စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, September 26, 2011

ကမ္ဘာ့ အရှည်ဆုံးကြောင်


          Mymains Stewart Gilligan (Stewie လို့အတိုကောက်ခေါ်တဲ့) ကြောင့်ကြီးဟာ သူနာမည်နှင့် လိုက်အောင်ကို အလျှားရှည်လို့ ကမ္ဘာ့အရှည်ဆုံးကြောင်အဖြစ် ဂင်းနစ်မှတ်တမ်း ၂၀၁၂ မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။  အသက် ၅ နှစ်ရှိပြီဖြစ်တဲ့ အဆိုပါကြောင်ကြီးဟာ ၂၈.၅ လက်မ (၁၂၃ စင်တီမီတာ) ရှည်လျှားပါသတဲ့။
          သူ့သခင် ရောဘင် ဟန်ဒရစ်ဆန် ပြေပြချက်အရတော့ “ဒီကြောင်ကြီးကို စမွေးတုံးက ပုံမှန် ကြောင်တစ်ကောင်အရွယ်ပါဘဲ။ ဒါပေမယ့် ဘယ်လိုဖြစ်ပြီးတော့ ဒီလောက်ကြီးပြီးရှည်လာသလဲဆိုတာကိုတော့ မသိပါဘူး” လို့ ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်း အဖွဲ့ကြီးကို ပြောပြသွားပါတယ် အောက်က YouTube မှာတော့ ဒီကြောင်ကြီး ဘယ်လောက်ရှည်သလဲဆိုတာကိုသာ ကြည့်ကြပါတော့။

Source : (Link)

7 comments:

  1. အောင်မလေး ချစ်လိုက်တာနော် ချစ်စရာကောင်းလိုက်တာဟယ်
    ဘယ်ကများရှာရှာဖွေဖွေတင်ပါလိမ့်နော်း)

    ReplyDelete
  2. သခင်ရဲ့ခါးတစ်ဝက်လောက်ထိတောင်ရှည်တယ်နော်း)
    မျှဝေပေးတာကျေးဇူးပါ AH ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အနတီတင့်

    ReplyDelete
  3. ကိုရင့်ကို တစ်ကောင်လောက်ဝယ်ခိုင်းပြီး မွေးပေါ့ မဒမ်ရဲ့ :)

    ReplyDelete
  4. လာလည်တဲ့ အန်တီတင်ကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။ အန်တီတင့်လည်း ချမ်းမြေ့ပါစေ ခင်ဗျာ။

    ReplyDelete
  5. သူ့အမြီးက ချစ်စရာအကောင်းဆုံးပဲ... :D :D

    ReplyDelete
  6. အိမ်ကလူလေးကိုတော့အဲဒီကြေင်မျိုးတစ်ကောင်တော့
    ရှာဝယ်ခိုင်းရမယ်.....
    လှမှလှနော်...

    ReplyDelete
  7. Candy နဲ့ Jasmine ရေ... အိမ်ကလူတွေကို အဲလို ကြောင်မျိုးသာ ၀ယ်ပေးဖို့ ပူဆာပေတော့ :)

    ReplyDelete