စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, September 28, 2011

ရှန်ဟိုင်းမှာ နောက်တစ်ခေါက်ထပ်ဖြစ်တဲ့ ရထားတိုက်မှု့


          မနေ့က ရှန်ဟိုင်းမြို့လည်နားမှာ ရထား ၂ စီးတိုက်မိလို့ လူ ၂၇၀ ကျော်ဒဏ်ရာရသွားခဲ့ပါတယ်။  အယောက် ၂၀ ကတော့ စိုးရိမ်ဖွယ် အခြေအနေရှိပါတယ်။ တရုတ်ပြည်ရဲ့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့ ရထားဆက်သွယ်ရေးအပေါ်ကို ပြည်သူတွေ မကျေမနပ် ဒေါသထွက်နေကြပါတယ်။  ပြီးခဲ့တဲ့ ၂ လလောက်ကလဲ ရထားနှစ်စီး ခေါင်းခြင်းဆိုင်တိုက်လို့ လူ ၄၀ လောက် မြေကြီးထဲရောက်ခဲ့ပြီးပါပြီ။
          ဒီရထားတိုက်မှု့ကတော့ ရှန်ဟိုင်း မြို့လည် ခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့ ယုယွမ်ပန်းခြံ  ရထားဘူတာရုံနားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။  နိုင်ငံပိုင် သတင်းဋ္ဌာနတွေကတော့ ဒီတိုက်ခိုက်မှု့မဖြစ်ခင်မှာ Signal ပေးပို့မှုတွေ ချို့ယွင်းခဲ့ပြီး ရထားမောင်းသမားက တယ်လီဖုန်းနှင့်တစ်ဆင့် ရထားကို ဖြေးဖြေးလေးဘဲ မောင်းခဲ့တယ်လို့ဆိုပါတယ်။ (သြော်… ဒါကြောင့်လည်း တိုက်မိတာ မဆန်းပါဘူး)

          ဆင်ဟွာက တာဝန်ရှိသူတွေကတော့ ထိခိုက်မှုတွေက ပွန်ပဲ့ရုံ၊ ကျိုးကြေယုံ လောက်သာရှိတယ်လို့ဆိုပြီး ဘယ်သူမှ အသက်အန္တရာယ်ထိခိုက်နိုင်လောက်အောင် မစိုးရိမ်ရပါဘူးတဲ့။  လူယောက် ၁၈၀ လောက်ကတော့ ဆေးရုံပေါ်ကနေ ဆင်းနိုင်ကြပါပြီလို့ ဆိုပါတယ်။  Routers ရဲ့ အဆိုကတော့ အရေးပေါ်ယာဉ်တွေဟာ အလျှင်အမြန်ပဲ ဒဏ်ရာရသူတွေကို ဒီရထားလမ်းကနေ ထွက်နိုင်အောင် ကယ်ဆယ်ကြတယ်လို့ ဆိုပါတယ်။
          အသက် ၂၃ နှစ်အရွယ်ရှိ ရှန်ကျွန်းဆိုတဲ့ ရထားပေါ်ပါလာတဲ့ ခရီးသည်ကတော့ ဟောဒီမှာကြည့် သွေးတွေ၊ အကုန်လုံး ထိခိုက်ကုန်တာဗျ၊ ကြည့် ကျွန်တော့်ကိုယ်ပေါ်မှာရော၊ လက်မောင်းမှာရော” လိုပြီး သူ့ အင်္ကျီကို လက်ညှိုး တစ်ထိုးထိုးနဲ့ ပြောတယ်လို့ ဆိုပါသတဲ့။ 
          လောလောဆယ်မှာတော့ ပါဝင်သူတွေဟာ ဟိုဘက်ဒီဘက် လက်ညှိုးတွေထိုးရင်း ပွစိ ပွစိပြောနေကြတာကို သတင်းထဲမှာ ဖတ်လိုက်ရပါတယ်။
အပြည့်အစုံ ဖတ်ချင်ရင်တော့ ဟော့ဒီ Linkကိုသာ သွားကြည့်ကြပါတော့ ခင်ဗျာ။





Source : (Yahoo News)

4 comments:

  1. အင်းလေ........ ဘာမှ ဖြစ်တာ မှ မဟုတ်တာ တရုတ်ပြည်လူဦးရေ သန်းပေါင်းများစွာထဲက လူလေး ၂၀၀ လောက် ကျိုးပဲ စုတ်ပြတ်သွားတာ လောက်ပဲဟာ နောလို့ ။

    တရုတ်တွေက သူရဲကောင်းတွေဆိုတော့ စီးချင်းထိုးတာ ၀ါသနာ ပါပုံရပါတယ်။ ဟိုတစ်ခါတုန်းက ရထားချင်း စီးချင်းထိုးတာ လူတွေက လျောက်ပြောလို့ ခုတစ်ခါ နောက်ကနေ အလစ်ဝင် ဆော်တာ...။

    သူရဲကောင်းတရုတ်တွေပါဗျာ။ :D :D :D

    ReplyDelete
  2. ဟုတ်ပ လူလေး ၂၀၀ ယောက်ကိုဘဲ ပွစိပွစိလုပ်နေကြသေတယ်။ မော်စီတုန်းကြီးတုန်းက သန်း ၃၀ ကျော် သမလိုက်တာတောင် ခပ်ပြုံးပြုံးကြီး။ လောလောဆယ်တော့ ဘုရားများများ ရှိခိုးနေပါတယ်ခင်ဗျာ.... ဒီက ဟာတွေက ဘာမှန်းမသိ ညာမှန်းမသိတော့ ဘုရားတရားမြဲသဗျ။

    ReplyDelete
  3. အောင်မလေး စိတ်မကောင်းဖြစ်ပြီးဖတ်နေတာကို သူတို့နှစ်ယောက် ကွန်းမန့်မြင်မှပဲ အော်ကိုရီသွားတော့တယ် ဟဟဟဟဟ

    မဒိုးကန်

    ReplyDelete
  4. လူ ၂၀၀ လောက်ကိုရေးကြီးခွင်ကျယ်လုပ်နေတယ်ဆိုတော့
    သူတို့တိုင်းပြည်က ပြည်သူတွေကိုတန်ဖိုးထားလို့ပေါ့နော်.....
    အဲဒီ လူ ၂၀၀ လဲ ခံစားတတ်တဲ့ လူတွေပါပဲ။
    ခင်မင်တဲ့ jasmine

    ReplyDelete