စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, September 22, 2011

Nicolas Cage ဟာ သွေးစုတ်ဖုတ်ကောင်လား?


          Face-Off ဇာတ်ကားကို ကြည့်ဖူးကြမှာပါ။  အဲ့ဒီမှာ ကျွန်တော်တို့ နီကိုးလပ်စ် ကေ့ဂ်ျဆိုတဲ့ မင်းသားနဲ့ စတင်ရင်းနှီးခဲ့ကြတာပါ။  ခုသတင်းလေးကတော့ ဒီလိုပါ။  အမေရိကန်ပြည်တွင်းစစ်ဖြစ်နေချိန်ကာလတုန်းက ရိုက်ထားခဲ့တဲ့ ဓာတ်ပုံလေးဟာ နီကိုးလပ်စ် ကေ့ဂ်ျနဲ့ ချွတ်စွပ်တူနေလို့ပါတဲ့။  ဒါနဲ့ဘဲ ဒီမင်းသားဟာ လူစင်စင် မဟုတ်တန်ရာ သွေးစုပ်ဖုတ်ကောင်သာ ဖြစ်လေ၏ လို့ ဆိုပါလေသတဲ့။
          ဒီသတင်းကို စတင်ဖွတဲ့လူကတော့ Jack Mord လို့ခေါ်တဲ့ ရှေးဟောင်းပစ္စည်း ရောင်းတဲ့လူဖြစ်ပါတယ်။  ဒီလူဟာ ebay လို့ခေါ်တဲ့ အွန်လိုင်း ရှော့ပင် ၀ဘ်ဆိုဒ်ကနေပြီးတော့ ၁၈၇၀ ၀န်းကျင်က ဘရစ်စတိုမှာ ရိုက်ထားတယ်ဆိုတဲ့ ဓာတ်ပုံကို ရောင်းဖို့တင်ပြီးတော့ ဒီပုံဟာ နီကိုးလပ်စ် ကေ့ဂ်ျ အစစ်မှ စစ်စစ် ရေမရောဘူးလို့ ဆိုပါတယ်။

          ဒါ့အပြင် Mord က နီကိုလက်စ်ကေ့ဂ်ျဟာ နှစ်ပေါင်း ၇၅ နှစ်တိုင်း တစ်ကြိမ် ပြန်လည် နုပြိုအောင် လုပ်ပါသတဲ့လို့လဲ ဆိုပါတယ်။  နောက်ပြီးသူကပြောပါသေးတယ် အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဒီမင်းသားရဲ့ရုပ်ဟာ ၁၉၈၇ ခုနှစ် မှာရိုက်ထားတဲ့ Moonstruck ဇာတ်ကားကနေစပြီးတော့ ခုချိန်အထိ ရုပ်မပြောင်းသာတာကြည့် ဒါဟာ သွေးစုတ်ဖုတ်ကောင်မှ သွေးစုတ်ဖုတ်ကောင်စစ်စစ်လို့ ရေးထားပါသေးတယ်။
          ဒီဓာတ်ပုံကို ၀ယ်ချင်တဲ့လူများ ပိုက်ဆံမပေးခင် ကြိုက်တဲ့ ဓာတ်ပုံ ပညာရှင်ခေါ်လာပြီး စစ်ဆေးကြည့်ပါ။ ဒါဟာ အော်ရီဂျင်နယ် ဓာတ်ပုံဖြစ်ပါတယ်။  တန်ဖိုးကတော့ ဒေါ်လာ ၁ သန်းပါတဲ့ အရပ်ကတို့ရေ။  ဒါပေမယ့် သွေးစုတ်ဖုတ်ကောင် အိတ်စပတ်တွေရဲ့ အဆိုအရတော့ သွေးစုတ်ဖုတ်ကောင်ဖြစ်ရိုးသာမှန်ရင် ဓာတ်ပုံထဲမှာ အရိပ်ထင်ရိုးမရှိလို့ ဆိုနေပါသတဲ့။ 
          အဲ့ဒီတော့ နီကိုးလပ်စ် ကေ့ဂ်ျကို အပြင်မှာတွေ့ရင်ဖြင့် အရိပ်များထွက်သလား၊ မှန်ထဲမှာရော အရိပ်ထင်လား ကြည့်ကြပါနော်…
        အင်း ဓာတ်ပုံလေးတစ်ပုံရောင်းဖို့များ လံကျုပ် ပုံပြင်လေးတွေနဲ့ ထွင်ပါသဗျ။  ဘာဘဲဖြစ်ဖြစ်ပေါ့လေ စိတ်ဝင်စားဖို့တော့ အကောင်းသား။

အောက်က ဗီဒီယိုကတော့ Yahoo ရဲ့ omg အစီအစဉ်က တင်ဆက်သွားတဲ့ သတင်းလေးပါ


Source : 12

3 comments:

  1. သရဲကြောက်လို့ ဂျယ်လီပစ်ပစ်နဲ့ ဘုန်းဘုန်းတောက်ဆီတောင်ဗီဇာပိတ်ထားပါတယ်ဆိုမှာ တူက သွေးစုပ်ဖုတ်ကောင်တဲ့ လာပြန်ပြီ ..
    ဒိုးကန် ၀ယ်မယ် ၁ ကျပ် နဲ့ဟဲဟဲး)

    ReplyDelete
  2. ဒါက အင် ဒရယ်ဂူလာပါ.... မခြောက်တတ်ဘူး။ ၁ကျပ်ခွဲ ပေးမယ့်လူရှိရင် လက်ညှိုးထောင်ပါ။ ခေါ်ဈေးက တစ်ကျပ်တဲ့ (ပုံ မဒိုးကန်မှ)။ ချိတ်ဖွင့် လေလံဆွဲနေပါတယ်။ ဟဲ ဟဲ ဟဲ :P

    ReplyDelete
  3. သုံးကျပ် ပေးမယ်

    ReplyDelete