စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, November 28, 2011

ဘရာဇီးက ကမ္ဘာ့အကြီးဆုံး ရေပေါ် ခရစ်စမတ်သစ်ပင်


          ဘရာဇီးနိုင်ငံ ရီယိုဒီ ဂျနေးဒိုးမှာတော့ ကမ္ဘာ့ ပထမဆုံး ရေပေါ် ခရစ်စမတ်သစ်ပင်ကြီးကို ခရစ်စမတ်ရာသီအကြို ဖွင့်လှစ်လိုက်ပါပြီတဲ့။  ဒီသစ်ပင်ကြီးဟာ အမြင် ၈၅ မီတာမြင့်ပါတယ်။  ရီရိုဒီဂျနေဒိုး Rio’s Rodrigo de Freitas Lagoon မှာရှိတဲ့ ဒီသစ်ပင်ကြီးရဲ့ ရေမီးစုံ အလှပြဖွင့်ပွဲကို ကြည့်ရှု့ဖို့ လူပေါင်း ထောင်ချီပြီး လာခဲ့ကြပါတယ်။  ဒီသစ်ပင်ကြီးဟာ စုစုပေါင်း ၅၄၂ တန်လေးပြီးတော့ မီလုံးပေါင်း ၃.၃ သန်းကျော် တပ်ဆင်ထားပါသတဲ့။  ဒီနေရာဟာ အခုတော့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ရာ အထိက နေရာတစ်ခု ဖြစ်လာနေပါပြီ။  ၁ သန်းမကသော လူတွေဟာ ဒီသစ်ပင်ကြီးရဲ့ မီးအလှတွေကို ကြည့်ရှု့ဖို့ ဘုရင်သုံးပါးနေ့ ဇန်န၀ါရီ ၆ ရက်မတိုင်ခင် မီးတွေ မဖြုတ်ခင်မှာ လာကြဦးမယ်လို့ ဆိုပါတယ်။  ဂင်းနစ် မှတ်တမ်းမှာတော့ ဒါဟာ ကမ္ဘာ့အကြီးဆုံး ခရစ်စမတ် သစ်ပင်အဖြစ် မှတ်တမ်းဝင်သွားပြီးဖြစ်ပါတယ်။  အောက်က YouTube ဗီဒီယိုမှာတော့ ဒီသစ်ပင်ကြီးရဲ့ အလှအပတွေကို ခံစားနိုင်ကြပါပြီ။

Source : (Link)


3 comments:

  1. December ကျရင်သွားကြတာပေါ့နော်
    လိုက်ချင်တဲ့လူတွေစရင်းပေးထားပါ
    လူဦးရေကန့်သန့်ထားသည်
    ခင်ခင်မင်မင် jasmine

    ReplyDelete
  2. အင်း အင်း ခံစားယုံပဲရတာပါး(
    ပိုက်ပိုက်လဲ ချိဘူး တွာလိးု့လဲရဘူးလေ
    ငမ်းယုံသာပေါ့ကွယ်

    ReplyDelete