ်ပါတယ်။ သင်ပေးဖို့လူတော့ လိုတာပေါ့လေ။ ထားပါတော့ ဒီလိုမျိုးပေါ့လေ။
ဒီလိုမျိုး
ဖြစ်လာမယ့် တစ်နေ့ကို ကျွန်တော်မျှော်လင့်နေပါတယ်။ အိပ်မက်တွေ မက်နေပါတယ်။ ကျွန်တော့်မြေမှာ ဒါမျိုးတွေ လုပ်နိုင်တဲ့ အခွင့်အရေးတွေ
ပေါ်လာဖို့ ကျွန်တော်အိပ်မက်တွေ နေ့တိုင်း၊ ညတိုင်းမက်နေပါတယ်။ အတွေးစတွေ တစ်ခုပြီးတစ်ခု ပျံလွင့်နေတယ်။ ဆိုလိုတာက အစိုးရရဲ့ အထောက်အပံကိုလည်း လိုအပ်ပါတယ်၊
ဒါပေမယ့် အစိုးရရဲ့ လွှမ်းမိုးမှု့ကလည်း ကင်းလွတ်ပြီးတော့ လွတ်လပ်စွာ တီထွင်ဖန်တီးနိုင်ခွင့်မျိုးပေါ့ဗျာ။ ဒါမျိုး အဖွဲ့အစည်း ဥပမာ Keppel လိုဟာမျိုး ကျွန်တော်တို့ဆီမှာလည်း
တစ်နေ့တော့ ဖြစ်လာပါစေလို့ ဆုတောင်းနေပါတယ်။
ဒါပေမယ့် ဘာပဲလုပ်လုပ် ဟိုပေးဒီကမ်း၊ ဘယ်မှာဝယ်ဝယ်ရတဲ့ ပစ္စည်း လိုချင်တာတောင်မှ ဆရာခေါ်ပြီး အိပ်ထဲပိုက်ဆံထည့်ပေးမှ ကိုယ်လိုချင်တဲ့ပစ္စည်း ၀ယ်လို့ရမယ် "ခြ"တွေကြားထဲ နေရမယ်ဆိုရင်တော့ ဘာပဲလုပ်လုပ်
ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲ့ဒီတော့ ဘာမှ
မလုပ်တာကမှ ပိုကောင်းပါတယ်။ ဒီအတွက်လည်း သက်ပြင်း
ခဏ ခဏ ချမိပါရဲ့။
အတွေးအခေါ်တွေ လိုက်မမှီဘူး မောင်အောင်ထွဋ်ရေ။
ReplyDeleteအခုလို တွေးတောကြံဆနိုင်တာတွေ ကောင်းပါတယ်။ အားပေးနေပါတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အတွေးလေးတွေ လတ်ဆတ်ပါတယ်
ReplyDeleteAH ရေ
ReplyDeleteအတွေးတွေကတော့ရှယ်တွေပါလား
အားပေးပါသည်-
ခင်ခင်မင်မင် jasmine
အများကြီးတွေးပြီး လေးလေးနက်နက်ရေးထားပါတယ်။
ReplyDeleteတခုတော့ ယုံကြည်ပါတယ်။ မြန်မာလူမျိုးတိုင်းမျိုးချစ်စိတ်တော့ရှိပါတယ်။ ဒါပေမယ့်အမျိုးကိုချစ်တဲ့စိတ်ကပိုများနေလို့ ဒီနိုင်ငံ ဒီလိုဖြစ်နေတာပါ။ တနေ့နေ့တော့ မြန်မာပြည်လည်း တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီအချိန်ကိုသာ စောင့်မျှော်ရင်း . . .
အတော်ကြီးပြည့်ပြည့်စုံစုံ ပါပဲလား။ ကျုပ်တို့  စိုက်ပျိုးရေး ကို အခြေခံနေပြီလေ မကြာခင် ဟဲဟဲ....... နောက် တစ်လှိုင်း တက်လာတော့မှာပါ မပူပါနဲ့  ကိုအေအိတ်ခ်ျ
ReplyDeleteအောင်မလေး မှန်လိုက်တာတွေ မှန်လိုက်တာတွေ ကိုအားထောင် ရေး)
ReplyDelete