စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, September 7, 2011

Natsumi Hayashi - လေမှာ ပျံဝဲနေသော မိန်းကလေး


            ဒီဓာတ်ပုံလေးတွေကိုကြည့်ပါ။  ဒီပုံထဲမှာ နာဆုမိ ဆိုတဲ့ မိန်းကလေးတစ်ယောက် လေထဲမှာ ပျံဝဲနေတာကို တွေ့ရပါလိမ့်မယ်။  တစ်ကယ်ကို အသက်ဝင်လှတဲ့ ဒီဓာတ်ပုံတွေထဲမှာ နာဆုမိတစ်ယောက်ဟာ သဘာဝကျကျကို ကမ္ဘာမြေကြီးဆွဲအားနဲ့ ဆန့်ကျင်ပြီး အသက်ဝင်နေအောင် ပျံဝဲပြနေတာပါ။
            ဒီဓာတ်ပုံတွေရဖို့ သူမဟာ သူမကိုယ်ပိုင် Cannon 5D Mark II ကို သုံးပြီး သူမကိုယ်တိုင် ရိုက်ကူးထားတာဖြစ်တယ်လို့ဆိုပါတယ်။  တစ်ခါတစ်လေမှာတော့ ဒီလို သဘာဝကျတဲ့ ပုံတွေရဖို့ အကြိမ် ၃၀၀လောက် ခုန်ရပါတယ်တဲ့။ 
            သူမရဲ့ ဘလော့ဂ်နဲ့ သူမရဲ့ ဓာတ်ပုံတွေဟာ ဂျပန်နိုင်ငံတစ်ဝှမ်း အလွန်ရေးပန်းစားနေတယ်လို့ဆိုပါတယ်။  ၂၀၁၁ ဧပြီ ၂၇ ရက်နေ့မှာတော့ သူမ ဓာတ်ပုံတွေ ထပ်တင်တာကို မတွေ့ရတော့ပါဘူး။  ဒါဟာ သူမ လျှို့ဝှက်ပြီး တစ်ခုခုကို လူတွေ အံအားသင့်အောင် လုပ်ပြနိုင်ဖွယ်ရှိပါတယ်။  

ကျွန်တော်တို့တွေလဲ ၀ါသနာပါရင် ခုန်လို့ရအောင် ဒီပို့စ်လေးကို တင်ပေးလိုက်တာပါ။  ဒါပေမယ့် ဒီလိုပုံထွက်ချင်ရင်တော့ Mark II ဖြစ်ဖြစ် Mark III ဖြစ်ဖြစ် တစ်လုံးတော့ လိုလိမ့်မယ်နော်..။



Source : 1















2 comments:

  1. ဟိုက်ရှားဘာ အိုက်ဒီယာက လှမ်းလှချည်းလား

    ReplyDelete
  2. အကြိမ် ၃၀၀ သာခုန်ရရင်တော့ သွားပါပီ
    မတူး တို့မသရီးတို့တော့မရှိဘူး
    မခြောက်တော့ရှိတယ် ဟဲဟဲး)

    ReplyDelete