စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, September 24, 2011

Wat Rong Khun - ငွေကျောင်းဆောင်


Wat Rong Khun (၀က်ရောင်ခွန် လို့ အသံထွက်မယ်လို့ထင်ပါတယ်) - ဒီကျောင်းဆောင်ဟာ ထိုင်းနိုင်ငံ၊ ချိုင်းရိုင် (Chiang Rai) မှာတည်ရှိပြီးတော့ ဗုဒ္ဓ ဘာသာ ကျောင်းဆောင်တစ်ခုဖြစ်ပါတယ်။  ထူးခြားချက်ကတော့ ဒီကျောင်းဆောင်ဟာ အဖြူရောင် တစ်မျိုးတည်းနှင့်ဘဲ တည်ဆောက်ထားခြင်းဖြစ်ပြီး မှန်များနှင့်ပါ ရောစပ်တည်ဆောက်ထားခြင်းပါတယ်။  ဒီကျောင်းဆောင်ဟာ ဆောက်လုပ်ဆဲ ကျောင်းဆောင်တစ်ခုဖြစ်ပြီးတော့ ဒီဇိုင်နာ Chalermchai Kositpipat ဆိုသူက ၁၉၉၇ မှာ စတင်တည်ဆောက်ခြင်းဖြစ်ပါတယ်။
အဖြူရောင်ရဲ့ အဓိပ္ပာယ်ကတော့ မြတ်ဗုဒ္ဓ ရဲ့ အတုမရှိ သန့်စင်မှု့ကို ဖော်ညွှန်းတာဖြစ်ပါတယ်။  မှန်သားတွေ ထည့်သွင်းတည်ဆောက်ခြင်းရဲ့ အဓိပ္ပာယ်ကတော့ မြတ်ဗုဒ္ဓ ရဲ့ သစ္စာလေးပါ မြတ်တရားတို့ကို ကိုယ်တော်တိုင်ဖောက်ထွင်းသိမြင် တုမမြင်တဲ့ ဥာဏ်တော်ကို ရည်စူးတယ်လို့ ဆိုပါတယ်။  မှန်တို့ရဲ့ တစ်လက်လက်တစ်ဖိတ်ဖိတ်တောက်ပြောင်သကဲ့သို့ပင် မြတ်ဗုဒ္ဓ ၏ အသိဥာဏ်တို့သည် ကမ္ဘာတစ်ဝှမ်းသာမက စင်္ကြာဝဋ္ဌာ အနန္တအထိပါ ကွန့်မြူးယိုဖိတ် တစ်လက်လက် တောင်ပြောင်စေတဲ့ သဘောကို ရည်ညွှန်းပါတယ်တဲ့။
ကျောင်းဆောင်မှာရှိနေတဲ့ တံတားလေးကတော့ သစ္စာလေးပါမြတ်တရားတို့ကို နှလုံးသွင်းရာအမှန် မြတ်နိဗ္ဗာန်ကို မဂ္ဂင်ဖောင်စီးကာ အရောက်လှမ်းကြွခဲ့တဲ့ မြတ်ဗုဒ ကိုရည်ညွှန်းတယ်လို့ဆိုပါတယ်။  တံတားကို မရောက်ခင်မှာရှိတဲ့ စက်ဝိုင်းခြမ်းကလေးကတော့ လူဘ၀ကို ရည်ညွှန်းပါတယ်။  ကြောက်မက်ဖွယ် လက်များ၊ အစွယ်များနှင့် ပြည့်နှက်နေသော စက်ဝိုင်းအကြီးကတော့ ငရဲ ကိုသော်လည်းကောင်း၊ ဒုက္ခသစ္စာကိုသော်လည်းကောင်း ရည်ညွှန်းပါတယ်တဲ့။
ကျောင်းဆောင်ရဲ့ အခန်းထဲကိုတော့ ရွှေရောင်ခြယ်သထားပြီး နံရံလေးဖက်၊ မျက်နှာကျက်နှင့် ကြမ်းခင်းတွေမှာ အ၀ိဇ္ဖာ၊ တဏှာ၊ ကိလေသာ ရာဂတွေက ကင်းလွတ်ရာ အမှန်နိဗ္ဗာန်ကို ရည်ညွှန်းတဲ့ ပန်းချီတွေ ခြယ်သထားတယ်လို့ဆိုပါတယ်။ မျက်နှာကျက်မှာတော့ ပထ၀ီ၊ တေဇော၊ ၀ါရော နှင့် အာပေါဆိုတဲ့ ဓာတ်ကြီးလေးပါးကို ကိုယ်စားပြုထားတဲ့ တရိစ္ဆာန် အရုပ်လေးမျိုးကို ဖော်ညွှန်းထားတယ်လို့ဆိုပါတယ်။  ဆင်ဆိုတာဟာ မြေကြီးကိုယ်ကိုယ်စားပြုပါတယ်တဲ့။  နဂါးဟာ ရေကို ကိုယ်စားပြုပါတယ်။  ငန်းငှက်ကတော့ လေကို ကိုယ်စားပြုပြီး ခြင်္သေ့ကတော့ မီးကိုယ် အသီးသီး ကိုယ်စားပြု ဖော်ညွှန်းပါတယ်တဲ့။
ဒါအပြင် လာလည်မယ့်သူတွေဟာ ထူးခြားဆန်းကြယ်တဲ့ ဇတ်ကောင်တွေဖြစ်တဲ့ ဟောလီဝုဒ် ဇတ်ကောင်တွေဖြစ်တဲ့ Spiderman, Batman ဆန်ဆန်ကဲ့သို့သော ဇတ်ကောင်တွေကိုလည်း ဒီဘုရားကျောင်းမှ တွေ့မြင်နိုင်ပါသေးသတဲ့။  ပင်လယ်ပြင်ကိုဖော်ညွှန်းထားတဲ့ ရေပြင်ဟာ ဒီကျောင်းဆောင်ရဲက တံတားလေးအထိရောက်ရှိပြီ ကြောက်မက်ဖွယ်ကောင်းတဲ့ အရိုးခေါင်းတွေကိုလဲ တွေမြင်နိုင်ပါတယ်တဲ့။
          ၁၉၉၇ ခုနှစ်မှာ Chalermchai Kositpipat ဟာ မြတ်စွာဘုရားကို ရည်စူးပြီးတော့ ဒီကျောင်းဆောင်ကို သူ့ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်ပြီးတော့ စတင်တည်ဆောက်ခဲ့ပါတယ်။  ဒါပေမယ့် နောက်ပိုင်းမှာတော့ ပြည်တွင်းမှာရှိတဲ့ ထိုင်းလူမျိုးတွေရော၊ နိုင်ငံခြားသားတွေပါ ဒီကျောင်းဆောင်ကို စိတ်ဝင်တစားလာရောက်လည်ပတ်တာစေရန်အတွက်ပါ ဆောက်လုပ်ပါတယ်တဲ့။
ဒီနေ့ဒီအချိန်မှာတော့ Wat Rong Khun ကျောင်းတော်ဟာ ဆက်လက် ဆောက်လုပ်နေဆဲဖြစ်ပြီး စုစုပေါင်း အဆောက်အဦး ၉ ခုကို တည်ဆောက်မှာဖြစ်ပါတယ်။  ဒါ ကိုးခုကတော့ ubosot လို့ခေါ်တဲ့ ငွေကျောင်းဆောင်၊ မြတ်စွာဘုရား၏ ဓာတ်တော်မွေတော် ဋ္ဌာပနာတိုက်၊ မြတ်စွာဘုရားရုပ်ပွားတော်များနှင့် ပန်းချီကားများ ထားရှိဟာ အခန်း၊ ဓမ္မာရုံ၊ ကျမ်းစာတိုက်၊ ရဟန်းန္တာများရဲ့ ဓာတ်တော်တိုက်၊ မုဒ်ဦး၊ ပြတိုက်နှင့် ရေအိမ် (toilets) များပါရှိမှာဖြစ်ပါတယ်။
တစ်ခါမှ မရောက်ဘူးလို့ အခွင့်အရေးကြုံရင်တော့ တစ်ခေါက်လောက်တော့ သွားပြီး ဖူးမြော်ချင်ပါသေးတယ် ခင်ဗျား။









No comments:

Post a Comment