စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, November 28, 2011

သံနှင့် အပ်ပေါင်း ၄၇ ချောင်းကို ခြေထောက်ထဲမှ ခွဲထုတ်ရသည့် မိန်းကလေး


          အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီတောင်ပိုင်း၊ ပရီပါရီ မြို့က ၃ နှစ်အရွယ် မိန်းကလေး ဆာဖီရာ မှာတော့ ထူးထူးဆန်းဆန်း ဂမ္ဘီရဆန်ဆန်အဖြစ်အပျက်ကလေး ဖြစ်သွားပါတယ်။  ဒါကတော့ သူမခြေထောက်ထဲကို သံနှင့် အပ်ကဲ့သို့သော သတ္တုချောင်းများ စိုက်ဝင်နေခြင်းပါ။  ဒီမတိုင်ခင် လအနည်းငယ်ကထည်းက ဒီမိန်းကလေးဟာ သူမခြေထောက်တွေ နာကျင်နေတယ်လို့ သူမမိခင်ကို ပြောပါတယ်တဲ့။  နောက်ဆုံးတော့ သူမမိခင်လည်း မိန်းကလေးကို ဆေးရုံကို ခေါ်သွားပြီး ပြပါတယ်။  ဆရာဝန်တွေ ဓာတ်မှန်ရိုက်ကြည့်လိုက်တဲ့ အခါမှာတော့ သံတွေ၊ အပ်တွေလို အရာဝတ္တုတွေဟာ ကလေးမရဲ့ ခြေထောက်ထဲမှာ နစ်မြုတ်နေတာကို တွေ့ရှိရပါသတဲ့။
         
ဒီ သံချောင်းတွေ၊ အပ်တွေ ဖယ်ထုတ်ဖို့ ခွဲစိတ်တာ ၂ နာရီလောက်ကြာပါတယ်။

မိန်းကလေးရဲ့ ခြေထောက်ထဲကို သံချောင်းပေါင်း ၂၇ ချောင်းစိုက်ဝင်နေတာဖြစ်ပြီး ၂၆ ချောင်းကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ပါတယ်။  ဒါပေမယ့် ကျန်တဲ့ သူ့မရဲ့ ခြေထောက်နောက်ဖက်ကို စိုက်ဝင်နေတဲ့ တစ်ချောင်းကတော့ ဖယ်ထုတ်ဖို့  မလွယ်လှပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ အာရုံကြောတွေ ဆုံနေတဲ့ အဓိကနေရာဖြစ်နေတာကြောင့် ဒါကို ဖယ်ထုတ်ဖို့ အထူးဂရုစိုက်ရမယ်လို့ ဆိုပါတယ်။



ဒါဟာ မိန်းကလေးရဲ့ ခြေထောက်တွေထဲကို ကနဦးကထည်းက စိုက်ဝင်နေတာဖြစ်တယ်လို့ ထင်ရပြီး ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို ဆရာဝန်တွေက ရှင်းမပြနိုင်သေးပါဘူး။  ကလေးငယ်ရဲ့ မိသားစုကလည်း ဒီလိုမျိုး သံတွေ ရိုက်သွင်းအောင် ကလေးငယ်ကို ဘယ်သူမှ ကိုယ်တိုင်ကိုယ်ကျ လာပြီး လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေပါတယ်။  ဒါ့အပြင် ကလေးငယ်ရဲ့ ခြေထောက် ဘယ်ရော ညာဖက်မှာပါ ဘာ ဒဏ်ရာ ဒဏ်ချက်၊ အမာရွတ်မှ မရှိတာပါ။


ဒီလို အလားတူ အဖြစ်အပျက်မျိုး ဟာ Syaidah Noer လို့ခေါ်တဲ့ အသက် ၄၀ အရွယ်ရှိ ကလီမန်တန် အရှေ့ပိုင်း ဆမာရင်ဒ ဒေသမှာ နေထိုင်တဲ့ အမျိုးသမီးမှာ လည်း ဖြစ်ဖူးပါသတဲ့။  ဒါကတော့ ၁၉၉၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သူမရဲ့ ၀မ်းဗိုက် အလွန်အမင်းအောင့်တဲ့ ဖြစ်ပွားမှု့ ဖြစ်ပါသတဲ့။  သတ္တုကြိုးခွေတွေဟာ သူမရဲ့ အစာအိမ်ထဲကို ၀င်ရောက်နေတာဖြစ်ပြီး ရှည်သထက် ရှည်ရှည်လာပါသတဲ့။  တစ်ခါတစ်လေ သူမဟာ ကြိုးတွေ အရမ်းရှည်လာရင် ဖြတ်ပစ်ရတယ်လို့ ဆိုပါသတဲ့။

သြော်… သိပ္ပံနည်းကျ ရှင်းမပြနိုင်သေးတဲ့ ဟာတွေလည်း ရှိသေးပါလားနော်…

4 comments:

  1. ကြောက်စရာကြီး ဒါတွေက သူတို့ဂမ္ဘီရနည်းတွေနဲ့လုပ်တာနေမှား(

    ReplyDelete
  2. မည်သို့လုပ်လိုက်သည်မသိ
    သံတွေဝင်သွားပါ၏ ။

    ReplyDelete
  3. သဘာဝလွန်ဖြစ်ရပ်လား။ ဆရာဝန် မှတ်ချက်ကို Publish လုပ်သင့်တယ် လို့  ထင်တယ်ဗျာ။

    ReplyDelete
  4. ထူးဆန်းဖွယ်ပါလား မောင်အောင်ထွဋ်ရေ။
    ဆူးသေးသေးလေး အသားထဲ ဆူးနေရင်တောင် နေရခက်ပါဘိနဲ့
    သံနဲ့အပ် ၄၇ချောင်းတောင်စိုက်ဝင်နေတာ မစဉ်းစားရဲတော့ဘူး။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete