စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, November 2, 2011

မြေမြိုတဲ့ တရုတ်ကမြို့တွေ


          မြေမြိုတယ်ဆိုလို့ တစ်မျိုးတော့မထင်လိုက်ပါနဲ့။ ရေတိုက်စားမှု့ကြောင့် မြေတွေ ပြိုသွားတာကို ဆိုလိုတာပါ။  တိုးတက်လာမှု့နဲ့အတူ အရာရာ အလျှင်အမြန်ပြီးစီးဖို့ လိုအပ်လာပါတယ်။  ဆိုတော့…. လုပ်သလို မဖြစ်ရင် ဖြစ်သလိုလုပ်ပါတယ်။  အဲ့ဒီတော့ တရုတ်ပြည်မှာ ဖြစ်ပေါ်နေတဲ့ သတင်းတွေဟာ အထူးအဆန်းရယ်တော့ မဟုတ်လှပါဘူး။  နောက်တစ်ခုက တရုတ်တွေရဲ့ ကိုယ်ခပိုင်ခံယူချက်၊  မိမိအလုပ်အပေါ် တန်ဖိုးထားခြင်း၊ မိမိကိုယ်မိမိ ပရောဖက်ရှင်နယ်တစ်ယောက်အဖြစ် ခံယူခြင်း၊ မိမိထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်တစ်ခုအပေါ်မှာ မိမိသည် တာဝန်အရှိဆုံး လူတစ်ယောက်ဟု ခံယူခြင်း၊ စတဲ့ ခံယူချက်တွေရှိလားလို့မေးရင် ကြားတောင်မကြားဖူးဘူးလို့ ပြန်ဖြေပါလိမ့်မယ်။  မင်း ငါ့ကို ဒီငွေပေးတာ၊ ဒီငွေနဲ့ တန်တဲ့ ဟောဒီမှာ ဟော့ဒါရမယ်၊ ကျန်တာတွေ လာမပြောနဲ့ ပြီးတာက ပြီးသွားပြီ။  ဒါဟာ တော်တော်များများက ပြန်ပေးမယ့်အဖြေပါ။

          အခုဖြစ်နေတဲ့ ဓာတ်ပုံလေးတွေကို ကြည့်ပါ။  ရှန်ဟိုင်း၊ ထျန်ကျင်း၊ ဟီပေ၊ ရှန်ဒေါင်း စတဲ့မြို့တွေမှာ ပင်လယ်ရေတိုက်စားသွားလို့ မြေတွေ ကျွံပြီးတော့ ဖြစ်ပျက်ကုန်တဲ့ကိစ္စတွေပါ။  ဒီဒေသတွေမှာ ရေပေးဝေမှု့က မြေအောက်ရင်မြစ်ရေတွေကနေစုပ်ယူပြီးတော့ မြို့တွေကို ရေပေးဝေတာ ၇၀% ရှိပါတယ်။  ဒီအပြင် ဒီရေ အတက်အကျကိုလည်းဒီဒေသတွေက ခံနေရတော့ မိုးမျှော်တိုက်ကြီးတွေဆောက်လုပ်ထားတဲ့ ဒေသတွေမှာ ရေအ၀င်အထွက် များလာတော့ မြေတွေက ရေနောက်ကိုပါ၊ အကျိုးဆက်က မြေပြိုပါတယ်။  ယန်စီမြစ် ဘေးတစ်ဘက်တစ်ချက်က ဒေသတွေဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ။  ရှန်ဟိုင်း နဲ့ ထျန်းကျင်းဒေသတွေဟာ တဖြည်းဖြည်းနဲ့ မြေအောက်ကို နစ်မြုတ်လာတာ ၁၉၂၀ ကျော်ကတည်းကလို့ ဆိုပါတယ်။  ခုတော့ ဒါတွေ ဒီလိုဖြစ်ပြီဆိုမှ ပြင်ဆင်ဖို့ အသည်းအသန် ကြိုးပမ်းနေကြပါတယ်။  ဒါပေမယ့် အိုင်းစတိုင်းပြောခဲ့သလိုပေါ့လေ… “The problems that exist in the world today cannot be solved by the level of thinking that created them.”


Ref: (Link)

3 comments:

  1. နေရာတိုင်းလူတွေကပ်ဆိုက်နေတယ်ထင်တယ်
    ပုံလေးတွေက ထူးထူးဆန်းဆန်းလေးတွေနော်..
    ကြောက်ဖို့လဲကောင်းတယ်

    ReplyDelete
  2. တရုတ်ရဲ့ နည်းပညာတွေက တကယ်မှ တိုးတက်ရဲ့လားလို့ သံသယဖြစ်စရာကောင်းလောက်အောင် ထိခိုက်မှုတွေက အမြဲလိုလိုဖြစ်နေတယ်။ ဒီမနက်လည်း ရထားတိုက်ပြန်ပြီကြားတယ်။။
    အမြန်ပြီးလိုတဲ့ဇောနဲ့ လုပ်တဲ့အရာမှန်သမျှ အကျိုးဆက်က မကောင်းတာများတယ်...
    အင်း မြေပြိုခြင်း ရေတိုက်စားခြင်း၊ ရထားတိုက်ခြင်းကနေ ကင်းလွတ်ကြပါစေလို့သာ ဆုတောင်းပေးရုံ

    ReplyDelete
  3. များလူသတ္တ၀ါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်းပါစေ..။
    ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ အေးငြိမ်းကြပါစေ..။

    ReplyDelete