စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, September 12, 2011

Fly Geyser - သဘာဝ ရေပန်းများ

ဒီတစ်ခါတော့ Fly Geyser လို့ခေါ်တဲ့ ထူးဆန်းတဲ့ နေရာလေးတစ်ခုအကြောင်း ပြောချင်ပါတယ်။  Fly Geyser (ဖလိုင်းဂေးဆာ) ကို Fly Ranch Geyser လို့လဲ ခေါ်ကြပါတယ်။  ဒီနေရာလေးဟာ သဘာဝရဲ့ အံသြဖွယ်ကောင်းတဲ့ နေရာလေး တစ်ခုလည်း ဖြစ်ပါတယ်။  ဒီနေရာလေးဟာ နီဗားဒါးပြည်နယ် ရဲ့ Washoe County နားမှာရှိပါတယ်။  ဒီနေရာလေးကို အခုလောလောဆယ် Todd Jaksick (တော့ဒ် ဂျက်ဆစ်) လို့ ခေါ်တဲ့လူက ပိုင်ဆိုင်တာပါ။  ဒီလိုထူးဆန်းတဲ့ မြေအောက်ကရေတွေဟာ သူ့ဟာသူ ပန်းထွက်လာတာတော့ မဟုတ်ပါဘူး။  တိုက်ဆိုင်မှု့တစ်ခုလို့ ပြောရမလိုပါဘဲ။
 ၁၉၁၆ ခုနှစ်တုန်းက ဒီနေရာမှာ ရေတွင်းအဖြစ်သုံးဖို့ တွင်းတူးခဲ့ကြပါတယ်တဲ့။  တွင်းတူးပြီးတော့ နှစ်ပေါင်းများစွာ ကြာတဲ့အထိ ဒီရေတွင်းဟာ ကောင်းကောင်းမွန်မွန်ဘဲ ရေခပ်ယူနေလို့ရပါတယ်တဲ့။  ဒါပေမယ့် ၁၉၆၀ နှစ်ဝန်းကျင်မှာတော့ ကမ္ဘာ့မြေလွှာ ပူပြင်း လာတဲ့အတွက် ရေတွေဟာ တွင်းဝကနေလျှံကျလာပါတော့တယ်။  ဒီအပြင် မြေလွှာထဲက အခြားသော ပျော်ဝင်နေတဲ့ တွင်းထွက် သတ္တုတွေပါ လျှံကျလာတာကြောင့် ဒီတွင်းထွက် သတ္တုတွေက ရေတွင်းကို တဖြည်းဖြည်းဝါးမျိုသွားပြီး ရေတွင်းရဲ့ နံရံဟာလဲ တစ်ဖြည်းဖြည်းမြင့်တက်လာတာ ယနေ့တွေ့မြင်နေရတဲ့ အတိုင်းပါဘဲ။  ခုဒီပုံမှာ မြင်တွေ့နေရတဲ့ အတိုင်းကို ရေတွေဟာ ၅ မီတာလောက်အထိပန်းထွက်နေတာကို တွေ့ရမှာပါ။  
                 ဒီနေရာကို ပိုင်ဆိုင်တဲ့ ပိုင်ရှင်ဟာ လာရောက်လည်ပတ်မည့် ခရီးသွားတွေကို လည်ပတ်ခွင့် မပြုဘူးလို့ဆိုထားပါတယ်။  ဒီနေရာကို လေ့လာချင်တဲ့ သိပ္ပံ ပညာရှင်တွေ၊ ဓာတ်ပုံပညာရှင်တွေ ဆိုရင်လည်း  လာမလည်ခင် ရက်သတ္တပတ်ပေါင်းများစွာကတည်းက ကြိုတင် ဘွတ်ကင်လုပ်ထားရပါသတဲ့။ 

Link : 123

No comments:

Post a Comment