စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, September 25, 2011

လံကျုပ် လူသတ်မှု့ကြီး


ပါးစပ်ကို အ၀တ်နှင့်စည်း၊ ဓားတစ်လက်ကိုရင်မှာစိုက်၊ သွေးအလိမ်းလိမ်းနှင့် ဒီဓာတ်ပုံကိုကြည့်ရင် ဒီသူငယ်မလေးဟာ ရက်ရက်စက်စက် ကို အသတ်ခံထားရတယ်လို့ ထင်နိုင်ပါတယ်။  ဒါပေမယ့် အဖြစ်မှန်ကတော့ ဒီလိုမဟုတ်ပါဘူး။  ဒီမိန်းကလေးရဲ့နာမည်က အိုင်ရန်နီဒက်စ် အာရူဂျို (Iranildes Araujo) လို့ခေါ်ပါတယ်။ 
          ဇာတ်လမ်းလေးကဒီလိုခင်ဗျ - မာရီယာ စီမိုး (Maria Simoes) လို့ခေါ်တဲ့ အမျိုးသမီးဟာ သူယောင်္ကျားနှင့် အာရူဂျိုတစ်ယောက် တိတ်တိတ်ပုန်းခုတ်နေတယ်လို့ ထင်တဲ့အတွက် ကားလို့စ် ဒီ ဂျီးဆက်စ်(Carlos de Jesus) ကို ငွေ ၃၄၅ ပေါင် ပေးပြီး သတ်ခိုင်းပါသတဲ့။ ဒီသကောင့်သား ကားလိုစ့်ဟာ အာရူရိုကို သတ်ဖို့အသွား တွေ့တွေ့ခြင်း မေတ္တာသက်ဝင် ချစ်ခင်သွားပါသတဲ့။  ဒါနဲ့ပဲ အသွားစေခိုင်းသူ မာရီယာ၊ ယူထားတဲ့ပိုက်ဆံ ၃၄၅ ပေါင်နှင့် သတ်မည့် ဂျိုးဆက်သည် လံကျုပ် လူသတ်မှု့ကြီးကို ဓာတ်ပုံရိုက်ပြီး မာရီယာ အလုပ်ရှင် မာရီယာကို သတ်ပြီးကြောင်း အစီရင်ခံလိုက်တော်မူပါသတဲ့။
          အာရူဂျိုပြောပုံအရတော့ “ကျွန်မ၀တ်ထားတဲ့ အကျီင်္ကို ဖြဲ၊ နံဘေးမှာ ဓားတစ်ချောင်းစိုက်၊ ကားလိုစ့်က ကျွန်မကို ကြိုးချည်ပေး၊ နောက်တော့ ငရုပ်ဆီ (ခရမ်းချဉ်သီး အချဉ်ရည်) တွေနှင့် သုတ်ပြီးတော့ ဓာတ်ပုံရိုက်လိုက်တာလေ”
          ဒါပေမယ့် ၃ ရက်အကြာ မှာ မာရီယာဟာ ထိုလံကျုပ်စုံတွဲနှစ်ယောက် အနမ်းချွေနေကြတာကို လက်ပူးလက်ကြပ်မိပါသတဲ့။  ဒါနဲ့ဘဲ မကျေမနပ်ဖြစ်ပြီးတော့ ရဲစခန်းကိုသွား သူမပိုက်ဆံကို ပြန်လိုချင်တယ်ဆိုပြီး အမှု့ဖွင့်ပါသတဲ့။
          ဘရာဇီးရဲတပ်ဖွဲ့ရဲ့ အဆိုအရ ကားလိုစ့်နှင့် အာဂျူရိုတို့ အတွဲကို ငွေလိမ်လည်မှု့နှင့်တရားစွဲဆိုထားပြီး မာရီယာကိုတော့ လူသတ်ရန် ညွှန်းကြားမှု့ဖြင့် တရားစွဲဆိုထားတယ်လို့ဆိုပါတယ်။
          သြော်… ကမ္ဘာကြီးလည်း ပျက်စီးလာလိုက်တာ လူတွေလည်း အရူးတွေဖြစ်ဖြစ်လာပါလားနော်။


Source : (Link)

4 comments:

  1. ဟားဟား... ဟုတ်ပါ့.. ရှုပ်နေတာပဲ... :D

    ReplyDelete
  2. ကောင်းတယ် ဇတ်လမ်းလေးတိုပေမယ် အနှစ်သာရရှိတယ်

    ReplyDelete
  3. အာ..တော်တော်ဆိုးဆိုးတွေပဲ ..ပုံမြင်တော့လန့်သွားတား)

    ReplyDelete
  4. Candy > ဟုတ်ပ ရှုပ်ရှက်ကိုခတ်နေတာဘဲ
    မောင်မောင် > လာလည်တဲ့အတွက် ကျေးဇူးပါ
    မဒမ်ကိုး > မလန့်ပါနဲ့ မမြ၀င်းရယ် ဗိုလ်အောင်ဒင် ကနောက်ယုံနောက်တာပါ ဟွင်း ဟွင်း ဟွင်း

    ReplyDelete