ကျွန်တော်
သမိုင်းအကြောင်းကို နားလည်းမလည်သလို သိလည်း တိတိကျကျ ဘာမှမသိပါဘူး။ ဒါလေးကို ရေးမယ်လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကျတော့
ဒီလောက်လေးတော့ ဖတ်ရမယ်ဆိုတဲ့ အသိစိတ်ကလေးနဲ့ ဖတ်လိုက်ပြီး ကျွန်တော် ပေးချင်တဲ့ အရာလေးတစ်ခုကို
ပေးဖို့ဘဲ ရည်ရွယ်တာပါပဲ။ ဒါလေးကတော့ စုစည်းညီညာမှု့
တစ်ခုကို ပြချင်လို့ပါ။ ကျွန်တော်တို့ ဘာကို
သင်ခန်းစာယူပြီးတော့၊ ဘယ်လို ဆက်လုပ်ကြမလဲ? ဘာကြောင့် ဒီလိုဖြစ်ခဲ့ရတာလည်း? ဘယ်သူကြောင့် ဘယ်ဝါ့ကြောင့်ကို အတိတ်မှာ ထားခဲ့ပြီးတော့
ယခု ပစ္စုပ္ပန်မှာ ဘာတွေ လုပ်ကြမလဲ? ဘယ်လို ရှေ့ဆက်ကြမလဲ ဆိုတာလေးကို ကျွန်တော်ပြောချင်လို့ပါ။ အနစ်နာခံခဲ့သူတွေ၊ ကျဆုံးခဲ့တဲ့လူတွေ၊ အယူအဆ ကွဲပြားချက်တွေ၊
မိမိတို့ ကောင်းမယ်လို့ယုံကြည့်တဲ့ အရာတွေကို တည်ဆောက်ခဲ့တဲ့လူတွေ၊ တည်ဆောက်နေဆဲလူတွေ၊
အားလုံးအတွက် ဒါတွေကိုရည်ရွယ်ပါတယ်။ ကျွန်တော်ယုံကြည်ချက်တစ်ခုကတော့
လှပတဲ့ သက်တံတစ်ခု ကောင်းကင်မှာ ဖြစ်ပေါ်လာဖို့ အရောင် ၇ ရောင်နဲ့ ပေါင်းစပ်ရပါတယ်။ အနီရောင်၊ လိမ္မော်ရောင်၊ အ၀ါရောင်၊ အစိမ်းရောင်၊
အပြာရောင်၊ ခရမ်းရောင် စတဲ့ အရောင် ခုနှစ်ရောင်ပါ။ ဒီအရောင်တွေ အားလုံးကို ပေါင်းစပ်လိုက်ရင် အဖြူရောင်
ဆိုတဲ့ မိခင်အရောင်ကြီးကို ပြန်ရမှာပါ။ ဒါတွေကို
မပေါင်းစပ်နိုင်သရွှေ့ကတော့ ကောင်းကင်မှ လှပတဲ့ သက်တံကြီးကို မြင်ခွင့်ရဦးမှာ မဟုတ်ပါဘူး။
ဟိုးပဝေသဏီ
ကျောက်ခတ် ထဲက လူသားမျိုးနွယ်တွေဟာ အုပ်စုဖွဲပြီး နေထိုင်ကျက်စားခဲ့ကြပါတယ်။ လူဆိုတာက အသင်းအဖွဲ့နဲ့ အုပ်စုနဲ့ နေထိုင်တဲ့ အလေ့အထကို
လူယဉ်ကျေးမှု့တိုးတက်လာတာနှင့်အမျှ လက်ခံကျင့်သုံးကြပါတယ်။ ဒီမှာတင် အားကြီးသူ အုပ်စုတွေက အားနည်းသူ လူမျိုးစုတွေကို
သူတို့ရဲ့ အကျိုးအမြတ်ရရှိရန်အလို့ငှာ လည်းကောင်း၊ အရှိန်အ၀ါကို ပြသရန်လို့ငှာလည်းကောင်း
နယ်ပယ်ချဲ့ထွင်ခြင်း၊ သယံဇတ များကို ရသည်နည်းနှင့် ယူငင်ခြင်းများကို လုပ်ဆောင်ခဲ့ကြပါတယ်။ နိုင်ငံများ တည်ထောင်လာနိုင်တဲ့အထိ အသိဥာဏ် ယဉ်ကျေးမှု့တိုးတက်လာတော့လည်း
ဒီ အတွေးအခေါ်ဟာ မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေခဲ့ပါတယ်။
ကိုလိုနီ
စနစ် စတင်လာတော့လည်း ဥရောပတိုက်မှ နည်းပညာ တိုးတက်ခေတ်မှီမှု့၊ စည်းလုံးမှု့၊ နိုင်ငံချစ်စိတ်
စတဲ့ အခြေခံ အချက်ကလေးတွေကို မူတည်ပြီး ကမ္ဘာတစ်ဝှမ်းက အားနည်းသော တိုင်းနိုင်ငံတွေကို
စစ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း တစ်နည်းနည်းနှင့်
မိမိတို့တိုင်းနိုင်ငံ အသီးသီးရဲ့ အကျိုးစီးပွားရရန် အလို့ငှာ သိမ်းပိုက်ခဲ့ကြပါတယ်။ အမျိုးချစ်စိတ်၊ ကိုယ့်ရေကိုယ့်မြေကို ချစ်တဲ့စိတ်၊
မိမိတို့ရဲ့ သယံဇာတကို ယူငင်သုံးစွဲမှု့ မှကာကွယ်လိုစိတ်တွေနှင့်အတူ သိမ်းပိုက်ခံနယ်မြေတွေမှ
နေထိုင်တဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေရဲ့ စုစည်းမှု့ကို တည်ဆောက်ပြီး စစ်ရေးအရသော်လည်းကောင်း၊
သံတမန်နည်းအားဖြင့်သော်လည်းကောင်း သိမ်းပိုက်သူတို့ထံမှ လွတ်လပ်ရေးဟူသော ကိုယ်ပိုင်အချုပ်အခြာ
အာဏာကို ပြန်လည် ရယူခဲ့ကြပါတယ်။ ၂၀စု အလွန်
၂၁ ရာစုမှာတော့ စူပါ ပါဝါလို့ခေါ်တဲ့ စည်းလုံးမှု့အလွန်ကောင်းမွန်သော၊ တိုင်းပြည်၏ အကျိုးစီးပွားကို တစ်စိုက်မတ်မတ် တိုးတက်စေရန်
ခေါင်းဆောင်နိုင်သည့် အစိုးရများအုပ်ချုပ်သော၊ မိမိတို့ အကျိုးစီးပွားရရန်အလို့ငှာ
သံတမန်နည်းအားဖြင့်သော်လည်းကောင်း၊ စီးပွားရေးအားဖြင့်သော်လည်းကောင်း၊ စစ်ရေးအားဖြင့်သော်လည်းကောင်း
နိုင်ငံငယ်များမှ သယံဇာတများကို တစ်နည်းနည်းအားဖြင့် နယ်ပယ်ချဲ့ထွင်ကာ မိမိတို့နိုင်ငံ
အကျိုးအမြတ်ရရှိစေရန်လုပ်ဆောင်လာခဲ့ကြတာကို တွေ့မြင်ရမှာပါ။
ကျွန်တော်တို့နိုင်ငံဟာ
ဖွံဖြိုးတိုးတက်ဆဲ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ အများကလက်ခံထားကြပါတယ်။ ရေမြေသဘာဝအရ နိုင်ငံပေါင်း ၅ နိုင်ငံနှင့် ထိစပ်နေတဲ့
နိုင်ငံဖြစ်ပြီး စူပါ ပါဝါ အဖြစ် ရောက်ရှိလာတဲ့ အန္ဒိယ နိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့်
တိုက်ရိုက် ထိစပ်လျှက်ရှိပါတယ်။ စူပါ ပါဝါဆိုတာဖြစ်လာဖို့အတွက်
သူတို့နည်း သူတို့ဟန် သူ့မူဝါဒ သူ့အုပ်ချုပ်မှု့နဲ့သူ တည်ဆောက်ခဲ့၊ နိုင်ငံသားတွေ စည်းလုံးခဲ့ကြလို့
စူပါ ပါဝါအဖြစ်ကို ရောက်ရှိလာတဲ့ နိုင်ငံတွေဟာ သူတို့အကျိုးအမြတ်ရနိုင်မည့် မည်သည့်နိုင်ငံငယ်မှမဆို
မည်သည့်သယံဇာတကိုမဆို မည်သည့်နည်းနှင့်ဖြင့်မဆို ရယူလိုကြတာဟာ သဘာဝဘဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံ စူပါ ပါဝါဖြစ်လာရင်လည်း ထိုနည်းလည်းကောင်း
အကျိုးအမြတ်ရစေမယ့် မည်သည့် သယံဇာတကို မဆို ကျန်သော နိုင်ငံငယ်တွေဆီ လှည့်ပတ်ပြီး ရရှိအောင်
ကြံဆောင်ကြမှာပါ။ ဒါဟာ သူတို့အတွက် အမျိုးသားရေး
တာဝန်ဖြစ်ပါတယ်။
ဒီလိုဘဲ
အင်အားနည်းပါနေသေးတဲ့ နိုင်ငံတွေဟာလည်း မိမိတို့ နိုင်ငံရဲ့ အကျိုးစီးပွား မဆုတ်ရုတ်နိုင်စေရန်
အလို့ငှာ သို့မဟုတ် သယံဇာတများကို အသုံးပြုပြီး အကျိုးစီးပွားကို မြှင့်တင်ရန်အလို့ငှာ
တတ်နိုင်သမျှ ကြိုးစားကြရပါတယ်။ ဒါဟာ နိုင်ငံငယ်တွေရဲ့
အမျိုးသားရေးတာဝန်တစ်ခုဖြစ်ပါတယ်။ ခု ကျွန်တော်တို့နိုင်ငံရဲ့
အဓိက ရေအရင်းအမြစ်၊ သဘာဝ အရင်းအမြစ်တစ်ခုဖြစ်တဲ့ ဧရာဝတီမြစ်ကြီးရဲ့ အရေးကိစ္စကို လူတိုင်း
လူတိုင်း အသေးစိတ်နည်းပါး သိရှိပြီးဖြစ်မှာပါ။
ဒါကို ဘယ်လိုရှု့မြင်ကြပါသလဲ? ရှု့မြင်ပြီး
သကာလမှာ ဘယ်လို အတွေးလေးများရရှိလာကြပါသလဲ?
အတွေးလေးတွေ ရပြီးလာတော့ ဘာဆက်လုပ်ကြမှလဲ?
ဘယ်လိုနည်းနှင့် လုပ်ဆောင်ကြမှာလဲ?
အထိရောက်ဆုံး နည်းလမ်းက ဘာလဲ? ဒါတွေကို အခြေခံကျကျ ပြန်လှန်စဉ်းစားဖို့ လိုအပ်လာပါတယ်။ ဒါတွေ မတိုင်ခင် စူပါ ပါဝါအဖြစ်ကို ရောက်သွားတဲ့
တရုတ်နှင့် ဖွံဖြိုးဆဲလို့ အမည်နာမခံနေရတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ ဖြစ်တည်မှု့လေးတွေကို
ရာစုနှစ် အနည်းငယ်လောက် ပြန်ပြောင်း ပုံဖော်ကြည့်ရအောင်။
ဟိုးရှေးရှေးတုန်းကပေါ့။ တရုတ်ပြည်မှာ မော်စီတုန်းဆိုတဲ့ နိုင်ငံရေးသမားကြီးရှိသတဲ့။ သူက မာခ် နဲ့ လီနင် ၀ါဒကို ကွန့်ညွန့်ပေါင်းစပ်ပြီးတော့
မော်ဝါဒနဲ့ တရုတ်ပြည်ကြီးကို တည်ဆောက်ခဲဖူးပါသတဲ့။ ချန်ကေရှိတ်ကို တိုက် အောင်ပွဲတွေခံပြီး သကာလမှာ
တစ်သွေး တစ်သံ တစ်မိန့်မော်ဝါဒအောက် ဘိန်းမှိန်း မှိန်းနေခဲ့တဲ့ တစ်ရုတ်အင်ပါယာကြီးဟာ
မကြုံစဖူး ထူးထူးကဲကဲကို ပေါင်းစည်းမိပါသတဲ့။
မဟာရှေ့သို့ ခုန်ပျံကျော်လွှား စီမံကိန်းကြီးကို ချမှတ်ဖူးပါသတဲ့။ အိမ်တိုင်း အိမ်တိုင်း သတ္တုတွေ ကျိုပြီးတော့ စက်မှု့နိုင်ငံတော်ကြီးကို
တည်ဆောက်ဖို့ပါတဲ့။ လယ်သမားတွေလည်း သတ္တုကျို၊
လက်သမားတွေလည်း သတ္တုကျို၊ ရှိရှိသမျှလူတွေ ဘာမှမလုပ်ဘဲ သတ္တုထိုင်ပြီး အကျိုကောင်းလိုက်ကြတာ
ဘုရားဆင်းတုတွေလဲထည့်ကျို၊ ကွမ်ရင်မယ်တော်လလဲထည့်ကျို ကျိုလို့ရသမျှ အကုန်ထည့်ကျိုနဲ့
၃ နှစ်မြောက်မှာ လူ သန်း ၃၀လောက် စားစရာဆန်မရှိတော့လို့ မြေကြီးထဲ ရောက်ကုန်ဖူးပါသတဲ့။ စီးပွားရေးပြုပြင်ပြောင်းလည်းမှု့ လိုတယ်လို့ အကြံပေးတဲ့
တိန့်ရှောင်ဖိန် ငါသေမှ မူပြင်စေဆိုပြီး မဲဇာကို နှင်ပါစေသတဲ့။ ဒါပေမယ့် သူသေသွားတဲ့
အချိန်မှာ တရုတ်နိုင်ငံဟာ ဘိန်းပြတ်ပြီး တစ်သွေးတစ်သံ တစ်မိန့်နဲ့ သွေးစည်းညီညွှတ်မှု့တစ်ခုကို
ဖော်ဆောင်နိုင်ခဲ့ပါတယ်တဲ့။ ဒါဟာ ၁၉၄၉ကနေ ၁၉၇၆ ၀န်းကျင်ကပေါ့။
အဲ့ဒီအချိန်တုန်းကပေါ့ ကျွန်တော့်တို့နိုင်ငံမှာ
ဒေါက်တာဘမော် ဆိုသူကြီးက အုပ်ချုပ်ခဲ့ပါသတဲ့။
ရွှေရည်စိမ်ဆိုလားဘာလား ဂျပန်တို့ အလိုကျ အုပ်ချုပ်တယ်ဆိုဘဲ။ ပိုက်ဆံတွေဆိုတာလဲ တန်ဖိုး မရှိလိုက်တာ ဂုံနီအိတ်နဲ့
ထုတ်ရတယ်ဆိုဘဲ။ ၁၉၄၀ ၀န်းကျင်မှာ ကျွန်တော်တို့ရဲ့
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ရဲဘော်သုံးကျိပ်ကို ဖွဲ့စည်းခဲ့ပြီး ဂျပန်တွေ၊
အင်္ဂလိပ်တွေကို လက်ရုံးရည်၊ နှလုံးရည်တွေကိုသုံးပြီး သူ့ကျွန်ဘ၀ကလွတ်အောင်၊ တိုင်းရင်းသားတွေ သွေစည်းညီညွှတ်အောင် ပင်လုံမှတ်တိုင်ထူပြီးတော့
လွတ်လပ်ရေးကို အရယူပေးခဲ့တယ်တဲ့။ ၁၉၄၇ ဇူလိုင်
၁၉ မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် နိုင်ငံအာဇာနည်ကြီးတွေဟာ မသမာသူတစ်ချို့ကြောင့်ပဲရေးမလား၊
မှားယွင်းစွာ ကွဲလွဲတယ်ပဲရေးမလား၊ မလုပ်သင့်တာကို တစ်ခဏတာဒေါသကြောင့်လုပ်ခဲ့တယ်ပဲရေးမလား
အဲ့ဒီလူတစ်စုရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်တဲ့။ နု-အက်တလီ စာချုပ်အပြီး
၁၉၄၈ ဇန်န၀ါရီ ၄ မှာ ကျွန်တော်တို့ နိုင်ငံကြီးဟာ စစ်မှန်တဲ့ လွတ်လပ်ရေးနဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာကို
ကိုယ့်လူမျိုးတွေကိုယ်တိုင် အုပ်ချုပ်ခွင့်ရခဲ့ပါတယ်တဲ့။ ကျွန်တော်တို့ နိုင်ငံရဲ့ ပထမဆုံး ဒီမိုကရက်တစ်
ပြည်ထောင်စုကြီးမှာ ဦးစပ်ရွှေသိုဝ် က ပထမဆုံး သမ္မတဖြစ်လာပြီးတော့ ဦးနုကတော့ ပထမဆုံး
ဝန်ကြီးချုပ်ဖြစ်ခဲ့ပါသတဲ့။ ၁၉၅၁-၁၉၅၂၊ ၁၉၅၆၊ ၁၉၆၀ တွေမှာ ပါတီစုံ ရွေးကောက်ပွဲတွေ
ချိမ့်ချိမ့်သည်း ကျင်းပ၊ သန့်ရှင်းဆိုလား တည်မြဲဆိုလား၊ အနီတို့၊ အဖြူတို့၊ အ၀ါတို့ဆိုလား
ရောင်စုံရောပြွမ်းပြီးတော့ ကျွန်တော်တို့ နိုင်ငံကြီးလည်း ပတ်တီးအပြည့်နဲ့ နှစ်ကာလတွေရှိခဲ့ပါသတဲ့။
ဒါဟာ ၁၉၆၂ မတိုင်ခင်ကာလပေါ့။
ပြုတင်းပေါက်ကို ဖွင့်လိုက်ပါ။ လေကောင်းလေသန့်တွေနှင့်အတူ့  ခြင်ယင်တွေလည်းဝင်လာပါလိမ့်မယ်
လို့ပြောခဲ့တဲ့ တိန့်ရှောင်ဖိန်ဟာ ၁၉၇၈ ခုနှစ်ကနေစပြီးတော့ မော်စီတုန်းနောက်ပိုင်း
တရုတ်ပြည်ကြီးရဲ့ တံခါးရွက်တွေကို ဖွင့်လှစ်လိုက်ပြီး တရုတ်ပြည်သူတွေကို ထမင်းဝခဲ့ပါစေသတဲ့။ သူတို့နိုင်ငံမှာလဲ သွေးတွေမြေခ တိုက်ပွဲတွေဝင်ခဲ့
ဒါပေမယ့် ခုချိန်မှာ စည်းလုံးတဲ့ စူပါပါဝါဖြစ်နေပါပြီ။ အဲ့ဒီအချိန်လောက်မှာဘဲ ကျွန်တော်တို့နိုင်ငံမှာ
တံခါးကိုပိတ်လိုက်ပါ၊ နိုင်ငံတစ်ကာကို မှီခိုနေစရာမလိုပါဘူး၊ ကိုယ့်နိုင်ငံမှာ ကိုယ်တိုင်ထုတ်
နိုင်ငံသားတွေ ဖူဖူလုံလုံစားဆိုပြီးတော့ ဆိုရှယ်လစ် လမ်းစဉ် ပါတီနဲ့ ဆိုရှယ်လစ် နိုင်ငံကြီးဖြစ်လာပါသတဲ့။ နွားထီး ငါးကျပ်၊ နွားမ ငါးကျပ် ဆိုပေမယ့် လူတိုင်းဟာ
စက်ရုံထုတ်ပစ္စည်းတွေ မဟုတ်လေတော့ အရည်မသွေးမတူတာက တစ်ပိုင်း၊ စက်မှု့နည်းပညာ ရေသောက်မြစ်
ဖူဖူလုံလုံမရှိတာက တစ်ပိုင်း၊ အနာမကျက်သေးတာက
တစ်ပိုင်း၊ ကွဲပြဲနေတာက တစ်ပိုင်း၊ ချစားတာကတစ်ပိုင်း၊ ဘုမသိ ဘမသိ ပြည်သူပိုင်ပေးလိုက်ရတာက
တစ်ပိုင်း မပြီးသေးသော ပန်းချီကားကြီးနှင့်အတူ ကျွန်တော်တို့ နိုင်ငံကြီးဟာ ဒဏ်ရာတွေ
တရပွနဲ့ နှုန်းချိခဲ့ရပါတယ်တဲ့။
ကျန်ဇီမင်း လက်ထက်မှာ အားကောင်းလာခဲ့တဲ့
စီးပွားရေးဟာ ကျန်ဇီမင်းအလွန် ဟူကျင်တောင်းလက်ထက်ကျတော့ ဒုံးပျံတွေ လပေါ်ရောက်၊ ပင်လယ်ထဲကို
လေယဉ်တင်သင်္ဘောရောက်၊ စူပါ ပါဝါဆိုလား စည်းလုံးတဲ့ မျိုးချစ်နိုင်ငံကြီးဖြစ်လာလေတော့
စူပါပါဝါတို့ ထုံးစံအတိုင်း နီးရာမြေကနေ သွေးစုပ်ကြပါတော့တယ်။ ဒါပေမယ့် သူတို့တွေက စည်းလုံးကြပါတယ်၊ သူတို့မြေကို သူတို့ချစ်ကြပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ ပြည်မှာ ကွဲပြဲနေလို့ဆိုပြီး
အိမ်စောင့်အစိုးရ၊ ဆိုရှယ်လစ်လမ်းစဉ်၊ ငြိမ်ဝပ်ပိပြားမှု့တည်ဆောက်ရေး၊ အေးချမ်းသာယာရေးနှင့်
ဖွံဖြိုးရေးကောင်စီ စသည် စသည်မှသည် ယခု ၁၉၄၈ မှ ၁၉၆၂ ကလိုမျိုး ပါတီစုံ အဖြစ် ပြန်လည်
တစ်ပတ်လည်ခဲ့ပါပြီ။ ဒီကြားအချိန်ကာလထဲမှာ အရောင်အသွေးစုံ
ဖြူ ၀ါ နီ စသည် စသည် ပေါ့လေ ကိုယ်ယုံကြည့်ချက်တွေနှင့်အတူ ကွဲလွဲခဲ့ကြပါတယ်။ ဘာဘဲဖြစ်ဖြစ် ကွဲလွဲမှု့ဆိုတာက စုစည်းမှု့ရဲ့ ပြောင်းပြန်တစ်ခုပါ။ နောက်ပြီးတော့ ၁၉၈၈၊ ၁၉၉၇ နှစ်ခုနှစ်တွေမှာ ခေါင်းဆောင်ပိုင်းတွေနှင့်
ပြည်သူတွေ ကွဲလွဲကြ အယူအဆတွေ ထိပ်တိုက်တွေ့ကြနှင့် သွေးတွေ မြေခပြီးတော့ ကျွန်တော်တို့
နိုင်ငံကြီးဟာ အင်အားချိနဲ့ခဲ့ရပါတယ်။ မည်သို့ပင်ဖြစ်ပွားခဲ့စေကာမူ
ယခု ၂၀၁၁ စက်တင်ဘာ ၂၃ ကို ရောက်ရှိလာခဲ့ပါပြီ။
ကျွန်တော်ပြောပြလိုတာက တိုင်းပြည်တစ်ပြည်ဟာ
ကြွယ်ဝဖို့ ရှေ့သို့ လှမ်းချီနိုင်ဖို့ဟာ စုစည်းမှု့ လိုအပ်ပါတယ်။ စုစည်းညီညာဖို့ဟာ ကျွန်တော်တို့ကိုယ်တိုင် ကိုယ့်တိုင်းပြည်ကို
ကိုယ်ချစ်နေဖို့လိုပါတယ်။ ကျွန်တော့်ဘေးက သူငယ်ချင်းနှင့်
ကျွန်တော် တိုင်းပြည်ကောင်းအောင်လုပ်ဖို့ဆိုတဲ့ စိတ်ကလေး တူညီနေဖို့လိုပါတယ်။ ခင်ဗျားတို့ ဘေးက သူငယ်ချင်းနှင့် ခင်ဗျားတို့ တိုင်းပြည်ကောင်းအောင်လုပ်ဖို့ဆိုတဲ့
စိတ်ကလေး တူညီနေဖို့လိုပါတယ်။ တစ်နေ့နေ့မှာ
ကျွန်တော်တို့ ပြန်ဆုံတဲ့အချိန် တွဲလက်တွေ ခိုင်မြဲနေဖို့လိုပါတယ်။ ဒီလက်တွေဘာကြောင့်တွဲရတာလဲဆိုတော့ တိုင်းပြည်ကို
ချစ်လို့၊ တိုင်းပြည်ကောင်းအောင်လုပ်ဖို့ တွဲကြတာပါလို့ အားလုံးက လက်ခံဖို့ လိုပါတယ်။
တိုင်းပြည်ကြီး ဖွံဖြိုးဖို့ဟာ နိုင်ငံတစ်ကာနှင့်
ဆက်သွယ်ပြီး ရင်းနှီမြှုပ်နှံမှု့တွေ၊ ကုန်စည် ဖလှယ်မှု့တွေကတစ်ဆင့် ကြွယ်ဝလာဖို့လိုပါတယ်။
ဒီလိုမျိုး ဆက်သွယ်ဖို့က နိုင်ငံတစ်ကာနဲ့ ယုံကြည့်မှု့ တစ်ခုတည်ဆောက်ဖို့လိုပါတယ်။ ယုံကြည့်မှု့ တည်ဆောက်ဖို့အတွက် ရိုးသားမှု့ကို အခြေပြုတဲ့
စိတ်ကလေးလိုပါတယ်။ မိမိအပေါ် မိမိ ဖြူစင်သန်းရှင်းခြင်း၊
မိမိမိသားစုအပေါ် မိမိ ဖြူစင်သန့်ရှင်းခြင်း၊ မိမိ ရပ်ကွက်၊ မိမိ ပြည်နယ်၊ မိမိ နိုင်ငံအပေါ်မှာ
ဖြူစင်တဲ့ မေတ္တာလေးတွေကို ထားတတ်ဖို့လိုပါတယ်။
မိမိပေါ်မိမိ ရိုးသားရင် တစ်ပါးသူတွေက မိမိကို ယုံကြည်လာမှာပါ။ ယုံကြည့်မှု့ဟာ
ရှေ့ကိုတစ်လှမ်းတိုးဖို့ အစွမ်းထက်လှတဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။ မည်သည့် နည်းအားဖြင့် တိုင်းပြည်ကို တည်ဆောက်သည်ဖြစ်စေ၊
ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဒီမိုကရေစီ စသည် စသည် မည်သည့်နည်းအားဖြင့် ထူထောင်သည်ဖြစ်စေ
မိမိ အကျိုးစီးပွားကို ရှေ့တန်းတင်မယ်ဆိုရင်တော့ နိုင်ငံတစ်နိုင်ငံဟာ ကြွယ်ဝလာမှာ မဟုတ်ပါဘူး။ ဆန်တစ်အိတ်ကို ၅ ဒေါ်လာနဲ့လဲ ရောင်းခဲ့တာတွေကို ထားခဲ့ပါတော့၊ ရာဘာ ခြံတွေတွေ စိုက်ဖို့ဆိုပြီး သစ်တောတွေ ပြောင်အောင်
ခုတ်ရောင်းစား၊ ပြီးတော့ ဒီအတိုင်းပစ်ထားခဲ့တာတွေလည်း ရှိခဲ့ပါစေတော့၊ ကျွန်တော်တို့ ကိုယ်ကျိုးကိုယ်ကြည့်ခဲ့ကြလို့ နိုင်ငံကြီးလည်း
နိုင်ငံတစ်ကာအလည်မှာ ၀ံဝံထည်ထည် မရှိခဲ့တာကိုလည်း ထားခဲ့ပါတော့။
မည်သည့် အသင်းအဖွဲ့၊ မည်သည့်ယုံကြည့်မှု့၊
မည်သည့်နည်းလမ်းဖြင့် လျှောက်လှမ်းခဲ့သည် ဖြစ်စေ ယနေ့တော့ မိမိတို့ရဲ့ စိတ်ကလေးတွေကို
သန့်စင်ကြပါစို့။ နိုင်ငံတိုးတက်ရေးဆိုတဲ့
နိုင်ငံအပေါ်ချစ်တဲ့၊ အမိမြေကိုချစ်တဲ့၊ အမိမြေကို
နိုင်ငံတစ်ကာအလည် ထည်ထည်ဝါ၀ါရှိစေချင်တဲ့ စိတ်ကလေးတစ်ခုကို တည်ဆောက်ပေးကြပါလို့ တိုက်တွန်းပါတယ်။ ယနေ့ တံခါးဖွင့်လှစ်လိုက်တဲ့အချိန် ထားဝယ်ဆိပ်ကမ်းလိုမျိုး
အကျိုးရှိစေမယ့် ရင်းနှီမြှုပ်နှံမှုမျိုးကို အားပေးပါတယ်။ အောင်မြင်သည်ဖြစ်စေ၊ ကျဆုံးသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ
နောက်ဆုံးမှာတော့ ရေနက်ဆိပ်ကမ်းအခွံကြီးဘဲ ကျန်ခဲ့သည်ဖြစ်စေ၊ ကျွန်တော်တို့ ဒါကြီးကို
စည်းလုံးမှု့တွေနှင့် ပြည်လည် ထူထောင်ပြီး ရေနက်ဆိပ်ကမ်း အသစ်တစ်ခု ထပ်မံမွေးဖွားလို့ရပါတယ်။ ခု ကျွန်တော်တို့ရဲ့ ဧရာဝတီ ကျွန်တော်တို့ နောက်ထပ်
အမိမြစ်တစ်စင်းကို ပေါက်တူး တစ်လက်စီနဲ့ ဖော်ဆောင်လို့ မရနိုင်ပါဘူး ခင်ဗျာ။ ပျောက်ကွယ်စေမယ့် ရင်းနှီးမြှုပ်နှံမှု့မျိုးကိုတော့
မလုပ်ကြပါနဲ့လို့ ကျွန်တော်တိုက်တွန်းလိုက်ပါရစေ။ စည်းလုံးသင့်တဲ့အချိန်မှာ နီသည်၊ ပြာသည်၊ ၀ါသည်၊
စိမ်းသည် မည်သို့ပင်ကွဲလွဲသော အရောင်ကို ယုံကြည်သည်ဖြစ်စေ လှပတဲ့ သက်တံကြီးတစ်ခု ဖြစ်ပေါ်လာစေဖို့
လက်တွဲကြပါလို့။ တိုင်းပြည်ကို ချစ်တဲ့ စိတ်ကလေးတစ်ခုတော့
လူတိုင်းမှာ ထားရှိပြီး အမြင် ကျယ်ကျယ်နှင့် လက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါရစေခင်ဗျား။
No comments:
Post a Comment