စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Sunday, November 27, 2011
ဗေဒင် နက္ခတ်နဲ့မှ အလုပ်ခန့်မယ့် တရုတ်က ကုမ္ပဏီတွေ
          အဲ့ဒီ သတင်းစာထဲမှာ ဆက်ဖော်ပြထားတာကတော့ အဆိုပါ အလုပ်ကုမ္ပဏီရဲ့ အလုပ်ခေါ်ယူသူ အမျိုးသမီးက သူမတို့ဟာ ဒီ ရာသီခွင်တွေနဲ့ ပတ်သတ်ပြီးတော့ အလုပ်သမားခန့်ရာမှာတော့ ဗြိစ္ဆရာသီဖွားတွေဟာ တစ်မှိုင်မှိုင်တစ်တွေတွေရှိတတ်ပြီး ကန်ရာသီဖွားတွေကတော့ ဆက်ဆက်ထိမခံ အလုပ်တစ်ခုကို စွဲမြဲစွာ မလုပ်ဘူးလို့ ဆိုပါသတဲ့။
          “ကျွန်မ ဒီရာသီခွင် ၂ ခုမှာ ဖွားတဲ့လူတွေကို အလုပ်ခန့်ဖူးပါတယ်။  သူတို့ဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ငြင်းခုံ စကားများချင်ရင်များမယ်၊ မဟုတ်ရင် အလုပ်ခဏပဲလုပ်ပြီး ထွက်တာပဲလို့” ပြောသွားပါသတဲ့။  ဒါပေမယ့် ဘာကြောင့် တစ်ခြားသော ရာသီခွင် ၃ ခုဟာ သူမစိတ်ကြိုက်ဖြစ်ရတယ် ဆိုတာကိုတော့ ထည့်သွင်း ရေးမထားပါဘူး။  ဒါပေမယ့် အဲ့ဒီမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးတစ်ခုကိုတော့ ထည့်သွင်း ဖော်ပြသွားပါတယ်။
          ကျူကျင်း ဆိုတဲ့ ကျောင်းသူလေးဟာ ကရကဋ်ရာသီဖွား(Cancer) ဖြစ်ပြီးတော့ မင်္ဂလာ အခမ်းအနားပြုလုပ်ပေးတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ပါသတဲ့။  ဒါပေမယ့် ၂ လကြာတော့ သူမကို အလုပ်က ထုတ်ပစ်လိုက်ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ တူရာသီဖွား (Aquarius) တွေနဲ့ ဗြိစ္ဆာရာသီဖွား (Scorpio) တွေက ဒီအလုပ်နဲ့ ပိုသင့်တော်လို့ပါ လို့ ဆိုသွားပါတယ်။
          ကျူကျင်းကတော့ သူ့မရဲ့ ရာသီခွင်ဟာ သူမ ဆုံးဖြတ်လို့ရတဲ့ ဟာမှ မဟုတ်တာ လို့ ပြောသွားပါသတဲ့။  ဒီသတင်းထွက်လာတော့ အင်တာနက်ပေါ်မှာလည်း ဒီသတင်းနဲ့ ပတ်သတ်ပြီးတော့ ကွန်မန့်တွေ တက်လာကြတာ တစ်သောသောပါပဲတဲ့။  ၂၀၀၄ ခုနှစ်တုန်းကလည်း ဟူနန် ပြည်နယ်မှာ အစိုးရအလုပ်ခေါ်တုန်းက အလုပ်လျှောက်တဲ့ မိန်းကလေးတွေရဲ့ ရင်သားနှစ်ခုဟာ အရွယ်ညီရမယ်ဆိုတဲ့ လိုအပ်ချက်ထည့်သွင်းဖော်ပြခဲ့လို့ လူပြောသူပြောများခဲ့ပါသေးတယ်။  ဘာ့ကြောင်ဒီလိုအပ်ချက် လိုရတယ်မသိပေမယ့် နောက်ပိုင်းမှာတော့ ပြောရေးဆိုခွင့်ရှိသူတွေက ဒီအချက်ကြောင့် အလုပ်လျှောက်သူတွေကို မရွေးချယ်မှာမဟုတ်ပါဘူးလို့ပြောသွားပါသတဲ့။
`        သြော်.. အံသြကုန်နိုင်ဖွယ် အူကြောင်ကြောင်လူတွေပါပဲ။
Source : (Link)
4 comments:
  1. ဟယ်----ထူးဆန်းပါပေ့နော်
    ReplyDelete
  2. အဲဒီ အလုပ်ခန့်တဲ့သူရယ်၊ သူဋေးရယ်က ဘာရာသီဖွါးလဲဟင်..
    ကြယ်စင်အလင်း
    ReplyDelete
  3. ကြောင်ချက်က လန်ထွက်နေတာပဲ ဟင်းဟင်းး
    ReplyDelete