စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, September 14, 2011

First customer in six years completes The Big One fry-up challenge


          ဒါကတော့ ကော်ဘီမြို့ကလေးရဲ့ “Hungry Hossee Café” လို့အမည်ရတဲ့ ဆိုင်ကလေးရဲ့ စားသောက်စာရင် မီနူးမှာ ကြော်ငြာထားတဲ့ ကုန်အောင်စားနိုင်ရင် အလကားစားသွား၊ မကုန်ရင် ၁၂ ပေါင်ပေးဆိုတဲ့ “The Big One fry-up” လို့ခေါ်တဲ့ မနက်စာဖြစ်ပါတယ်။  ဆိုင်သက်တမ်း ၆ နှစ်အတွင်းမှာ “The Big One fry-up” ကို ဘယ်သူမှ ကုန်အောင်မဖြိုနိုင်ခဲ့ပါဘူး။  ဆိုင်ကလေးရဲ့ နံရံတွေမှာ ၆နှစ်တာကာလအတွင်း စားခဲ့တဲ့ လူ ၆၀ ရဲ့ ဓာတ်ပုံတွေကို ချိတ်ဆွဲထားပါတယ်။ 
          ဒါပေမယ့် စတိဗ့် မက်ဂီ ဆိုတဲ့ အသက် ၂၉နှစ်အရွယ် လူငယ်တစ်ယောက်ကတော့ ဒီ ၆ နှစ်တာအတွင်းမှာရှိတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။  သူဟာ ဒီ “The Big One fry-up” ကို ကုန်အောင်စားဖို့ ၁နာရီနဲ့ မိနစ် ၂၀ စားသောက်ခဲ့ရပါတယ်လို့ ဆိုပါတယ်။ 
စတိဗ့်ပြောတာကတော့ “ကျွန်တော်ဟာ မနက်စာကို အများကြီး စားသောက်လေ့မရှိပါဘူး။  ဒါပေမယ့် ဒီစိန်ခေါ်မှု့ကို ကြိုက်လို့ တစ်ပန်းကန်လုံး ကုန်အောင် စားပစ်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ဆိုပါတယ်။ ဆိုင်ပိုင်ရှင်ကတော့ “ကဲ အခုဆိုရင် ကုန်အောင်စားနိုင်တဲ့လူပေါ်လာပြီဆိုတော့ နောက်ထပ်ချိုးရမယ့်စံချိန်က ဘယ်လောက်မြန်မြန်နဲ့ ကုန်အောင် စားနိုင်မယ်ဆိုတာပါဘဲ” လို့ ပြောသွားပါတယ်။
          ဒီ မနက်စာမှာ ၀က်အူချောင်း ၃ခု၊ ကြက်ဥကြော် ၃ ခု၊ အာလူး ဝေဖာအကြော် ၃ ခု၊ အာလူးနှင့် ဂျုံ နို့ဆီရောပြီး ဖုတ်ထားသော ကိတ်မုန့် ၃ခု၊ ပဲ ၃မျိုး၊ ၀က်သားလွှာ ၃ခု၊ ဟမ်ဘာကာ ၃ခု၊ hash brown လို့ခေါ်တဲ့ တြိဂံပုံ အာလူးကပ်သလိပ် ၃ခု၊ ပူဒင်း ၃ခု၊ မှို ၃မျိုး၊ လေးဒေါင့် အစာသွတ် အသား ၃ခု၊ ပေါင်မုန့်ကြော် ၃ ချပ်၊ ပေါင်မုန့် ထောပတ်သုတ် ၃ခု၊ ပေါင်မုန့် မီးကင် ၃ ခု ပါဝင်ပါတယ်တဲ့။
          ဒီ မနက်စာဟာ ၆.၆ ပေါင် အလေးချိန်ရှိပြီး သင့်ကုန်အောင်စားမယ်ဆိုရင် ၇၅၀၀ ကယ်လိုရီ စွမ်းအင် ရရှိမှာဖြစ်ပါတယ်။  ဒါပေမယ့် ဒီ ကယ်လိုရီတွေကို ကုန်အောင်ခြေဖျက်ဖို့ဆိုရင်တော့ စက်ဘီးကို ၁၀နာရီခွဲလောက်စီးချင်ရင်စီး ဒါမှမဟုတ်ရင်တော့ ၂၁နာရီလောက် အိမ်ကို သန့်ရှင်းရေးလုပ်မှ ဒီ ကယ်လိုရီတွေကို ကုန်အောင် လောင်ကျွမ်းစေမှာဖြစ်တယ်လို့ ဆိုပါတယ်။  
Link : 1

1 comment:

  1. ကယ်လိုရီ အဲလောက်တက်အောင်တော့ မစားပါရစေနဲ့ ၂၁နာရီ အိမ်သန့်ရှင်းရေး လုပ်ရမှာ ကြောက်လို့ :D

    ReplyDelete