“ပညာရှာ ပမာသူဖုန်းစား”၊ “ပညာရွှေအိုး လူမခိုး”
စတဲ့ စကားပုံလေးတွေဟာ ပညာရဲ့ တန်ဖိုးကိုဖော်ပြတဲ့ စကားပုံလေးတွေပါ။ နောက်ပိုင်းမှ “ရွှေအိုးရှိမှ ပညာရ” တို့ဘာတို့ ဖြစ်လာတာကိုတော့
ထားလိုက်ပါတော့လေ။ မည်သို့ပင်ဖြစ်စေ ယခုပိုစ့်လေးကတော့
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း မြောက်ပိုင်း ပိလိရွာကလေးက ကလေးငယ်လေးတွေ စာသင်ဖို့
ဘယ်လောက်အထိ အန္တရယ်တွေကြားထဲကနေ ကျောင်းကိုသွားရတယ်ဆိုတာလေးပါ။ နှစ်တိုင်း ကျောင်းဖွင့်ချိန်ဆိုရင် ပိလိ ရွာကလေးကို
ဆရာမတွေနဲ့ အစိုးရ အရာရှိတွေဟာ အဲ့ဒီရွာက ကလေးငယ် ၈၀ လောက်ကို ကျောင်းကိုခေါ်ဆောင်ဖို့
ရောက်လာလေ့ရှိပါသတဲ့။ ဒီကလေးငယ်ကလေးတွေဟာ ရွာကနေပြီးတော့
ကျောင်းကိုရောက်ဖို့ ၁၂၅မိုင် ခရီးကြမ်းကို ဖြတ်သန်းရပါသတဲ့။ ဒီဖြတ်သန်းရတဲ့ ခရီးတွေက တော်တော့်ကို စွန့်စွန့်စားစား
သွားရတာပါ။ သူတို့လေးတွေဟာ ကျောင်းကိုရောက်ဖို့
ရေခဲနေတဲ့ မြစ်လေးစင်း၊ ခနော်နီ ခနော်နဲ့ ပေ
၆၅၀ ကျော်ရှည်တဲ့ ကြိုးတံတား ၁ ခု၊ ပျဉ်ပြားတစ်ချပ်စာသာရှိတဲ့
တံတားတွေ စတာတွေကို ဖြတ်သန်းရပါသတဲ့။ ဒါခရီးကို
ပြီးဆုံးဖို့ အချိန် ၂ ရက်ကြာပါတယ်တဲ့။
Source : (Link)
ဖြစ်ရလေခြင်း...
ReplyDeleteအဲလိုနိုင်ငံမှာ အဲလိုရွာနဲ့ကျောင်းလဲရှိတာပဲနော်
ReplyDeleteခင်ခင်မင်မင် jasmine
ငယ်ငယ်တုန်းက တစ်နှစ်တစ်ခါ ကျောင်းပြန် အိမ်ပြန်လုပ်ရတဲ့ ခရီးကိုတောင် သတိရသွားပြီ..
ReplyDeleteကျောင်းဖွင့်ချိန်ဆို အိမ်ကနေ ကျောင်းသွားတက်ဖို့ ၃ရက်ခရီးကို ရွှံ့တွေ ဒူးခေါင်းလောက်ကြား လမ်းလျှောက်ရတာ.. ညဘက်ဆို သစ်ရွက်မိုးတဲလေးတွေမှာ ညအိပ်ရတာ..
တစ်ခါတစ်ခါဆို ကိုယ်အိပ်နေတဲ့နေရာဘေးနားမှာ လူသေမြုပ်ထားတဲ့ မြေစာပုံကြီးဖြစ်နေတာ မနက်လင်းမှ သိတာတို့ ကြုံခဲ့ရတယ်..
ဒါပေမဲ့ ကိုယ်တွေက အခုပုံထဲက ကလေးတွေထက်တော့ တော်ပါသေးတယ်နော်..
တောင်နံရံဘေးကနေ လျှောက်ရတာ အန္တရာယ်များလိုက်တာ.
ပြုတ်ကျရင်ဖြင့် မသက်သာဘူး