စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, November 11, 2011

ဟွန်ဒါရဲ့ အာစီမို စက်ရုပ် အသစ်


          ၂၀၀၅ ခုနှစ်ထက်ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်မှု့တွေနဲ့အတူ ဟွန်ဒါရဲ့ အာစီမို ၂၀၁၁ စက်ရုပ်လေးပါ။  ဒီစက်ရုပ်ကိုတော့ ဟွန်ဒါရဲ့ သုတေသန ဋ္ဌာနတည်ရှိရာ တိုကျိုမြို့မှာ ပြသခဲ့ပါတယ်။  ဒီ လူအသွင် စက်ရုပ်ကလေးဟာ လူတွေ ပြုလုပ်နိုင်တဲ့ အရာတွေကို ပြုလုပ်နိုင်အောင် တီထွင်ထားတာပါ။
          အခု ပိုမိုကောင်းမွန်လာအောင် မွန်းမံထားတဲ့ စက်ရုပ်ကလေးမှာတော့ စက်ရုပ်ရဲ့ လက်တွေဟာ လက်ချောင်းတစ်ချောင်းခြင်းစီပါ လှုပ်ရှား သိရှိလာနိုင်ပါတယ်။  ဒါကို အာစီမို စက်ရုပ်ကလေး အချိုရည်ဘူးအဖုံးကိုဖွင့် ခွက်ကလေးကိုကိုင်ပြီး အချိုရည်ငှဲ့ပြပုံနဲ့ ပြသခဲ့ပါတယ်။
          နောက်တစ်ခုက အာစီမိုရဲ့ ပြေးအား ပိုမိုမြန်ဆန်လာတာဖြစ်ပါတယ်။  ပြီးခဲ့တဲ့တစ်ခေါက်က တစ်နာရီကို ၄ မိုင်နှုန်းပြေးနိုင်တာကနေ အခု တစ်နာရီကို ၅.၇ မိုင်နှုန်းပြေးနိုင်ပါတယ်။  နောက်တစ်ခုက ခြေတစ်ပေါင်ကျိုးလဲ ခုန်တတ်သေးသလို၊ စုံလိုက်လည်း ခုန်တတ်ပါပြီ။ 

          ဒီ စက်ရုပ်ကလေးဟာ လူသုံးယောက်က သူ့ကို တစ်ချိန်ထည်းစကားပြောရင်လည်း သုံးရောက်စလုံးရဲ့ အသံကို တစ်ချိန်ထည်း မှတ်မိနိုင်စွမ်း ရှိပါသတဲ့။  ဒါဟာ မျက်နှာနဲ့ အသံကို မှတ်မိစေတဲ့ နည်းပညာကို အသုံးပြုထားလို့ပါ။

          ၂၀၀၀ ခုနှစ်က ဒီ အာစီမိုလေးနဲ့ စတင်မိတ်ဆက်တဲ့အချိန်မှာတော့ အများစုက သိပ်အသုံးမ၀င်လှတဲ့ ပရောဂျက် စီမံကိန်း တစ်ခုလို့သာ ရှု့မြင်ခဲ့ကြပါတယ်။  ဟွန်ဒါကတော့ အခု အာစီမိုမှာ အဆင့်မြှင့်ထားတဲ့ နည်းပညာတစ်ခုဖြစ်တဲ့ စက်ရုပ် လက်ဟာ ၆ လအတွင်း ပြီးစီးအောင် အမြန်လုပ်ဆောင်ခဲ့ရတာဖြစ်ပြီး ဂျပန်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နူးကလီယား ယိုစိမ့်မှု့လို နေရာတွေမှာ နောက် အသုံးချဖို့ ရည်ရွယ်တယ်လို့ ပြောသွားပါတယ်။
          ဟွန်ဒါကုမ္မဏီဟာ အခုလောလောဆယ်မှာလည်း ဖူကူရှီးမားက နူလျှပ်စစ်ရုံကြီး ယိုစိမ့်နေတဲ့ ယူရေနီယမ်တွေ၊ အပူချိန်ကျရေးအတွက် အခြားသော ၀န်ဆောင်မှု့ ကုမ္ပဏီတစ်ခုနဲ့ အလုပ်တူတူလုပ်နေပါတယ်။  ဒီ စက်ရုပ်လက်ကိုတော့ နူစက်ရုံထဲက ပိုက်ခေါင်း(valve) တွေကို အဖွင့်အပိတ် လုပ်ဖို့ အသုံးချမှာဖြစ်တယ်လို့ ဆိုပါတယ်။

Source : (Link)

5 comments:

  1. အာစီမို စက်ရုပ် အသစ်လေးဝယ်ထားပြီး
    ထမင်းလေးချက်ခိုင်းရရင်ဘယ်လိုလဲ
    နဲနဲတော့သက်သာမယ်ထင်တယ်
    စက်ရုပ်က အထီးလား အမလား ဘာမှ မရေးထားပါလား
    ခင်မင်တဲ့ jasmine

    ReplyDelete
  2. အလဲ့ တယ်ဟုတ်ပါလား သိပ္ဗံဇတ်ကား ကြည့်နေရသလိုပဲ

    ReplyDelete
  3. စမ်းသပ်ထုတ်လုပ်မှုတွေ တိုးတက်လာတာနဲ့အမျှ လူတို့အတွက် အကျိုးရှိသလို အကျိုးယုတ်စေနိုင်မည့် အန္တရာယ်တွေလည်း ပိုများလာသလိုခံစားမိတယ် မောင်အောင်ထွဋ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. စက်ရုပ်တစ်ကောင်လောက်လိုချင်သား
    အိမ်မှာ တောက်တိုမယ်ရ ခိုင်းမလားလို့.. ဟိ
    သူ့ပုံစံလေးက ချစ်စရာလေးနော်..
    ခြေထောက်လေး ကွေးကွေးနဲ့ ပြေးနေတာ
    လူနဲ့တောင် တူတူလာပြီ..
    မိုက်တယ်..

    ReplyDelete
  5. စက်ရုပ်နည်းပညာပိုတိုးတက်လာရင် လူသားတွေပျင်းလာမယ်ထင်တယ်နော်း)
    စက်ရုပ်မချောချောလေးတစ်ယောက်လောက်တော့လိုချင်သားပဲး)

    ReplyDelete